The Champ Is Here ( Net Kyaw )

Posted: July 13, 2009 in News, OBO Street Section, Review
Tags: ,

ChilliFamily23

July : 12 :2009 (Sunday)
Yangon

ရန်ကုန်မြို့လယ်ရှိသိမ်ကြီးဈေးC ရုံရှိ La Club ရှေ့တွင် မြို့နယ်အသီးသီးမှ
Underground Hiphop လောကရဲ့ အမာခံလူငယ်တွေ အစုအဖွဲ့အလိုက် ရောက်ရှိနေကြပါတယ်။
ရာသီဥတုက ကိုယ့်ဘက်မပါတဲ့နေ့တစ်နေ့ပါ ။
ဒီအပူဒဏ်အောက်မှာပဲ FreeStyle Battle တတိယအပတ်
ပွဲစဉ်ကိုလာရောက်အားပေးသူတွေအတွက် ဖျော်ဖြေရေးတင်ဆက်မှုကို
နေ့လည် ၁နာရီခွဲကျော်လောက်မှာစခဲ့ပါတယ် ။
Mc Freedy နဲ့ MHL တို့ရဲ့မြူးကြွတဲ့သံစဉ်စည်းချက်တွေနဲ့ပွဲကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။

အပြီးမှာMcဗေကြီး၊BClipမှLil’Tတို့ဝင်ရောက်လာပြီး                                                                                    “ဗိုလ်တစ်ထောင်” မြို့နယ်ကို Present လုပ်ဟစ်ကြွေးကာ စင်အောက်ရှိ                    လူငယ်တွေနဲ့အတူသီဆိုကာပွဲဆူစေခဲ့ပါတယ်။                                                                                                                         အဲဒီနောက် NSH (No Silent Hood) အဖွဲ့ကဆက်လက်ဖြေဖျော်ခဲ့ပါတယ်။ အဲဒီနောက်Saturnနဲ့အတူသူရဲ့Familyမှသူငယ်ချင်းများနဲ့အတူသီဆိုကာပွဲရဲ့ Tempo ကို၂ဆတင်ခဲ့ပါတယ်။  Yangon မြို့အနောက်ပိုင်းမှလူငယ်တွေရဲ့စုစည်းမှူဖြစ်တဲ့
YamYum တို့ရဲ့ Y.W.A (Yangon West Association) တက်လာချိန်မှာ
တင်းမာနေတဲ့ လူငယ်အချို့ရဲ့ပြင်းထန်တဲ့ဟန်ပန်နဲ့တုန့်ပြန်မှူတွေကြားကနေ
အကောင်းဆုံးဖျော်ဖြေသွားနိုင်ခဲ့ပါတယ်။                                                                                                                          Underground ကမ္ဘာရဲ့ Princess လေးလို့ပြောဆိုလေ့ရှိတဲ့ BobbySoxer နဲ့ စိုးဖြိုးတို့ရဲ့
Tiny Twist အဖွဲ့ကလဲသူတို့ရဲ့ Style နဲ့ Flow များနှင့်
ယောက်ျားလေးပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ် ။
B’n’C အဖွဲ့တက်လာချိန်မှာတော့ Da York မှ
“Cost to Cost ပြသနာတွေလုပ်ကာ
ခွဲခြားပြီးအားမပေးဖို့ … ရန်ကုန်တစ်မြို့တည်းသားတွေအချင်းချင်းစုစည်းဖို့”
အောက်က Underground အမာခံလူငယ်တွေကို တောင်းဆိုရင်း
Ye2 နဲ့အတူ သူတို့ရဲ့သွက်လက်တဲ့ရွတ်ဆိုဟန်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ် ။
ဗဟန်းမှသားပု နဲ့ဖျော်ဖြေရင်းအဲဒီနေ့ရဲ့ဖျော်ဖြေရေးကဏ္ဍကိုအဆုံးသတ်ခဲ့ပါတယ် ။

