www.uraniumdancestudio.com

Posted: March 31, 2009 in News, Uncategorized

အဆိုတော် ကာကာနှင့် Uranium group တို့ တွဲဖက် တည်ထောင်သော Uranium dance Studio ဖွင့်ပွဲ အခမ်းအနားကို (၁၇၊၂၊၂ဝဝ၉)ရက် ညနေ (၅)နာရီတွင်
ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Studio မှာ အခန်း ဝဝ၁/၁ဝ၁၊ တိုက်နံပါတ် ၃၁(ဘီ)၊ ဦးထွန်းမြတ်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တွင် တည်ရှိပြီး အကပညာ အကြောင်း နက်နက်နဲနဲ သိချင်သူများ၊ နေ့စဉ် လေ့ကျင့်ခန်း တစ်ခု အဖြစ် လွတ်လပ် ပျော်ရွှင်စွာ တက်ရောက် လိုသူများ Professional dancer တစ်ယောက် ဖြစ်လိုသူများ၊ ကိုယ်ခန္ဓာကိုယ် တည်ဆောက်မှုနှင့် မွန်းကျပ်သော သင်ယူမှုများမှ ထွက်ပေါက်တစ်ခု အဖြစ် ဖန်တီးလိုသူများ အတွက် ရည်ရွယ် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းနှင့် Uranium group မှ Trainer များကိုယ်တိုင် International Lesson Plan များဖြင့် Jazz dance, Houze dance, Locking dance, Clowning dance, New Style dance, Krumbing dance Power& Popping dance စသော အက အမျိုးအစား များကို နည်းလမ်း မှန်ကန်စွာဖြင့် သင်ကြား ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ထို့ပြင် The Uranium dance Studio ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ခိုင်လေး (ယူရေနီယမ် အဖွဲ့)ကိုမေးမြန်း ကြည့်ရာမှာတော့ . . .

Uranium

Basic ကနေ စပြီး Level-7 ထိ အဆင့်တွေနဲ့ သင်ကြား ပေးပါတယ်။Level တစ်ခုကို တစ်လ သင်ပါတယ်။ လူကြီးလူငယ် မရွေး (၈)နှစ် အထက်ကနေ လာတက်လို့ ရပါတယ်။ Total ကျောင်းမှာ ကလေးတွေကို အကနဲ့ စသင်တဲ့ သဘော သွားသင်ပေးပါတယ်။ သူတို့က ဒီတိုင်း စာတွေ သင်နေရမယ် ဆိုရင် ပျင်းမယ်။ အဲဒီတော့ အကမှာ ရှေ့တိုး နောက်ဆုတ်တွေက အစ အင်္ဂလိပ်လို ပြောနေတော့ ဒါလေးတွေကို ရင်းနှီးသွားတယ်။ စကားလုံး အနည်းစုလောက် ရင်းနှီး သွားတာပေါ့။ က,လိုက် စာသင်လိုက် ဆိုတော့ ကျောင်းကို လာရတာလည်း ပျော်ရွှင်မှု တစ်ခု အနေနဲ့ပါ။ နောက်တစ်ချက်က ကိုယ်လက်အင်္ဂါ သန်စွမ်းဖို့၊ က,တယ် ဆိုတော့ ဦးနှောက် အတွက်၊ ခန္ဓာကိုယ် သွေးလည်ပတ်မှုတွေ အတွက် ကောင်းတယ်။ Uranium dance Studio ကိုကျတော့ အဆိုတော် ကာကာနဲ့ပါ တွဲပြီး လုပ်တာ။Uranium group အက အဖွဲ့ကတော့ ကိုဇေယျာ၊ နေမင်းသူ၊ ခိုင်လေး၊ တာတာ (၄)ယောက်ပေါ့။ (၄)ယောက် အပြင် member တွေအများကြီး ရှိတယ်။

သင်တန်းနဲ့ ပတ်သက်လို့ အချိန်ကတော့ သင်မယ့် သူတွေကို ညှိပေး တာပေါ့။(၈)ယောက် (သို့မဟုတ်) (၉)ယောက် အုပ်စုလိုက်စီ ခွဲလိုက်တယ်။ သူတို့ အားတဲ့နေ့၊ အားတဲ့အချိန်နဲ့ ညှိပြီး သင်ပေးတာ။ ညှိပြီးတော့လည်း သင်တန်း အချိန်ကို လုပ်သွားပါတယ်။ ပုံသေ သတ်မှတ်ထားတဲ့ အချိန်တော့ သီးသန့် မရှိပါဘူး။ သင်တန်းခွဲတွေ ဖွင့်ဖို့ အတွက်တော့ အစီအစဉ် မရှိသေးပါဘူး။ ဒီသင်တန်းကိုပဲ အောင်မြင်အောင် လုပ်ပေးဦးမယ်။ အများကြီး ဖွင့်ချင်တာပေါ့။
အနုပညာရှင်တွေ လာတက်လည်း Special member ဆိုပြီး Class သတ်သတ် စီစဉ် ပေးထားပါတယ်။ သူတို့ ကျတော့လည်း ဒီ Section Plan အတိုင်းပဲ သင်တယ်။ အချိန်ကိုတော့ သတ်သက် ညှိပေးပါတယ်။ သီချင်း အတွက် အက သင်ပေးရမယ် ဆိုတဲ့ သူတွေအတွက် ကိုဇေယျာက အကကို ထွင်ပြီး စီစဉ် ပေးပါတယ်။

-YMA (SnapShot Journal)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s