အရှေ့တောင် အာရှမှာ ပထမဆုံး DBPT နှင့်ထုတ်လွှင့်သော စနစ်ကို မြန်မာနိုင်ငံတွင် (၂ဝဝ၅)ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ စတင် အသုံးပြု..

Posted: May 3, 2009 in News
Tags: ,

အရှေ့တောင် အာရှမှာ ပထမဆုံး DBPT နှင့်ထုတ်လွှင့်သော စနစ်ကို မြန်မာနိုင်ငံတွင် (၂ဝဝ၅)ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ စတင် အသုံးပြုခဲ့ကြောင်း MRTV-4 မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က လျှပ်တစ်ပြက်သို့ ထုတ်ဖော် ပြောကြားခဲ့သည်။

DBPT (Digital Broadcasting Program Technology) ၏ အားသာချက်မှာ Channel များကို Complus လုပ်ပြီး Multiplus ပြုလုပ်ကာ လွှင့်ခဲ့ရကြောင်း၊ စတင် ထုတ်လွှင့်ချိန်က Channel (၄၊၅)ခုသာ ပါဝင်ခဲ့သော်လည်း ယခုအခါ Channel ပေါင်း (၂၂)ခု ရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် TV အစီအစဉ်များကို Analogue စနစ်ကို အသုံးပြု ခဲ့ရခြင်းကြောင့် DBPT စနစ်ဖြင့် ကြည့်ရှုရန် Receiver လိုအပ်ကြောင်း…၊

(၂ဝဝ၆)ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်မှ စတင်ပြီး မြန်မာနိုင်ငံတွင် MRTV-4 အစီအစဉ်ကို အခမဲ့ ပြသခဲ့ကြောင်း သိရသည်။ ယခင်က MRTV-4 အစီအစဉ်ကို ရန်ကုန် တစ်မြို့တည်းသာ ဖမ်းယူ ကြည့် ရှုနိုင်ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံအနှံ့ မြို့နယ်(၂၆)မြို့နယ် ဖြစ်သော စစ်ကိုင်း၊ မုံရွာ၊ ပြင်ဦးလွင်၊ ပျဉ်းမနား၊ မိတ္ထီလာ၊ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ မင်းလှ၊ ကျောင်းကုန်း၊ ပုသိမ်၊ မင်းဘူး၊ ထားဝယ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်၊ မြဝတီ၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ဟားခါး၊ သံတွဲ အစရှိသော မြို့များအထိ ထုတ်လွှင့်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်ပြီး ယခင်က (၆)နာရီစာ ထုတ်လွှင့်နေသော Program ကိုမကြာမီ ကာလအတွင်း နာရီ(၂ဝ)စာ အဖြစ် မနက် (၇)နာရီမှ ည(၁)နာရီ အထိ တစ်ပြိုင်နက်တည်း ထုတ်လွှင့်နိုင်ရန် ကြိုးပမ်း နေကြောင်းနှင့် ရန်ကုန်တိုင်းတွင် 2 KiloWatt ဖြင့် တစ်တိုင်းလုံး ဖမ်းယူနိုင်ကြပြီး စစ်ကိုင်းတိုင်းတွင် 1.2KiloWatt ဖြင့်မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များ အထိ ဖမ်းယူ နိုင်ကြကြောင်း သိရှိရသည်။ အဆိုပါ ဖမ်းယူ ကြည့်ရှုနိုင်သော အခြေအနေများ အပေါ်တွင် ၄င်းက ပြောကြားခဲ့ရာ ”သဘာဝကိုက မြင့်တဲ့နေရာကို လွှင့်ရင် ဝေးဝေး ရောက်တယ်လေ။ သူ့ရဲ့ Technology က MRTV လွှင့်တဲ့ပုံစံပါပဲ။ ဥပမာ ပဲခူးမြို့မှာ ဆိုရင် 200 Watt ပဲရှိတယ်။ သူ့ရဲ့ နေရာဒေသအပေါ် မူတည်ပြီး ဝပ်(Watt)အားကို သုံးတာပါ။ ကျယ်ပြန့်တဲ့ နေရာဆို Watt အားများများ သုံးပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသွားခဲ့သည်။ ထို့အပြင် MRTV-4 စတင် ဖွဲ့စည်းစဉ်က ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ Forever Group တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည့် အကြောင်းများနှင့် Program ထုတ်လွှင့်မှု အပိုင်းများကိုလည်း ရှင်းလင်း ပြောကြားခဲ့ရာ . . . Program ကထုတ်တာလည်း သူတို့က (၅ဝ) ရာခိုင်နှုန်းစီပေါ့လေ။ ခုနက Pay Channel နဲ့ ပတ်သက်ပြီး သူတို့က အကုန်လုံး တာဝန်ယူရတယ်။ Pay Channel မှာပြတဲ့ ဇာတ်လမ်းတွေ ဝယ်တာတွေ၊ ထိုးတာ၊ ဘာသာပြန်တာ အကုန်လုံး board တင်တဲ့ အထိပေါ့လေ။ အဲဒီမှာပြတဲ့ Series ကို movie တွေအားလုံးက မြန်မာနိုင်ငံ Video ဆင်ဆာဘုတ် ရှိပါတယ်။ အဲဒီက နေပြီးတော့မှ စစ်ပြီး ပြန်ပြတာပါ။ ကျွန်တော်တို့က board အဖွဲ့ထဲမှာ ပါတယ်။ Video တွေစစ်ဆေးရတယ်။ Series တွေစစ်ဆေးရတယ်။ board က Passed ဖြစ်မှ လွှင့်ရတာပါ။ ဥပမာ Customer တစ်ယောက်က 5 Movie ကို ဝယ်လိုက်တယ်။ သူ့မှာ DVPT ရဲ့ Smart Card ရှိတယ်။ အဲဒီနံပါတ်လေးကို ဒီက Conditional Accept လုပ်တဲ့စက် ရှိတယ်။ အဲဒီစက်ကနေ Movie 5 ဖွင့်တာ၊ ပိတ်တာလုပ်လို့ ရတယ်။ Computer နဲ့ရိုက်သွင်း၊ ရိုက်ထုတ်တာ ပေါ့နော်။ ပထမ ဝယ်ထားတဲ့ Card တွေမှာ System နဲ့မကိုက်တာလေးတွေ ဖြစ်တယ်။ အဲဒါကို Upgrade ပြန်လုပ်မှ ရတာ။ အဲဒါကျ technical problem လို့ခေါ်မှာပေါ့နော်။ အဲဒါကြောင့် တစ်ခါတစ်လေမှာ လိုင်းပြတ်တောက်မှုတွေ ဖြစ်သွားတာပါ” ဟု ရှင်းလင်း ပြောကြား သွားခဲ့သည်။

SKB

-လျှပ်တပြတ်ဂျာနယ် မှပြန်လည်ကူးယူတင်ထားပြပါတယ်.

Comments
  1. obobeatz says:

    ဆိုပဲ…….. 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s