R&B taste အသစ်အဆန်းတွေချပြသွားမယ့် Ar-T

Posted: October 11, 2009 in Interview
Tags: , ,

Ar-T

*Ar-T ရဲ့အနုပညာလှုပ်ရှားမှုကို စပြောပေးပါလား…
~ 9’Night အခွေမှာပါမယ်။ Jme တစ်ကိုယ်တော်ခွေ၊ G-Tone တစ်ကိုယ်တော်အခွေတွေမှာဆိုထားတယ် ။
ခုလောလောဆယ်တော့ အဲဒီအခွေတွေထဲပေါ့ ။နောက် ကျွန်တော့ တစ်ကိုယ်တော်အခွေအတွက် လုပ်နေတယ် ။

*တစ်ကိုယ်တော်ခွေက ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ…
~သီချင်းတွေ သေချာရွေးရတော့မယ် ။တီးတဲ့အပိုင်းက ကျန်တဲ့ဟာကျန်တယ် ။ဆိုပြီးတာတွေ ဆိုပြီးသွားပြီ..။
သုံး လေးပုဒ်လောက်တော့ ပြီးသွားပြီ ။

*အခွေတွေအတွက် အတီးပိုင်းနဲ့ Featuring ဘယ်သူတွေပါသေးလဲဆိုတာလည်း ပြောပါဦး…
~အတီးပိုင်းတွေကို KGK၊ OBO KingBeatz ၊ YDNB ကဖြိုးဝေ တို့ကတီးပေးကြမှာပါ ။ Featuring တွေကတော့ J-Me ၊ G-Tone ပေါ့။
ဘယ်သူတွေပါဦးမလဲ ဆိုတာကိုတော့ သေချာပြောလို့ မရသေးပါဘူး…။

* R&B မြူးဇစ်ကို ရွေးချယ်ဖန်တီးဖြစ်သွားတာက…??
~R&B ဆိုတာကို ဘာမှန်းမသိခင် ငယ်ငယ်လေးကတည်း MTVတွေကြည့်ရင် R&B Rhmyme လေးတွေကိုအရမ်းသဘောကျတယ် ။
လိုက်လည်းဆိုချင်တယ်။ ရှစ်တန်း၊ကိုးတန်း ဆိုတော့အင်္ဂလိပ်စာ ကလည်း မကောင်းသေးဘူး ။ အဲဒါအသံထွက်တွေမှတ်ပြီး သီချင်းတွေ
လိုက်ဆိုတာ..ဒီလိုနဲ့ တဖြည်းဖြည်းကြာလာတော့မှ ငါကြိုက်တဲ့ မြူးဇစ်ပုံစံက R&B ပါလားဆိုပြီး သိလာတာ…
ဒါကြောင့် ဒီမြူးဇစ်ကိုပဲရွေးချယ်ဖန်တီးဖြစ်ခဲ့တယ် ။

*သီချင်းတွေကလည်း ကိုယ်တိုင်ရေးတာတွေကြီးပဲနော်…သူများတွေကိုရေးပေးဖြစ်လား…????
~သီချင်း အားလုံးကိုတော့ ကိုယ့်ဘာသာပဲရေးတယ်..သူများတွေကိုလည်း ရေးပေးဖြစ်နေပါတယ် ။ ခုလောလောဆယ် မယ်လိုဒီ၊သဇင် နဲ့
အိမ့်ချစ်တို့အတွက် ရေးပေးနေပါတယ်…။

*သီချင်းရေးတဲ့အပိုင်းကျတော့ရော…R&B သီချင်းအမျိုးအစားသီးသန့်ပဲ လက်ခံရေးပေးတာမျိုးလား….?????

~အားသန်တာကတော့ R&B ပဲအားသန်တယ်…တခြား သီချင်းပုံစံမျိုးတွေတော့ မလုပ်ကြည့်ဖူးဘူး…
ဒါပေမယ့် ကျွန်တော်ဒါကတော့ ကိုယ့်အတွက်မို့လို့၊ဒါကတော့ သူတို့အတွက်မို့လို့ဆိုပြီး ခွဲခြားရေးပေးတာမျိုး၊လျှော့ရေးပြီးတာမျိုးမရှိဘူး..
အလုပ်တစ်ခုလုပ်ပြီဆိုရင်လည်းအကောင်းဆုံးဖြစ်အောင်အမြဲကြိုးစားပြီးလုပ်တယ်…။

*Ar-T အခွေထဲက R&B တွေကရောဘယ်လို ပုံစံမျိုးလေးတွေဖြစ်မလဲ…????
~Bounce ဖြစ်တဲ့ NewSkool ပုံစံမျိုးလေးတွေပေါ့..UpBeat ပုံစံမျိုးလေးတွေပါမယ်..။

