မဲခေါင်မြစ်အတွင်းမှ ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အခြေအနေတွင် ရှိကြောင်း WWF သတိပေး

Posted: June 27, 2009 in Waring Alert
Tags: , ,

alert

မဲခေါင်မြစ်အတွင်းညစ်ညမ်းမှုများကြောင့် ကမ္ဘောဒီးယားနှင့် လာအိုမှ ရေချိုလင်းပိုင်များမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ရောက်ရှိနေကြောင်း WWF (World Wide Fund for Nature-ယခင် World Wildlife Fund ) စစ်တမ်းတစ်ရပ်တွင်ဖော်ပြသည်။ ပက်စတီဆိုက်ဒ်၊ မာကျူရီနှင့် အခြားအဆိပ်ပါဝင်မှုအဆင့်မြင့်မားနေခြင်းကြောင့် မဲခေါင်မြစ်အတွင်း ဧရာဝတီ လင်းပိုင် ၆၄ ကောင်မှ ၇၆ ကောင် ခန့်သာ ကျန်ရှိနိုင်တော့ကြောင်းသုံးသပ်ခဲ့သည်။

ရေထု ညစ်ညမ်းမှုသည် ပိုမို ဆိုးရွားလာနေပြီး မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာနိုင်ငံများသည် ညစ်ညမ်း စေသည့်အဓိကရင်းမြစ်များ ဖြစ်နေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။


ကမ္ဘောဒီးယားအစိုးရကမူ မိမိတို့နိုင်ငံသည် လင်းပိုင်များကိုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ကောင် ရေ ၁၅၀ မှ ၁၆၀ ကြားရှိနိုင်သေးကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး သုတေသနပြုဆောင်ရွက်မှုပုံစံကို ဝေဖန်ခဲ့သည်။

ရွှေသတ္တုတွင်းများဖောက်ခွဲ တူးဖော်ရာမှထွက်လာသည်ဟု ယူဆရသောမာကျူရီများကြောင့် သေဆုံးရသည့်လင်းပိုင်များကိုတွေ့ရှိခဲ့ကြောင်း WWF ကထုတ်ပြန်ခဲ့ သည်။ ရေထုညစ်ညမ်းခြင်းကြောင့် ကမ္ဘောဒီးယားနှင့်လာအိုမှ ကိုယ်ခံအားစနစ်ထိခိုက်လာသော ဧရာဝတီလင်းပိုင်များအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း သတိပေးထားသည်။

အကောင်ရေ အနည်းငယ်မှ မျိုးတွင်းသားပေါက်မှုကြောင့် မွေးလာသော လင်းပိုင်ငယ်များသည် ကိုယ်ခံအားနည်းပါးပြီး အဆိပ်အတောက်တို့နှင့်ထိတွေ့သောအခါ သေဆုံးလွယ်ခြင်းလည်းဖြစ်သည်။

”မဲခေါင်မှာရှိတဲ့လင်းပိုင်တွေ က သူတို့မျိုးစိတ်ထဲက တခြားလင်းပိုင်တွေနဲ့ တစ်သီးတခြားစီဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ရဲ့အကူအညီလိုအပ်နေပါတယ်”ဟု WWF ၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဆန်တိတ်ခ်က ပြောကြားခဲ့သည်။

မဲခေါင်မြစ်အတွင်းမှ ဧရာဝတီလင်းပိုင်များမှာ ကမ္ဘောဒီးယားနှင့် လာအိုနှစ်နိုင်ငံအကြား ၁၁၈ မိုင်မျ ရှိသော မြစ်ကြောတစ်လျောက်တွင် ကျက်စားနေထိုင်ကြပြီး ၂၀၀၁ ခုနှစ် ကတည်းက မျိုးသုဉ်းပျောက်ကွယ် လုနီးပါး တိရစ္ဆာန်မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည်။

တစ်ချိန်က မဲခေါင်မြစ်အတွင်း ဧရာဝတီလင်းပိုင်ထောင်ပေါင်းများစွာကျက်စားခဲ့ကြသည်။

သို့ရာတွင် တရားမ၀င်ငါးဖမ်းမှုများ၊ ကမ္ဘောဒီးယားပြည်တွင်းစစ်အတွင်း လင်းပိုင်ဆီကို စက်ချောဆီနှင့် မီးထွန်းဆီအဖြစ်အသုံးပြုခဲ့မှုများကြောင့် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည်။

လက်ရှိအချိန်တွင်မူ ကမ္ဘောဒီးယားအစိုးရသည် ဂေဟအခြေပြု ခရီးသွားလုပ်ငန်း Eco Tourism အတွက် ဆွဲဆောင်ရာတစ်ခုဖြစ်သော ဧရာဝတီလင်းပိုင်များ မျိုးမသုဉ်းစေရေးအတွက် တရားမ၀င် ငါးဖမ်းမှုများကို ဖမ်းဆီးလျက်ရှိသည်။

မဲခေါင်မြစ်သည် ကမ္ဘာ့အကြီးဆုံးကုန်းပတ်လည်ဝိုင်းသော ငါးဖမ်းဒေသဖြစ်ပြီး နှစ်စဉ်ငါးတန်ချိန် ၂၅ သန်းမျှ ဖမ်းဆီးရမိကာ အမေရိကန်ဒေါ်လာနှစ်ဘီလျံဖိုးမျ ရှာဖွေပေးနေသည့် ဒေသဖြစ်သည်။ မဲခေါင်မြစ် သည် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှစကာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများသို့ စီးဝင်သည့်မြစ်ဖြစ်သည်။

Chop from Weekly Eleven News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s