ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အဆိုတော် ဇေယျာသော် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်ကနေ၀င် ပြိုင်မှာပါ။ အဲဒီအတွက် ခရိုင်ကော်မရှင်ရုံးကို ဇန်န၀ါရီနောက်ဆုံးပတ်ထဲမှာ အဆိုပြုလွှာ သွားတင်မှာပါ။ အခု လောလောဆယ်မှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဖို့ အခွင့်မရှိသေးတာကြောင့် ၀င်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘာမှမပြောချင်သေးပါဘူး” ဟု ဇေယျာသော်က ဆိုပါသည်။

ဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ဇေယျာသော်ဝင် ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိ ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦး သည်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဇေယျာသော်ကို ပါမောက္ခ ဒေါက်တာမြသော်နှင့် ဒေါက်တာ ခင်ဝင်းမေတို့မှ ၁၉၈၁ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ ဖြိုးဇေယျာသော်ဖြစ်ပြီး အင်္ဂလိပ်စာအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ဇေယျာသော်သည် ၁၉၉၇ ခုနှစ်၌ ဒီဂျေဖြင့် အနုပညာရပ်ဝန်းတွင် စတင်အခြေချခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင်  ACID ဂီတလောကတွင်စတင်အောင်မြင်လာခဲ့သည်။

၂၀၀၈ ခုနှစ် မတ်လ ၁၃ ရက် နေ့တွင် တရားမ၀င် အသင်းဖွဲ့စည်းမှု၊ နိုင်ငံခြားငွေကိုင်ဆောင်မှု စသည့် ပုဒ်မများဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ကော့သောင်း အကျဉ်းထောင်တွင် လေးနှစ်ပြစ်ဒဏ်ဖြင့် ကျခံရစဉ် ၂၀၁၁ ခုနှစ်၊ မေလအတွင်း ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ကြေညာချက်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

မြန်မာပြည်၏ အနုပညာရှင်အားလုံးနီးပါး ပူးပေါင်းပါဝင်ကူညီမည့် အကြီးကျယ်ဆုံး ရန်ပုံငွေ ပွဲတော်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ယက်မှ ဦးဆောင်၍ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမ ၌(၃၀.၁၂.၂၀၁၁)နှစ်သစ် ကူးအကြို ညချမ်း တွင် ခန်းနားကြီးကျယ်စွာကျင်းပပြုလုပ်ပါမည်။မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဘူးသေးသော နိုင်ငံကျော် အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင်ကူညီ သီဆိုဖျော်ဖြေ လှူဒါန်းကြမည့် ပညာရေး ရန်ပုံငွေပွဲတော်ကြီးဖြစ်ပါသည်။

( ၃၀.၁၂.၂၀၁၁ ) နေ့ မနက်( ၉း၀၀) နာရီမှစတင်၍ MCC ၀င်း အတွင်း ပညာရေးကွန်ယက်နှင့်ဆက်သွယ် ဆောင်ရွက် နေကြသော ပညာဒါနကျောင်းများ၊ လူမူရေးအသင်း အဖွဲ့ များ၊ ကျန်းမာရေးကူညီပေးနေသည့် အဖွဲ့  အစည်းများမှ ဆိုင်ခန်းပေါင်း ( ၆၀ ) ကျော်ဖွင့်လှစ်၍ လူသုံးကုန် ပစ္စည်း များ၊ အမှတ်တရပစ္စည်းများ၊ အစား အသောက်များကို မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်မှာဖြစ်ပြီး ရရှိလာမည့် အမြတ်ငွေအား လုံးကိုပည်ထောင်စု တိုင်းရင်းသားဒေသများတွင် ပညာရေးမြှင့်တင်ဆောင်ရွက် ပေးရန်အတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ်။ ဂီတဖျော်ဖြေပွဲ လက်မှတ်များကိုလည်း အောက်ပါနေရာများတွင်စတင်ရောင်းချပေးနေပါပြီး။

( ၁ ) အမေ့သားဆန်ဆိုင်(၂၄၇)ဗိုလ်ချုပ်လမ်း၊လမ်း(၄၀) နှင့် ဗိုလ်အောင်ကျော်လမ်းကြား။

( ၂ ) အမိုင်တူရိယာပစ္စည်းအရောင်းဆိုင်၊(၁၃၈)လသာလမ်း၊အထက်ဘလောက်။

( ၃ ) NLD ရုံချုပ်၊ ရွှေဂုံတိုင်၊

( ၄ ) Morning Star လ္ဘက်ရည်ဆိုင်( တိရိစ္ဆာန်ရုံ )

( ၅ ) Morning Star လ္ဘက်ရည်ဆိုင်( ဦးချစ်မောင်လမ်း)

( ၆ ) Morning Star လ္ဘက်ရည်ဆိုင်( တော်ဝင်စင်တာ )

လက်မှတ်တန်ဘိုးများမှာ၊ ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀၊ ၅၀၀၀ကျပ်သတ်မှတ်ထားပါတယ်။ လက်မှတ်ရောင်းရငွေအားလုံးကိုလည်း ပြည်ထောင်စုတိုင်းရင်းသားများပညာရေးအတွက် အနုပညာရှင်များမှ ၀မ်းမြောက်စွာလှူဒါန်းကြမှာဖြစ်ပါတယ်။

( ၃၀.၁၂.၂၀၁၁ ) ညနေ ( ၃း၃၀ ) နာရီအချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ဂီတဖျော်ဖြေပွဲ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပညာရေးရန်ပုံငွေပွဲ အဖွင့် မိန့် ခွန်းပြောကြမှ ဖြစ်ပါတယ်။ မိဘပြည်သူအပေါင်းမှလည်း ရန်ပုံငွေပွဲတော်သို့ ကြွရောက်၍ အားပေးကြပါရန်ဖိတ်ကြားအပ်ပါသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ပွဲတော် ကျင်းပရေးကော်မတီ

ယခုတစ်ပတ်တွင်တော့ ရွှေလုံးပရိသတ်ကြီးအတွက် ယနေ့ မြန်မာ့ဂီတလောကတွင် အောင်မြင်နေသည့် တေးသီချင်းများအား ဖန် တီးပေးခဲ့သူ၊ မာနမကြီးဘဲ အေးအေးဆေးဆေး နေတတ်သည့် လူငယ်တေးရေးဆရာ တစ်ဦးဖြစ်သည့် ကိုကမ္ဘာအား သွား​ရောက် မးမြန်းခဲ့ပါသည်။ ကိုကမ္ဘာသည် တေးဆို G-လတ်၏ အောင်မြင်နေသည့် တေးသီချင်းများကို ရေးပေးနေသူဖြစ်သလို၊ G-လတ်၏ ညီ အရင်းတစ်ယောက်လည်းဖြစ်ပြီး NC-13 တီးဝိုင်း၏ လိဒ်ဂစ်တာသမားလည်းဖြစ်ပါသည်။ ကိုကမ္ဘာ၏ ရင်တွင်းစကားများကို မျှဝေ တင်ဆက် လိုက်ရပါသည်။

Read the rest of this entry »