Sampling အသက်ယဲ့ယဲ့ပဲကျန်တော့လား (အပိုင်း၂)

Posted: June 3, 2009 in Review
Tags:

hip_hop_is_dead_by_iceberg_playboy

(ယခင်အပတ်မှအဆက် )

ကားရဲ့ အေဂျင်စီလိုမျိုး Sample တွေကို ဥပဒေနည်းလမ်းကျကျ မူပိုင်ခွင့် လိုင်စင်နဲ့  ခွင့်ပြုချက်ရယူပေးတဲ့ အေဂျင်စီတွေဟာ ၉၀ ပြည့်လွန် အစောပိုင်းကာလမှာအတိအကျ  သတ်မှတ်ထားတဲ့ ပုံသေနည်းမရှိပဲ Sample တစ်ခုရဲ့ အရှည်နဲ့ ထင်ပေါ်ကျော်ကြားမှူ   အပေါ်မှာ မူတည်ပြီး ဈေးနှူန်းကို ဆုံးဖြတ်ခဲ့ကြပါတယ် ။

“ အခု Hiphop ရဲ့ ပင်မရေစီးကို ကြည့်မယ်ဆိုရင် Sampling ဟာကြီးမားတဲ့ အစိတ်အပိုင်းအဖြစ်ရှိမနေ  တော့ဘူးဆိုတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ် ´´ လို့ Definitive Jux ဂီတကုမ္ပဏီရဲ့ အမှုဆောင်ချုပ်    လည်းဖြစ်၊ ရက်ပါတစ်ယောက်လည်း ဖြစ်တဲ့ EI-P ကပြောပါတယ် ။အခု Sample လုပ်တာဟာ.  Jay-Z(မကြာခင်လေးကထိ ) တို့လိုမျိုး ၊ ကန်ယေး တို့လိုမျိုး တတ်နိုင်တဲ့သူတွေ၊ ကျော်ကြားမှုကို ဒင်္ဂါးပြားတစ်ခု အဖြစ် အသုံးချဝယ်ယူနိုင်တဲ့သူတွေအတွက်ပါ ။“ ကန်ယေးက ရေးချားလ်စ် ကို “Gold Digger”  သီချင်းအတွက် Sampling ပြန်လုပ်တော့ လူတိုင်းက`ဒါခွင့်ပြုချက်ရလိမ့်မှာ မဟုတ်ဘူး´ လို့ပြောခဲ့ကြပါတယ် ။ ဒါပေမယ့် သူက (ချားလ်စ်ကို) ပိုင်တဲ့ သူတစ်ယေက် ဆီ လှမ်းဆက်လိုက်တော့ အဆင်ပြေသွားခဲ့တယ် ´´ လို့ အရင်တုန်းက ကန်ယေးရဲ့ ဒီဂျေလုပ်ခဲ့တဲ့ အေ-ထရက် ကပြောပါတယ် ။

RZA ကလည်း “ ဟိုအရင်တုန်းက ဆိုရင်Sample တွေဟာဒေါ်လာ၂၅၀၀၊ ဒါမှမဟုတ် ၁၅၀၀ လောက်ပဲရှိတာပါ။ ကျွန်တော် Enter the WuTang (36Chambers) သီချင်း အတွက် ဂလက်ဒီစ်နိုက်(Gladys Knight) ရဲ့   ‘can it be all so simple’ ကိုပြန်ပြီး Sample လုပ်ခဲ့တုန်းက ဒေါ်လာ ၂၀၀၀ ပဲပေးခဲ့ရပါတယ် ။ အဲဒါဟာ တကယ့် ကိုကြီးကျယ်တဲ့ အင်ထရိုတစ်ခုပါ ။ ချိတ် (ချိတ်ဆက်မှူ) ကလည်း အပေါ်နဲ့အောက်နဲ့ ပြန်ဆက်ပြီး အထပ်ထပ်ကျော့  လို့အရမ်းကောင်းတယ် ။ ဒီနေ့အချိန်မှာ အဲဒီလိုမျိုး Sample တစ်ခုဟာဒေါ်လာတစ်သောင်း လောက်ကျလိမ့်မယ် တဲ့ .

