Hiphop ပွဲ ရန်ပုံငွေပွဲမှ ရရှိသောငွေများဖြင့် တည်ဆောက်ထားသော ကျောင်းဆောင်ပေးအပ်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို မတ်လ ၃၀ရက်နေ့တွင် ပြုလုပ်မည်။

Posted: March 31, 2009 in News, Uncategorized

မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှကြီးမှူး ကျင်းပခဲ့သော ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုဖြစ်သည့် Hiphop ဂီတပွဲတော်မှ ရရှိသောငွေများ ဖြင့်တည်ဆောက်ထားသော မူလတန်းကျောင်းဆောင်သစ်အားတာဝန်ရှိသူများကို လွှဲပြောင်းခြင်းအခမ်းအနားနှင့် ဒေသခံပြည်သူများအား အခမဲ့ဖျော်ဖြေခြင်းကို မတ်လ၃၀ရက်နေ့ တွင်

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်အရှေ့ပိုင်း မြို့မအမကကျောင်းဆောင်တွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါအစီအစဉ်သို့ Hiphop ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုခဲ့သူများ ၊ကရုဏာသံစဉ် (မန္တလေး) တွင်ပါဝင်သီဆိုတီးခတ်ကြသူများနှင့် ဂီတအစည်းအရုံးမှ တာဝန်ရှိသူများတို့ ပါဝင်ကြမည်ဖြစ်ကြောင်းသိရှိရသည်။

“Hiphop ပွဲက သိန်း၁၂၀ ရတယ်။ အဲဒီငွေရယ် ကရုဏာသံစဉ် ပွဲတော်ကကျန်တဲ့ သိန်း၃၀ ရယ် ပေါင်းပြီး.. မုန်တိုင်းမှာ ပျက်ဆီး သွားတဲ့ အမကကျောင်းကို ဖြိုဖျက်ပြီးအသစ်တည်ဆောက်ခဲ့ပါတယ်..။
အခုအားလုံးပြီးဆီးပြီမို့ ကျောင်းဆောင်သစ်ကို တာဝန်ရှိသူတွေထံ အပ်နှံမှာဖြစ်ပါတယ်..။ ညနေ ၂နာရီကနေ ညနေ၅နာရီအထိ အဆိုတော်တွေက တီးဝိုင်းနဲ့ ဒါမှမဟုတ် CD နဲ့အတူဖျော်ဖြေကြမှာဖြစ်ပါတယ် ”

ဟု ဦးသစ်မင်းကဆိုသည်..။

Ref : BiWeekly Eleven Journal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s