Dj Man ရဲ့တင်ဆက်မှူနဲ့အတူ လှိုင်မြို့နယ်ကိုယ်စားပြု “Bigg-Y” တက်လာပြီး
အကဲဖြတ်ပေးမယ်ဒိုင်များအဖြစ်ကူညီကြတဲ့” အနဂ္ဂ၊ရန်ရန်ချန်း၊ရသ” တို့ကိုဖိတ်ခဲ့ပါတယ် ။
တတိယအပတ်ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်သူဦးရေ ၂၀ ရှိခဲ့ပြီးရှုံးထွက်စံနစ်နဲ့ယှဉ်ပြိုင်စေခဲ့ပါတယ်။
ဒီနေ့ပြိုင်ပွဲဝင် Battle Mc တွေရဲ့ Skill များမှာအလွန်ကောင်းမွန်လာတာတွေ့ရပါတယ် ။
ကြိုတင်ရေးသားလာခြင်းမဟုတ်ပဲလက်တန်းရွတ်ဆိုသီကုံးပုံအမျိုးမျိုးနဲ့
Club ထဲရှိလူတွေအားလုံးကိုစွဲဆောင်ထားနိုင်ခဲ့ပါတယ် ။
အဆင့်ဆင့်ကျော်ဖြတ်ပြီးတဲ့နောက် Final Round မှာတွေ့ကြတာကတော့
Mc နက်ကျော် ( စမ်းချောင်း ) နဲ့ Lil’T (လင်းစဒေါင်း) ပါ။
သူတို့၂ယောက်ရဲ့ Final ဟာအားရစရာကောင်းအောင် အကျိတ်အနယ်ရှိခဲ့ပါတယ် ။နက်ကျော်နိုင်ပါတယ် ။
အဲဒီနောက် FreeStyle Champion သရဖူကိုလက်ရှိရရှိထားတဲ့
‘ ရဲနောင် (ပန်းဘဲတန်း)’ ထံမှ သရဖူကို နက်ကျော်မှ
ဆက်လက် Challenge လုပ်ရာတွင် ၂ကြိမ်၂ခါသီဆိုကာယှဉ်ပြိုင်ရာ
Chili Family မှ နက်ကျော်ကထိုက်ထိုက်တန်တန်အနိုင်ရရှိသွားခဲ့ပါတယ် ။
ဒီနေ့ပြိုင်ပွဲဝင် Battle Mc များရဲ့မတူညီတဲ့တိုက်ခိုက်ထိုးဖောက်ရွတ်ဆိုဟန်
၊အမူအယာ၊စရိုက်တွေကြောင့်ပရိသတ်တွေအကုန်ကျေနပ်အားရစေခဲ့ပါတယ်။
မြန်မာ Underground Mc တွေရဲ့အနေအထားဟာ စင်ပေါ်ရှိထိပ်သီးစာရင်းဝင် Mc တွေကို
ကောင်းကောင်းကိုင်လှုပ်နိုင်နေပါပြီ ။
အတုအယောင်သမားတွေကိုဖယ်ထုတ်ရှင်းလင်းနိုင်အောင် အစွမ်းရှိတယ်ဆိုတာပြသနိုင်ခဲ့ပါတယ် ။

ဒီနေ့ပွဲကို Bigg-Y နဲ့ G-Tone တို့ကပူးပေါင်းစီစဉ်တင်ဆက်ခဲ့ပြီး Dagon Beer နဲ့ La Club တို့မှ Sponsor လုပ်ပေးခဲ့ပါတယ်။

နက်ကျော်ရဲ့ ပြိုင်ပွဲဝင်ခဲ့ပုံတွေကို ဒီနေရာ ကိုနှိပ်ပြီးကြည့်နိုင်ပါတယ် ။

PS : ၁၂ရက်နေ့ရှိုးမှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ ၊ဗီဒီယိုတွေရှိခဲ့မယ်ဆိုရင် classythug@gmail.com ကိုကျေးဇူးပြုပြီးပို့ပေးဖို့မေတ္တာရပ်ခံပါတယ်။

Comments
  1. DollFace says:

    yay gogo ko gyi net kyaw..
    u rocks!❤

  2. ၀င်းမြတ်အောင် says:

    ငါ ဒီနေရာ ဆိုတဲ့ဟာကို click လိုက်တာ http://mhahiphop.ning.com/video/ အဲ့ဒါပေါ်လာတယ် လုပ်ပေးအုန်းလေ Freestyle ပြိုင်ရွတ်တာ ကြည့်ချင်လို့

  3. obobeatz says:

    ဒီ post ကတင်ထားတာတော်တော်ကြာပါပြီ ။ အဲဒီ mhahiphop.ning တောင်မရှိတော့တာတော်တော်ကြာသွားပါပြီ ။ အဲဒီ VDO တွေပြန်တင်နိုင်အောင်ကြိုးစားပေးပါမယ် ။

    ကျေးဇူးတင်ပါတယ် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s