RZA ပြောပြနေတဲ့ ပြသနာကတော့ ဈေးနှုန်းတွေ မြင့်တက်လာခြင်းက သူတို့လိုမျိုး ပရိုဂျူဆာမျိုးတွေကို  Sample တွေအသုံးမပြူဖြစ်စေမယ့် အနေအထားမျိုး ကိုတွန်းပို့နေတယ် ဆိုတာပါပဲ ။sample   တစ်ခုကို ခွင့်ပြုချက်ရဖို့ အတွက်ဆိုရင် လူနှစ်စု နဲ့ ရင်ဆိုင်ရှင်းလင်း ရပါမယ် ။မူရင်းအခွေကို ပိုင်ဆိုင်တဲ့သူတွေ  (ပုံမှန်အားဖြင့် သီချင်းကို ထုတ်လုပ်ခဲ့တဲ့ ဓာတ်ပြားကုမ္ပဏီ) နဲ့ ထုတ်ဝေဖြန့်ချီခွင့် မူပိုင်ခွင့် ပိုင်ဆိုင်သူတွေ (များသော အားဖြင့် သီချင်းဆရာ ) ဆိုပြီး နှစ်စုရှိပါတယ် ။James Brown လိုမျိုး နာမည်ကြီးတစ်ယောက်ရဲ့ သီချင်းကို sample လုပ်မယ်ဆိုရင် မူရင်းဓာတ်ပြားပိုင်ရှင်ဘက်ကိုဒေါ်လာတစ်သောင်း၊နှစ်သောင်း လောက်နဲ့ ထုတ်ဝေဖြန့်ချီခွင့် မူပိုင်ခွင့်ပိုင်ရှင် ဘက်ကိုဒေါ်လာတစ်သောင်းလောက်  ပေးရမှာမို့ ဒါဟာ StonesThrow ကနေထုတ်လုပ်တဲ့ အယ်လဘမ်တစ်ချပ်လုံးစာ ကုန်ကျစရိတ်လောက်နဲ့ သွားပြီးညီမျှပါတယ်။ဒါပေမယ့် အယ်လဘမ်တစ်ခုထဲမှာ sample တွေကို ခွင့်ပြုချက်မရယူပဲ အသုံးပြုတာက ပိုပြီအန္တရာယ် ကြီးမားပါတယ်   တစ်ခါတုန်းကတော့ ထုတ်လုပ်သူအများစုက မထင်မရှား အဆိုတော်ဂီတ သမားတွေ (သီချင်းတစ်ပုဒ်ပဲပေါက်ခဲ့တဲ့သူတွေနဲ့ လူသိပ်မသိကြတဲ့ ဂျက်ဇ် နဲ့ ဆိုးလ်အဆိုတော်တွေ ) ဟာဈေးသက်သာတဲ့ Sample တွေကိုရနိုင်မယ့်တံခါးပေါက်တစ်ပေါက်လို့ ထင်ခဲ့ကြပေမယ့် အဲဒီလိုမဟုတ်တဲ့အကြောင်း StonesThrow ဓာတ်ပြားကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ အီအိုသန်အလာပတ် က ရှင်းပြပါတယ် ။“ ဒါဟာ အခြေအနေ တော်တော်များများ အရမှားယွင်းခဲ့တဲ့ မျှော်လင့်ချက်တစ်ခုပါပဲ . .ဘာလို့လဲဆိုတော့. .ကိုယ့်ကိုကိုယ်  Google မှာရိုက်ထည့်ရှာကြည့်နေတဲ့သူတွေ ဘယ်နှစ်ယောက်လောက်ရှိလဲ. ဆိုတာကိုသိရင် ခင်ဗျားအံ့သြသွားမှာ မို့လို့ပါ ´´

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မရေတွက်နိုင်တဲ့ တရားစွဲဆိုမှူတွေက ဂီတအယ်လဘမ်ပိုင်ရှင်တွေဟာ သူတို့ရဲ့ဂီတတွေကို   တရားမ၀င်အခွင့်မရှိပဲ အသုံးချမှူတွေကိုရှာဖွေ ဖော်ထုတ်ဖို့ အတွက်နဲ့  တရားရင်ဆိုင်ဖို့အတွက် များပြားတဲ့ရင်းမြစ်တွေ ကို  အသုံးပြုနေကြတယ်ဆိုတာကို သက်သေပြနေပါတယ် ။ဒီလိုလုပ်ဆောင်ခြင်းကို Trolling ဒါမှမဟုတ် Sample Chasing လို့ပြောကြပါတယ် ။

