LA Entertainment Club မှ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း အနုပညာဖျော်ဖြေရေး ပွဲများပြုလုပ်မည်

Posted: July 28, 2009 in News

La Clubရန်ကုန်မြို့၊ သိမ်ကြီးဈေးစီရုံ၊ မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် LA Entertainment Club မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အထူးဖျော်ဖြေရေးပွဲများ ကျင်းပပြုလုပ်သွားမည်ဟု LAEntertainment မန်နေဂျာ ကိုနေလင်းထွန်းက လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။ ကိုနေလင်းထွန်းက LA Entertainment နှင့် ပတ်သက်ပြီး လျှပ်တစ်ပြက်သို့ ရှင်းပြရာတွင်

”ကျွန်တော်တို့အနေနဲ့ LA Entertainment ကို ဖွင့်လှစ်ထားတာ တစ်နှစ်လောက်တော့ရှိပါပြီ။ LA Entertainment အနေနဲ့ Entertainment ဖြစ်တာကြောင့် Entertainment နဲ့ပတ်သက်တာ အကုန်လုပ်ပေးတယ်။ ရှိုးပွဲတွေ လုပ်ပေးတယ်။ game ကစားနည်းတွေ လုပ်ပေးတယ်။ တစ်ပတ်ကို နှစ်ကြိမ်အထူးဖျော်ဖြေပွဲတွေ လုပ်ပေးတယ်။ စနေနေ့မှာဆိုရင် ရှိုးပွဲတွေလုပ်တယ်။ တနင်္ဂနွေနေ့မှာ Day Party အနေနဲ့ ရှိုးပွဲလုပ်ပေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင် တနင်္ဂနွေနေ့ Day Party အနေနဲ့ Hip Hop Free Style ပြိုင်ပွဲလုပ်ပေးခဲ့တယ်။ အဲဒီပွဲမှာ အနဂ္ဂတို့၊ ရဲလေးတို့၊ ရန်ရန် ချမ်းတို့၊ ရသတို့က ဒိုင်လာလုပ်ပေးတယ်။ ကျွန်တော်တို့ LA ကိုလာတဲ့ ပရိသတ်တွေကို တစ်ပတ်နဲ့တစ်ပတ် မရိုးရလေအောင် Entertainment အပိုင်းမှာ လုပ်ပေးဖြစ်ပါတယ်။ ဒီတစ်ပတ်ဆိုရင် DJ Concert လုပ်ပေးပါတယ်။ စနေနေ့မှာပေါ့။ နာမည်ကြီး Club ပေါင်းစုံက DJ တွေလာပြီး DJ ဖွင့်ပြတယ်။ ကျွန်တော်တို့ဆီကိုလာကြတဲ့ ပရိသတ်တွေက ကျွန်တော်တို့တင်ဆက်ပေးမှုကိုကြည့်ပြီး ဆုံးဖြတ်ပေးသွားကြတယ်။ အဲဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ ဆီမှာ တဖြည်းဖြည်းနဲ့ ပရိသတ်များလာပါတယ်။ ကျွန်တော်တို့ဆီမှာ member ဧည့်သည်တွေရှိပါတယ်။ Green Card, Silver Card, Gold Card တွေရှိပါတယ်။ နေ့စဉ် ပုံမှန်လာတဲ့ဧည့်သည်တွေလည်းရှိပါတယ်။ အခုလိုမိုးတွင်းရာသီမှာတော့ Club တိုင်းလိုလို လူဝင်တော့နည်းကြပါ တယ်။ အရင်တစ်ပတ်ကို(၃)ကြိမ်လာ နေကြလူတွေ့ တစ်ပတ်ကို(၁) ကြိမ်၊ (၂)ကြိမ်ပဲလာကြပါတော့တယ်။ ကျွန်တော်တို့က ပုံမှန်ဧည့်သည် တွေရှိပါတယ်။ ဈေးနှုန်းအများကြီးလည်း ယူမထားပါဘူး”ဟုရှင်းပြ သည်။

LA Entertainment အနေဖြင့် (၁၈၊၇၊၂ဝဝ၉)ရက်က DJ Concert ကို တင်ဆက်ခဲ့ပြီး (၁၉၊၇၊၂ဝဝ၉)ရက်တွင် Day Party အနေဖြင့် Happy Game နှင့် Lucky Draw အစီအစဉ်ကို တင်ဆက်ခဲ့ သည်ကိုတွေ့ရသည်။ လာမည့် (၂၅၊၇၊၂ဝဝ၉)ရက်ညတွင် မိုက်ကယ် ဂျက်ဆင်အလွမ်းည အစီအစဉ်အဖြစ် မိုက်ကယ်ဂျက်ဆင် တစ်လပြည့် အလွမ်းကိုတင်ဆက်ပေးမည်ဟုသိရသည်။ မိုက်ကယ်ဂျက်ဆင်တစ်လ ပြည့်ညတွင် ဂျက်ဆင်ဇော်မင်းကကြီးမှူးပြီး ယူရေနီယမ်၊ Life & Dance၊ Essential၊ Super Girl အဖွဲ့တို့ကမိုက်ကယ်ဂျက်ဆင်၏ မြူးကြွသောသံစဉ်များနှင့် နာမည်ကြီး Moon Walk အကများဖြင့် တင်ဆက်ကပြကြမည်ဟု သိရသည်။ (၂၆၊၇၊၂ဝဝ၉)ရက်၊ နေ့လယ်(၁၂)နာရီမှာတော့ Underground အကများဖြင့် တင်ဆက်ပေးမည်ဟုသိရသည်။ ဝင်ကြေးမှာ ငွေကျပ်(၄ဝဝဝ)သတ်မှတ်ထားကြောင်းသိရသည်။

KZY

လျှပ်တပြက် ဂျာနယ် မှကူးယူဖော်ပြါပါသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s