The Street Magazine

Posted: August 13, 2009 in News
Tags:

TheStreet Flayer

မြန်မာနိုင်ငံရဲ့ HIP HOP သမိုင်းမှာပထမဦးဆုံးမှတ်တိုင်ထူလိုက်တဲ့ The Street ။ စီးပွားရေးအရ မြတ်ခြင်း၊ မမြတ်ခြင်းကို ဂရုစိုက်မှုမပြုခဲ့ပဲ HIP HOP လောကတွင်းက လူတွေအတွက်ချပြလိုက်တဲ့ The Street ။ သြဂုတ်လ (၂၁) ရက်နေ့ ဈေးကွက်ထဲ၊   စာပေလောကအသိုင်းအ၀ိုင်းထဲ၊ HIP HOP လောကထဲရောက်လာမယ်။ “The Street” ဆိုတဲ့ မဂ္ဂဇင်းကိုကြိုဆိုကြရအောင်။

အခက်အခဲတွေ အမျိုးမျိုးကြားထဲကနေ ပရိသတ်တွေဆီ အရောက်ပို့ပေးပို့ခဲ့နိုင်ပါပြီ။ HIPHOPဆိုတာကြီးကို (၇၀) ရာခိုင်နှုန်းထည်ထားပြီး ပရိသတ်ကြိုက်၊ ကိုယ့်အကြိုက်တွေနဲ့ အကောင်းဆုံးရောစပ်ထားပြီးစာမျက်နှာ(၁၂၀)ပါမဂ္ဂဇင်းတစ်အုပ်အဖြစ်တည်ဆောက်ထားပါတယ်။ မဂ္ဂဇင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံခြား HIP HOP မဂ္ဂဇင်းကို ၀ယ်ဖတ်ဖို့ အခွင့်အရေးခက်ခဲတဲ့သူတွေအတွက် “XXL,VIBE,SOURCE နဲ့ SCRATCH” တို့လို့ မဂ္ဂဇင်းတွေကနေ အကောင်းဆုံးစာမူတွေထုတ်ပြီးတင်ဆက်ထားပါတယ်။ ပြီးတော့လည်း Current အဖြစ်ဆုံးနဲ့ Hit အဖြစ်ဆုံး သတင်းတွေကိုသာ စုစည်းတင်ဆက်ထားပါတယ်။             ဒီမဂ္ဂဇင်းထဲမှာ Beef တွေ၊ Rumor တွေ၊ နာမည်ကျော် Rap အဆိုရှင်တွေရဲ့ Interview တွေနဲ့ ဝေေ၀ဆာဆာဖော်ပြထားတဲ့အပြင် “Track Challange” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Sample သီချင်းပြိုင်ပွဲရှိပါတယ်။ ကိုယ်အဖွဲ့ရဲ့ ဒါမှမဟုတ်ကိုယ်ရဲ့ အကောင်းဆုံးလို့ ယူဆထားတဲ့ သီချင်းတစ်ပုတ်ကို”TheStreet”မဂ္ဂဇင်းပါFormအတိုင်းဖြည့်ပြီးရုံးခန်းကိုလာပေးထားလို့ရပါတယ်။ တစ်လအတွင်း “The Street” မှ Judge လုပ်ပြီး ဆုရသူကို မဂ္ဂဇင်းစာမျက်နှာပေါ်မှာ တင်ပြပေးမယ်ဖြင့် အကောင်းဆုံး Promotion တွေပြုလုပ်သွားပေးမှာပါ။ HIPHOPFashionFolder ကဏ္ဍ မှာလည်း မျက်နှာသစ်လူငယ်များ (ကျား/မ) မည်သူ့ကိုမဆို Costume Model လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ စာဖတ်သူပရိသတ်ထံမှလည်း ဝေဖန်သံများကိုလည်း မျှော်လင့် ကြိုဆိုပါတယ်။ မဂ္ဂဇင်းကိုလစဉ် Theme အမျိုးမျိုးထားပြီး တစ်လတစ်မျိုးမရိုးရလေအောင် တင်ဆက်ထားပြီး ရောင်းဈေးကိုလည်း လူငယ်အများစုတတ်နိုင်သောဈေးဖြင့် ရောင်းချဖို့စီစဉ်ထားပါတယ်။ တစ်နှစ်စာယူလိုသူများအတွက်လည်း ဈေးနှုန်းအကောင်းမွန်ဆုံးဖြစ်အောင် စီစဉ်ထားတဲ့အပြင် Door To Door စနစ်ကိုလည်း ကျင့်သုံးပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့HIPHOPရေစီးအားကြီး ပြတ်တောက်မသွားရလေအောင် အရည်အချင်းရှိလူငယ်များပျောက်ကွယ်မသွားရလေအောင် စာဖတ်သူတွေရဲ့ဘ၀အမောများပြေပျောက်ရလေအောင် “The Street” မဂ္ဂဇင်းသည် ပြည်သူလူထုထံသို့ ရောက်ရှိလာပါပြီ….

chop from mmhiphop.com

JmeCover

Comments
  1. junior battle says:

    ကောင်းပါတယ်ဗျာ…. အားပေးနေမှာပါ။

  2. cRunKStA says:

    yeah!! i like it!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s