Paliament , Funkadelic နဲ့ OhioPlayers တို့လိုအဖွဲ့တွေရဲ့ သီချင်းတွေရဲ့ မူပိုင်ခွင့်ကိုပိုင်ဆိုင်တဲ့ Bridgeport Music ဟာ မူပိုင်ခွင့်ကို ချိုးဖောက်မှူပေါင်းကို ရာနဲ့ချီပြီး  တရားစွဲဆိုခဲ့ပြီးပါပြီ ။အဲဒီထဲက တစ်ဝက်လောက်ဟာ အမှူရုပ်သိမ်းခံရ၊ ဒါမှမဟုတ် ကျေအေးမှုရရှိခဲ့ပါတယ် ။ Bridge Report ဟာပြီးခဲ့တဲ့   နှစ်အနည်းငယ်အတွင်းမှာ အချီကြီးနှစ်ခုမိခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်တုန်းက Parliament ရဲ့ ဂီတာ Sample တစ်ခုကို N.W.A ကယူသုံးခဲ့တဲ့    အမှုမှာမှာ တရားသူကြီးက ခွင့်ပြုချက်မရဘဲ sample တစ်ခုကိုအသုံးပြုခြင်း ဟာ (မူရင်းဘက်က ဘယ်လောက်ပဲ မထင်မရှားဖြစ်ပါစေ )   မူပိုင်ခွင့်ချိုးဖောက်မှူအဖြစ် သတ်မှတ်နိုင်ပါတယ် လို့ အမိန့်ချခဲ့ပါတယ်။နောက်ပြီး ၂၀၀၆ ခုနှစ်မှာတော့  BridgePort နဲ့ Wesbound Records ဓာတ်ပြားကုမ္ပဏီတို့ ဟာ တရားရုံးက Notorious B.I.G ရဲ့ Raedy to Die အယ်လဘမ်ထဲမှာ Ohio Players ရဲ့ `Singing in the Morning ´သီချင်းကို ခွင့်ပြုချက်ကို ခွင့်ပြုချက်မရပဲ တရားမ၀င်ပြုလုပ်ထားတဲ့ sample ပါဝင်တဲ့ အတွက်ဒီ အယ်လဘမ်ရောင်းချမှု    အားလုံးကို ရပ်ဆိုင်းစေဖို့ အမိန့်ချလိုက်ပြီး တဲ့နောက်မှာ ဒေါ်လာ ၄ ဒသမ ၂သန်း အနိုင်ရခဲ့ပါတယ်။

တချို့နာမည်ကြီးတွေဟာ တရားမ၀င် sampling လုပ်ခြင်းကို တကယ်ပဲ လက်ခံနေကြသလိုမျိုး ပေါက်နေပါတယ် ။ဥပမာ Gregg Gillis (aka Girl Talk) ရဲ့ နောက်ဆုံးအယ်လဘမ် ‘Feed the Animals’ ထဲမှာဆိုရင် ခွင့်ပြုချက် မယူရသေးတဲ့sample ပေါင်း၃၀၀ကျော်ပါဝင်နေပါတယ် ။

“ ကျွန်တော်တို့မှာ မူပိုင်ခွင့်အတိုင်အတာ နဲ့ ပတ်သတ်ပြီး ဘာပြသနာမှ မရှိသေးပါဘူး ´´ လို့ ဇွန်လမှာ သူ့ရဲ့ အယ်လဘမ်ကို `ပေးချင်သလောက်ပေး´ ဒေါင်းလုဒ်ဆွဲယူမှူနဲ့ ရောင်းချတော့မယ့်  Gillis ကပြောပါတယ်။ “နာမည်ကြီးဂီတကုမ္ပဏီက လူတွေဟာ ကျွန်တော်တို့အတူ အလုပ်တွေတွဲလုပ်ဖို့ ( remix တွေလုပ်ဖို့) ကိုစိတ်ဝင်စားလာကြပါတယ် ။ “ အတူတွဲလုပ်ပြီး အထာကျတဲ့အရာ တစ်ခုဖန်တီး နေနိုင်တာကို ဘာလို့ တိုက်ခိုက်တွန်းလှန်မှာလဲ ´´ ဆိုတာကို သူတို့ တဖြည်းဖြည်းစပြီး သဘောပေါက် လာကြပြီလို့   ကျွန်တော်ထင်ပါတယ် ´´ တဲ့ ။

