Belly (Palestine-Canadian Mc)

Posted: August 22, 2009 in Review

belly

Belly ??? သူဘယ်သူလဲ .. ???

သူ့ကို Jenin ဆိုတဲ့ ပါလက်စတိုင်း နဲ့ အစ္စရေးတို့ကြား စစ်ပွဲတွေမရပ်တန်းဖြစ်နေတဲ့နေရာ ၊ လူမျိုးစုဖြုတ်အစုလိုက် အပြုံလိုက်သတ်ဖြတ်ပွဲတွေ      တချိန်လုံးဖြစ်နေတဲ့ ပါလက်စတိုင်းမြောက်ပိုင်းမြို့လေးမှာသူ့ကိုမွေးဖွားခဲ့ပါတယ် ။ ငယ်စဉ်ကလေးဘ၀တောက်လျှောက် ဒီမြို့မှာပဲကြီးပြင်းလာခဲ့ပြီး သူတို့မိသားစုဟာ   Canada , Ottawa  ကိုပြောင်းရွှေ့လာခဲ့ကြတယ် ။ ယခုအချိန်မှာ သူဟာ ကနေဒါမှာ အောင်မြင်တဲ့ Mixtape Album ၃ခွေကိုထုတ်လုပ်ဖြန့်ချီခဲ့ပြီးတဲ့နောက်မှာတော့ Canada,Toranto ပိုင်းမှာ MusicProducer  အနေနဲ့ရော ရေးသားသူ(Writer) အနေနဲ့ရော အရည်အချင်းရှိသူ အဖြစ်အသိအမှတ်ပြုခဲ့ရပါတယ် ။                                                                                                                                                     Belly-History-Of-Violenceသူ့ရဲ့ ” The Revolutin ”  ဆိုတဲ့ ၂ချပ်တွဲ Album ကို ကနေဒါနိုင်ငံရှိ နံမည်ကျော် Cp Record / Fontana North ကနေ ဇွန်လကဖြန့်ချီခဲ့ပြီး   သူ့ဟာ ဂီတဖန်တီးရာမှာ ” လူတွေနေ့စဉ်ကြုံတွေ့ခံစားနေရတဲ့အကြမ်းဖက်မှူတွေ ၊ဗိုလ်စိုးမိုးအနိုင်ကျင့်မှူတွေ၊စစ်ပွဲတွေ၊လူမျိုးခွဲဆန့်ကျင်ရေး အယူဝါဒတွေနဲ့ ၊ သူ့ရဲ့နိုင်ငံရေးအမြင်တွေက လွှမ်းမိုးနေတယ်လို့ ၀န်ခံပါတယ် ။ ဒီလို ပုံရိပ်တွေ ထင်ဟပ်နေလို့လဲ သူ့ဟာသူ့ကိုယ်သူ    ကျေနပ်အားရ ဂုဏ်ယူနေပုံ ရပါတယ် ။

ယခုလောလောဆယ်မှာတော့သူဟာ ကမ္ဘာကျော် Heavyweight တန်းက Scar Face , Ginuwine , Kurupt တို့နဲ့အတူဂီတဖန်တီးမှုများကို  လက်တွဲလိုက်ကိုင်ခဲ့ပြီး SnoopDogg ရဲ့ ၁၇ ရက်ကြာမြင့်မယ့် Tour တစ်ခုမှာ လိုက်ပါဖျော်ဖြေဖို့ရှိပါတယ် ။ Ginuwine နဲ့အတူဖန်တီးခဲ့တဲ့ “Pressure” Produced by ScottStorch ဆိုတဲ့သီချင်းဟာ ကနေဒါနိုင်ငံရဲ့ MusicTop100 စာရင်းမှာ နံပါတ် ၈ ထိရောက်ရှိခဲ့ပြီး ၊ မတ်လရဲ့ ပရိသတ်အတောင်းဆိုဆုံး သီချင်းအဆင့် နံပါတ် ၁ ဖြစ်ခဲ့ပါတယ် ။

ဆန့်ကျင်ခွဲထွက်တဲ့ဟန်၊သမာရိုးကျမဆန်တဲ့အသံ၊ပြင်းထန်တဲ့စကားလုံး၊အတွေးအခေါ်ဆန်တဲ့သီချင်းတွေနဲ့    ဖောက်ထွက်လာခဲ့သူအဖြစ် ဒီ ပါလက်စတိုင်း-ကနေဒီယံ Mc ရဲ့ နောက်ဆုံးဖြန့်ချီခဲ့တဲ့ “ History Of Violence ” သီချင်းဗွီဒီယိုဟာ အမေရိကန်မီဒီယာလောက ကို အထိတ်ထလန့်ဖြစ်စေခဲ့ပြီး စောင့်ကြည့်စာရင်းသွင်းခံရတဲ့အထိဂယက်ရိုက်စေခဲ့ပါတယ် ။

ဒါကတော့ သူ့နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Uncle Snoop နဲ့အတူတွဲဆိုထားတဲ့ Club Banger Track ပါ…။   မြည်းကြည့်လိုက်ပါဦး ။

Listen here : Belly feat Snoop Dogg – Hot Girl belly snoopdogg

download here :Belly feat Snoop Dogg – Hot Girl

PS: Youtube Link တွေမို့လို့ကြည့်မရရင် ဒီကနေ (vtunnel.com)နှိပ်ပြီးကျော်လွှားကာကြည့်လို့အဆင်ပြေနိုင်ပါမယ် ။

Comments
  1. Woah says:

    bro, any other tracks?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s