20th.June,FreeStyle Battle at La Club

Posted: June 27, 2009 in News
Tags: , ,

LAnite

ဇွန်လ၊၂၀ ရက်နေ့ည က သိမ်ကြီးဈေး စီရုံအောက်မှာ ရှိတဲ့ La Club မှာ ဒုတိယအပတ်အဖြစ် FreeStyle ပွဲကိုကျင်းပခဲ့ပါတယ် ။
ပွဲအစမှာ Underground မှ အဖွဲ့များဖြစ်ကြတဲ့ Snare ၊ Double Job ၊သားကြီး-သားငယ် နဲ့   Radiant Family တို့ရဲ့ ဖျော်ဖြေမှုများနဲ့စတင်ကာ ညကို အသက်ဝင်စေခဲ့ပါတယ်။

ဒီအပတ်ပွဲစဉ်မှာ ပြီးခဲ့တဲ့အပတ်ထက်ပြိုင်ပွဲဝင်ဦးရေ ပိုများလာပြီး လက်တန်း ရွတ်ဆိုတဲ့ ကာရံစကားလုံးတွေပိုပြောင်မြောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလို ပတ်လည်စံနစ်နဲ့ ယှဉ်ပြိုင်စေ ခြင်းမဟုတ်တော့ပဲ ရှုံးထွက်စံနစ်နဲ့ ယှဉ်ပြိုင်စေခဲ့လို့ ပြိုင်ပွဲအရှိန်ပိုတက်လာခဲ့ပါတယ် ။အငြင်းပွားဖွယ် ကိစ္စတွေရှိလာခဲ့ပေမယ့် နောက်ဆုံးမှာ ပွဲကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့ပါတယ်..။        ပြိုင်ပွဲဝင်၁၆ယောက်ရှိခဲ့ပြီး…

နောက်ဆုံး ဖိုင်နယ်မှာ `ဇာနည် (Radiant Family)´ နဲ့ `ရဲနောင်´ တို့တွေ့ကြပြီး    ရဲနောင်က အနိုင်ရရှိခဲ့ပါတယ် ။ ယခင်အပတ်မှ အနိုင်ရရှိခဲ့တဲ့
“ ဘူးသီး ´´ နဲ့ ပြန်လည်တွေ့ဆုံယှဉ်ပြိုင်ရာမှာ ရဲနောင် အနိုင်ရရှိခဲ့ပါတယ် ။ အကဲဖြတ်ဒိုင်လူကြီးများနဲ့ ပရိသတ်များမှ ရွေးချယ်ပေးခဲ့ပါတယ်။
ပြိုင်ပွဲများအပြီးမှာ အနဂ္ဂ၊ကြက်ဖ၊ရသ၊ဂျီတုန်း၊ချစ်စိုး၊ဂျောက်ဂျက်၊ရဲနောင်   တို့မှ ပူးပေါင်းလက်တန်းရွတ်ဆိုပြရင်း အဲဒီညပွဲစဉ်ကိုအဆုံးသတ်နိုင်ခဲ့ပါတယ်… ။

ဒီညမှာ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် အနဂ္ဂ၊ ရန်ရန်ချန်း၊ရသ၊ချစ်စိုး တို့က ကူညီခဲ့ပြီး Bigg-Y နဲ့ J-me တို့မှ ဂီတပိုင်းကိုတာဝန်တင်ဆက်ပေးခဲ့ပါတယ်။စင်ပေါ်မှနေကာ Battle Mc များကို ထိန်းပေးတဲ့တာဝန်ယူတဲ့အပိုင်းကို G-Tone ကလုပ်ဆောင်ခဲ့ပါတယ်။                         ဒီအပတ်ပွဲစဉ်ကို Bigg-Y နဲ့ G-Tone တို့က La Club နဲ့ ပူးပေါင်းစီစဉ်ခဲ့ပြီးနောက်လမှာထပ်မံကျင်းပဦးမယ်လို့သိရပါတယ် ။

အဲဒီနေ့ည ယှဉ်ပြိုင်မှုများကို မကြည့်လိုက်ရတဲ့သူတွေအတွက်ဒီကနေသွားရောက်ကြည့်ရှုအကဲဖြတ်နိုင်ပါတယ် ။

20th.June ( La club FreeStyle Battle Footage )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s