9′Night-The First Myanmar Hiphop Acoustic Show

Posted: October 5, 2009 in News
Tags: ,

9522_1206897325532_1021626680_30657383_2254825_n1

အောက်တိုဘာလရဲ့ ပထမဆုံးရှိုးပွဲကြီးဖြစ်တဲ့ 9Night’t  Hiphop Show ပွဲကြီးကို၂ရက်နေ့ ညနေ ၄နာရီက မြရိပ်ညိုဟိုတယ်မှာအောင်မြင်စွာ ပြီးခဲ့ပါတယ် ။ ကြိုမှန်းထားလို့မရတဲ့အထဲမှာ မိုးကလည်းတစ်ခုအပါအ၀င်ဖြစ်တဲ့ အတွက်ညနေ ၄နာရီပွဲ စတော့မယ့်အချိန်မှာ မိုးတွေရွာခဲ့ပြီး ညနေ၆နာရီ လောက်မှမထင်မှတ်ပဲ ဆဲသွားပါတယ် ။ ဒါကြောင့် ပွဲကို ၆နာရီလောက် မှာစနိုင်ခဲ့ပါတယ် ။ အဲဒီပွဲမှာ စီစဉ်တင်ဆက်သူအဖြစ် J-Me ကဆောင်ရွတ်ခဲ့ပါတယ် ။ အရင်ဦးဆုံး တီးဝိုင်းနဲ့ Hiphop ကို သီဆိုပြတဲ့ ရသဖြစ်ပါတယ် ။ ရသရဲ့ နောက်မှာတော့ ပရိသတ်တွေ မျှော်လင့်စောင့်စား နေကြတဲ့ Acid အဖွဲ့က အနဂ္ဂ နဲ့ ရန်ရန်ချမ်း တို့ရဲ့ ပြန်လည်ပေါင်းစပ်မှူနဲ့ ကွယ်လွန်သွားတဲ့ ACID အဖွဲ့မှ ဟိန်းဇော်ကို ပရိသတ်တွေ အမှတ်ရစေမယ့် ပွဲလည်းဖြစ်ခဲ့ပါတယ် ။

နောက်  9’Nightပွဲရဲ့အောင်မြင်မှုတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဂီတတွေ ၊ ဂီတဖန်တီးမှုတွေကို နိုင်ငံခြား တွေကလည်း တစ်စတစ်စနဲ့ စိတ်ဝင်စားလာကြပြီ ဆိုတာ 9’Night ပွဲမှာမြင်တွေ့ခဲ့ရပါတယ် ။သူတို့တွေရဲ့ နိုင်ငံမှာသာ Hiphop ကို တီးဝိုင်းနဲ့ ဖျော်ဖြေနိုင်တာမဟုတ်ဘူးဆိုတာကို 9’Night ပွဲက သက်သေပြခဲ့ပါတယ် ။ ဒါကြောင့် အဲဒီနေ့ကတော့ မိုးတွေဘယ်လောက်ပဲအုံ့အုံ့ ၊ မိုးတွေဘယ်လောက်ပဲ ရွာရွာ 9’Night ပရိသတ်ကြီးနဲ့ 9’Night ပွဲကြီးကတော့ ဂရုမစိုက်ပဲ သံစဉ်တွေကြားမှာကခုန်ခဲ့တဲ့ညတစ်ညလို့ပြောရမှာပါပဲ

ပေါ်ပြူလာဂျာနယ် မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s