MMHIPHOP Member များရဲ့ကောင်းမှု

Posted: August 26, 2009 in News
Tags:

SideAသုခရိပ်မြုံ လူမှုထောက်ပံ့ရေး
ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမျိုလျက်ရှီပါသည်။ လွန်ခဲ့သော (27) နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော HIV ရောဂါပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနုတ် ယူငင်သွားသောအခါ ၄င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။ ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုးမရှီသူများကို ဆွေးမျိုးညာတိများက သနားကြင်နာစွာ ကြည့်ရှုစောင့်ရှောက်ခြင်းရှီသကဲ့သို့ ဆွေးမျိုး ညာတိမရှိသူများကိုလည်း မိဘမဲ့ဂေဟာများက နှစ်လိုစွာ လက်ခံကြပါသည်။
သို့သော် ရောဂါပိုးရှီနေပြီးဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲများစွာ ရှီနေပါသည်။ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင် တော့သော အခြေအနေသို့ ရောက်ရှီနေသူများ၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်မည့်သူ မရှိသောသူများ ….. အစရှီသောကလေးငယ်များအား မိဘမဲ့ကလေးဂေဟာများတွင် ရောဂါကင်းစင်သော သာမန်ကလေးများနှင့်အတူ ရောနှောထားလျှင်လည်း မလိုလား အပ်သော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှီလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်သူ ကင်းမဲ့နေသော ရောဂါပိုးရှီသူ ကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှုပေးနိုင်သော သီးသန့်ဂေဟာတစ်ခုလိုအပ်လာပါသည်။ HIV ရောဂါပိုးကြောင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှု ခံယူနေရသော ကလေးငယ်များ (HIV infected & affected children) ကို ကြင်နာစွာဖြင့် ၄င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်း အခြားတွင် မိသားစုအခွင့်အရေးများ တတ်နိုင်သမျှ အပြည့်အ၀ ရရှီခံစားနေထိုင်ရေးကို ရှေ့ရှုကာ ကိုယ်ချင်းစာတရား လက်ကိုင်ထား သောသူများ စုပေါင်းကာ တတ်နိုင်သမျှသော မတည်လှူဒါန်းငွေဖြင့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို စတင်အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရန်အတွက် အများပြည်သူစေတနာရှင်းများ၏ အလှူငွေများဖြင့် ဆက်လက်လည်ပတ် သွားမည် ဖြစ်ပါသည်…
ကလေးဦးရေကတော့ ယောက်ျားလေး 22 ဦးနဲ့ မိန်းကလေ 19 ဦးရှိပါတယ်။ ကလေးတွေကို နေ့တစ်ဝက်စာကျွေးမွေးချင်ရင်တော့ 25000 ကုန်ကျမှာဖြစ်ပြီးတော့ တစ်နေ့လုံးစာအတွက်ဆိုရင်တော့ 50000 ကုန်ကျမှာပါ.. ကျွန်တော်တို့ MMHIPHOP Member များမှ လှူဒါန်းငွေကို ကလေးများအတွက် တစ်နေ့စာအကျွေးအမွေး 50000 နဲ့ ကျန်ရှိပိုက်ဆံအား အလှူငွေအဖြစ် စုစုပေါင် 65000 အားသွားရောက်လှူဒါန်းခဲ့ပါသည်။ သူငယ်ချင်းများအနေဖြင့်လဲမွေးနေ့ဘဲဖြစ်ဖြစ် အမှတ်တရနေ့တွေဘဲဖြစ်ဖြစ် မိဘမဲ့ပြီး HIV ရောဂါ ကူးစပ်ခံထားရတဲ့ ကလေးငယ်များအတွက် နေ့တစ်ဝက်စာဘဲ ဖြစ်ဖြစ်၊ တနေ့လုံးစာဘဲဖြစ်ဖြစ် သွားရောက်လှူဒါန်းနိုင်ပါတယ်…

mmhiphop donation

mmhiphop donation

mmhiphop donation

mmhiphop donation

mmhiphop donation

mmhiphop donation

mmhiphop donation

Chop from : mmhiphop.com

Comments

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s