လူလှုပ်ရှားမှုဖြင့်ထိန်းချုပ်နိုင်မည့် ဂိမ်းနည်းပညာ မိုက်ခရိုဆော့ဖ်ဖန်တီး

Posted: June 11, 2009 in News
Tags: ,

natal

ဂိမ်းခလုတ်မလိုဘဲ လူ၏ခန္ဓာကိုယ်လှုပ်ရှားမှုများဖြင့် ကစားနိုင်မည့် ဗီဒီယိုဂိမ်းနည်းပညာတစ်ရပ်ကို မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

X Box 360 ဂိမ်းစက်များ ထုတ်လုပ်သည့်မိုက်ခရိုဆော့ဖ်သည် ကင်မရာ၊အသံနှင့် မျက်နှာအသိအမှတ်ပြုနည်းစနစ်များ ပေါင်းစပ်ထားသည့် ဆော့ဖ်ဝဲလ်ဖြင့် လူနှင့်လူ့လှုပ်ရှားမှုများကို အသိအမှတ်ပြုနိုင်သော Natal ဟု အမည်ပေးထားသောစနစ်မူကြမ်းကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

”ကျွန်တော့်စိတ်ထဲက ဂိမ်းကစားသူဟာ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားပြီး ဒီအထဲကိုရောက်သွားသလိုပါပဲ။ မိုက်ခရိုဆော့ဖ်ဟာ ဘီးကို ပြန်ထွင်နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါက ဘာဘီးမှမလိုတော့ဘူးဆိုတဲ့အရာမျိုးကို ထွင်နိုင်ခဲ့တာပါ”ဟု နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာစတီဖင်စပီးဘာ့ဂ်ျက ယင်းဂိမ်းကိုစမ်းသပ်ကြည့်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

Natal ဂိမ်းတွင် လူများသည် ကားမောင်းမည်ဆိုပါက လက်လှုပ်ရှားမှုသက်သက်ဖြင့် မောင်းနှင်ရမည်ဖြစ်ပြီး ဘောလုံးကန်၊ လက်ဝှေ့ထိုးစသည့် အားကစားနည်းများကိုလည်း ယင်းသို့ကစားနိုင်မည် ဖြစ်သည်။

စနစ်တွင်ပါရှိသော မျက်နှာနှင့်အသံဖတ်စနစ်က မည်သူကစားနေသည်ကို မှတ်သားပေးမည် ဖြစ်သည်။ XBox ဂိမ်းစက်ဖြင့်တွဲကစားပါက နှုတ်မိန့်ပေးခြင်းနှင့် ကစားစူခြင်း အွန်လိုင်းသုံးဆက်သွယ်ခြင်းမျိုးကိုပါ လုပ်နိုင်မည်ဖြစ်သည်။

Natal ကို ထုတ်လုပ်မည့်ရက်စွဲအတိအကျကိုမူ မထုတ်ပြန်သေးပေ။

Chop from WeekEleven News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s