အစီအစဉ်တင်ဆက်သူအဖြစ်တွေ့ရဦးမယ့် ရသ

Posted: May 10, 2009 in News
Tags: ,

သီချင်းတွေ၊သံစဉ်တွေကို တတ်နိုင်သမျှ ပရိသတ်နဲ့ အနီးဆုံးနေရာထိ ရောက်အောင် ကြိုးစားနေတဲ့ ရသက

` အသက်အရွယ်တွေကြီးလာလို့ စာသားတွေ နည်းနည်းပြောင်းသွားတာမျိုး ၊အဲဒီပုံစံတစ်ခုပဲ ကျွန်တော်ပြောင်းတာရှိမယ်…။ ကျွန်တော်သုံးပြီးသား စကားလုံးတစ်လုံးကို ကျွန်တော်ပြန်မသုံးဘူး…။         နောက်မှာ ချန်ထားခဲ့ပါရစေ။ သူများတွေသုံးပါစေ..ကျွန်တော်ကတော့ စကားလုံးအသစ်တွေပဲထပ်ရှာမယ်..´

လို့ သူ့ရဲ့ဖန်တီးမှု ကိုပြောပြခဲ့ပါတယ်။

ရသက Hiphop သီချင်းများကို ဖော်ထုတ်နေတဲ့အပြင် ပရိသတ်ကိုအမြဲတင်ဆက်ဖျော်ဖြေရမယ့် အစီအစဉ်တစ်ခုကိုလည်းဆောင်ရွတ်နေပါတယ်…။အနဂ္ဂ နဲ့ ၂ယောက်ပေါင်းပါဝင်တင်ဆက်ထားတဲ့We Can Talk အစီအစဉ်တစ်ခုကို MRTV-4 ကနေသင်္ကြန်အတွင်း ကစပြီး ထုတ်လွှင့်နေပါပြီ ။

ရသ အနဂ္ဂ၊ နဲ့ အတူဖိတ်ကြားထားတဲ့သူတစ်ဦးတို့ပါဝင်တဲ့စကားဝိုင်း ( လူငယ်များရဲ့ စကားဝိုင်း ) ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ တင်ဆက်ပေးမှာဖြစ်ပါတယ် ။

အနုပညာရှင်တွေစီစဉ်တင်ဆက်တဲ့ ကဏ္ဍ ဆိုပေမယ့် အနုပညာတစ်မျိုးတည်းရဲ့ ဗဟုသုတများသာမကလူငယ်များနဲ့ သက်ဆိုင်တဲ့နယ်ပယ် အသီးသီးက  ဗဟုသုတတွေကိုပါ ရှာဖွေတင်ဆက်ပေးမှာဖြစ်ပါတယ်။

` စာတွေတော်တော်ဖတ်ရတယ် ..ဒီအစီအစဉ် အတွက်ကိုယ်တိုင်ပဲ ဖန်တီး၊ စီစဉ်ရတာ ဆိုတော့လေ အဓိက စီစဉ်သူကတော့ ကိုတွိ ( အနဂ္ဂ ) ပေါ့ ။သူက အချက်အလက်တွေရှာပေးတယ် ။  ဘယ်နေ့၊ ဘယ်ရက် ၊ဘယ်အချိန်ဆိုတာတော့ အတိအကျ မသတ်မှတ်ရသေးဘူး …ဒီအစီအစဉ် ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပရိသတ်တွေထဲမှာ စဉ်းစားစရာ ၊Message တစ်ခုကျန်ခဲ့ရမယ် ..အဲဒီအတွက်…ကျွန်တော်တို့ ကိုယ်တိုင် စာတွေ အများကြီးဖတ်ဖြစ်နေတယ် ။ ဒါကြောင့် သဘောကျတယ်..။ကြည့်တဲ့သူလည်း အကျိုးရှိတယ်.. ကျွနတော်တို့လည်းအသစ်တွေရတယ် …´

လို့သူ့ရဲ့ အစီအစဉ်နဲ့ ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်…။

မန်းသူ

:အလင်းတန်းဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြထားပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s