လူငယ်သဘာဝ – Cyclone

Posted: April 30, 2009 in Review, video
Tags: ,

ကျွန်တော်တို့ Cyclone အတွက် ဒီ video ဟာ ပထမဦးဆုံး အတွေ့အကြုံပါ…။အဲဒီနေ့ ကို မှတ်မိပါသေးတယ်…။

Buzz Game ဆိုင်မှာ စုစည်းဖြစ်ကြတဲ့ သူငယ်ချင်းတွေ..                                                                                                                                                      ( အခု 2nd Generation လို့လူငယ်တွေ တံဆိပ်ကပ်ခံရတဲ့သူတွေ)

စတင်ပြီးတက်ညီလက်ညီ ကူညီပေးခဲ့ကြတာကို အခုထိ မမေ့သေးပါဘူး…။

စစ ချင်း ဒါရိုက်တာ ကိုသန့်ဇော် ရိုက်ကွင်းတည်တဲ့ ပုဇွန်တောင် နားမှာ ကျွန်တော်တို့ အားလုံး ၀တ်စုံပြည့်တွေနဲ့ သွားစောင့်တော့…

လူတွေအုံ လာပါရော…ဘယ်မှာလဲမင်းသား ဆိုပြီး စစ ချင်း တိုးတိုးပြောနေကြရော…နောက်ပိုင်း ကလေးတွေက အဲဒါ ရက်ပါတွေလဲ

ဆိုရော..အကုန်လုံး အသံတွေထွက်လာရော…ကျွန်တော်တို့အားလုံးလဲ ကိုသန့်ဇော်ကို စောင့်ရင်း စောင့်ရင်းနဲ့ ချွေးပျံလာပါရော…

မထူးဘူးဆိုပြီး ကားထဲဝင် ဆေးလိပ်သောက်တော့လဲ…ကားထဲကို ဂြိုလ်သားတွေ ရှိတဲ့ ပုံစံမျိုးနဲ့ ၀ိုင်းစောင့် ကြည့်နေပါတယ်…။

စစချင်း အာကျယ် အာကျယ် လုပ်နေတဲ့ ကိုယ့်ကောင်တွေလဲ စားလာပြီး နောက်ဆုံး ကားထဲဝင် ငြိမ်ငြိမ်လေးထိုင်စောင့် နေရပါတယ်…

အဲဒီအချိန်မှာမှ ကိုသန့်ဇော်ရောက်လာပြီး ကြည့်မြင်တိုင်ကို ရွှေ့  မယ်ဆိုလို့ ကျွန်တေိာတို့ တစ်သိုက် ချွေးသုတ်နိုင်ပါတယ်…။

ကျွန်တော်တို့ ရပ်ကွက်ထိပ်  ဗားဂရာဂျောက် ကုန်းတံတား အောက်မှာ နောက်ဆုံးပျော်ပျော်ပါးပါး အော်ဟစ်မြူးတူးရင်း ရိုက်ကွင်းကို အဆုံးသတ်နိုင်ခဲ့ပါတယ်..။ အားလုံးလဲ..ရိုက်လိုက်..ဆွဲလိုက်နဲ့ တော်တော်ပျော်ခဲ့ရပါတယ်…။ အဲဒီနေ့ “လူငယ်သဘာဝ” အတိုင်းပဲ ကျွန်တော်တို့တွေ အားလုံး တစ်ယောက် နဲ့ တစ်ယောက် ကြားရှိတဲ့ အဖုအထစ်တွေ..ရန်ငြိုးတွေပါ မရှိတော့ပဲ အားလုံး စိတ်လွတ်လက်လွတ်  ပင်ကိုစရိုက်အတိုင်း လမ်းမပေါ်မှာ ပျော်ပျော်ကြီး ဖန်တီး နိုင်ခဲ့ကြပါတယ်…။

ဒီနေရာကနေပဲ..ပါဝင်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့…

ကိုတွိ ၊ ကိုဘာဘူ ၊ Project#1 ၊ Buzz ၊ရသ၊ရဲလေး၊ယုန်လေး၊ဂျာဂျား၊ထက်မြက်စိုး (ခ) ဟီတို ၊စိုင်းလုံကျောက်ဝ် aka SLK  တို့ကို ကျေးဇူးမှတ်တမ်းတင်သွားပါရစေ..။

ဒီထက်ပို အမှတ်တရဖြစ်ရတာကတော့ ကျွန်တော်တို့ ပါဝင်တဲ့ အဲဒီ “ပေးဦးနော်” MusicVideo အခွေကို ပရိုဂျူစာ ကမထုတ်ပေးဖြစ်ခဲ့တာပါပဲ..။

ဒီကနေ သွားပြီးကြည့်လို့ ရပါလိမ့်မယ်..။

Cyclone_LuuNgeTabarwa – Cyclone

Comments
  1. ANS says:

    dagae arr kya dae byar ayann mike tae

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s