RZA က sampling လုပ်တာတွေ ကို စည်းမျဥ်းစည်းကမ်း နဲ့ ထိန်းသိမ်းသင့်တယ် လို့ ယုံကြည်နေပါတယ်။  စံသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ အစိုးရကြီးကြပ်မှူတွေနဲ့ စတင်သင့်ပါတယ်တဲ့ ။  ထုတ်လုပ်သူတွေဟာ sampling လုပ်ထားတဲ့ မူရင်းအဆိုတော် နဲ့ ပိုင်ရှင်တွေကို ရရှိလာတဲ့ အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကနေ တစ်ရာရာခိုင်နှုန်းလောက်ထိ ပေးနေကြရပါတယ် ။ RZA ထုတ်လုပ်ဖြန့်ချီ  လို့ရလာတဲ့ အမြတ်ငွေကို ထုတ်လုပ်သူ အသစ်နဲ့မူရင်း ကနဦး အသံသွင်းတုန်းက တီးပေးထားတဲ့ Session Players တွေကိုပါ ငွေထပ် ပေးတဲ့စံနစ်မျိုးကို မြင်ချင်နေပါတယ် ။ “ ဖြန့်ချီလို့ရလာတဲ့ အမြတ်ငွေအားလုံးက အသစ်ပြန်လုပ်တဲ့သူဆီကနေ သိမ်းယူသွားခြင်းခံ  နေရပါတယ် ။ ဒါဟာ Hiphop လောကကို အဓ္ဓမကျင့်ခံနေရခြင်းတစ်မျိုးပါပဲ ´´ လို့ သူက ပြောပါတယ် ။    ဒါပေမယ့် ဒီလောကထဲက သူအားလုံးကတော့ သူနဲ့ အမြင်ချင်း မတူကြပါဘူး ။

“sample တွေတိုင်းဟာ တန်ဖိုးချင်းမတူကြပါဘူး ´´ လို့ Next Decade Enetertaiment ရဲ့ ဒုတိယဥက္ကဠ မော်နီကာ ကော်တွန်က   ပြောပါတယ် ။ သူ့ရဲ့ ကုမ္ပဏီဟာ Soul နဲ့ R&B အဆိုတော်တွေ ဖြစ်ကြတဲ့ မီလီဂျက်ဆင် နဲ့ ဂျိုအယ်လ်ဆိုင်မွန် တို့လိုလူတွေရဲ့    အယ်လဘမ်တွေကို ကိုယ်စားပြုထားပြီး YoungJezzy,RedMan နဲ့ PharochMonch တို့ကိုsample တွေလိုင်စင်ခွင့်ပြုပေးခဲ့ပါတယ် ။

ကုမ္ပဏီတွေကြီးထဲက တချို့ဟာ သူတို့အနေနဲ့ ပိုသေးတဲ့အရသာတွေ ကနေငွေစုမိချင်ရင် (sample တွေအတွက်) ပိုသေးတဲ့ ကိန်းဂဏန်း တွေကိုအသုံးပြုရမယ် ဆိုတာကိုနားလည်လာကြပါတယ် .. လို့သူမကဆိုပါတယ် ။  “ဂီတထုတ်လုပ်သူအဆိုတော် တော်တော်များများဟာ  သူတို့sampling လုပ်ထားတဲ့အရာတွေကို အမှန်အတိုင်းဝန်ခံချင်  ကြပါတယ် ။ ဒါပေမယ့် သူတို့အနေနဲ့ ပေးရမယ့်ငွေကို မတတ်နိုင်ကြပါဘူး…´´ တဲ့ ။

ဒါပေမယ့် အားလုံးအနေနဲ့ သဘောတူနိုင်မယ့် ဆုံးဖြတ်ချက်မျိုးတစ်စုံတစ်ခုကို မချမှတ်နိုင်သေးသရွေ့ ကန်ယေးရဲ့ လမ်းကြောင်းကို လိုက်မယ့် hiphop သမားတွေ ပိုမိုများလာမှာဖြစ်ပြီး အီလက်ထရွန်းနစ်ထုတ်လုပ်မှုကို လိုက်မယ့် Hiphop သမားတွေပိုမိုများလာမှာဖြစ်ပြီး အီလက်ထရွန်းနစ် ထုတ်လုပ်မှုဘက်ကို အားကိုးရင်း Hiphop ရဲ့ အစဉ်အလာမျဉ်းကြောင်းတွေကိုေ၀၀ါးသွားစေတော့မှာပါ ။

အခု Hiphop မှာ sampling မပါတော့တဲ့အခါမှာ ဒီဂီတဟာ ပိန်းတိန်းတိန်း ဂီတပုံစံတစ်ခုလိုပါပဲ ´´ လို့ RZA ကပြောတယ် ။

ဂျွန်မိုးစက်
Now Magaizne vol.5,Issue 87

Ref: ( Spin )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s