*Woah! ဒါဆိုအသစ်တွေကြားရတော့မှာပေါ့..???
~ဟုတ်တယ်..အသစ်အဆန်းတွေချည်း ပရိသတ်ကိုချပြသွားမယ်..R&B ရဲ့ Taste လေးတွေပဲပေါ့ ။
ကိုယ်က Afirican-American မဟုတ်တဲ့အတွက် အစစ်ကြီးတွေတော့ မလုပ်ပြနိုင်သေးဘူး ။ ဒါပေမယ့်…
အတတ်နိုင်ဆုံး..ပရိသတ်တွေအတွက် အမိုက်စားတွေဖန်တီးသွားမယ်..

*ဟုတ်ပါပြီ..ဒါနဲ့ 9’Night အခွေမှာပါဝင်ဖြစ်သွားတဲ့အကြောင်းနဲ့ အမှတ်တရလေးတွေရှိရင် ပြောပြပေးပါဦး…
~အမှတ်တရတော့ဖြစ်တယ်…ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်က 9’Night အခွေရိုက်ကူးဖြစ်ခဲ့သေးတယ် ။ အဲဒီတုန်းက…
ကျွန်တော်က မန္တလေးကို ပြန်တော့မယ်အချိန်ပေါ့…အဲဒီမှာ 9’Night ပရိုဂျူဆာ ကိုဂျေနဲ့ တွေ့ပြီးရိုက်မယ့် နှစ်ရက်အလိုမှ…
ကျွန်တော်က အဲဒီအခွေမှာ ပါဖြစ်သွားတာ ။ ကမန်းကတန်းကြီး…အဲဒီကတော့ အမှတ်တရပဲ…. ။

*ဂီတလောကထဲ ဘယ်လိုရောက်တာလာတာလဲ…????
~ကျွန်တော် လင်းပင်ဟိန်း စတူဒီယိုမှာ ‘ချစ်တယ်ပြောချင်လို့’ သီချင်းကို စသွင်းဖူးတယ်…
ပြီးတော့ လင်းပင်ဟိန်းရဲ့ ‘အတု နဲ့ အစစ်’ ဆိုတဲ့အခွေမှာ ဒီသီချင်းလေးထည့်ဖြစ်သွားတယ်…
အဲဒီနောက်ပိုင်း Jme နဲ့တွေ့ပြီးတော့မှပဲ ဒီအနုပညာလုပ်ငန်းတွေကို တကယ်အတည်လုပ်ဖြစ်လာတာ…အစကတော့အပျော်ပဲ..။
စံနစ်တကျ လုပ်ဖြစ်တာကတော့ ဂျေမီနဲ့တွေ့ပြီးတော့မှပဲပေါ့…။

*ဒါဆိုအဲဒီအချိန်တုန်းကနဲ့ ခုနဲ့ရော..ဘာတွေကွာခြားသွားပြီလို့ ကိုယ့်ကိုကိုယ်ထင်လဲ…????
~ခုချိန်ထိ အရမ်းကြိုးစားနေရတုန်းပဲ…အိမ်ကလည်းအားပေးတာမဟုတ်တော့လေ..ဒါပေမယ့် J-Me တို့..
ဒီအသိုင်းအ၀ိုင်းကအရမ်းအားပေးတယ် ။ ဘယ်လိုပြောမလဲ…ဟိုးအရင်တုန်းက မြူးဇစ်လုပ်တယ်ဆိုတာလည်း စမ်းတ၀ါးဝါးနဲ့
မလုပ်ဖူးတဲ့ အလုပ်ကိုလုပ်ကြည့်တာ…၀ါသနာပါတာပဲ သိတယ်..။ ဒါပေမယ့် အဆင်ပြေတယ်..သဘောလည်းကျတယ်… ။
ကိုယ့်ဘာသာလည်း ကျေနပ်မှုရှိတယ်ဆိုတော့ ဆက်လုပ်ဖြစ်သွားတာ..။

*Ar-T ကမန္ထလေးကနော်..ဒါပေမယ့် ရန်ကုန်ရှိုးပွဲတွေမှာတွေ့ဖူးတယ်..။
~ရန်ကုန်ရှိုးပွဲနှစ်ပွဲ ဆိုဖူးတယ်.. J-Me နဲ့ ‘ချစ်တယ်ပြောချင်လို့(REMIX)’ တွဲဆိုဖူးတယ်..အရမ်းလည်းအားပေးကြတယ်..။

*ဟုတ်တယ်မှတ်မိပြီ..မြရိပ်ညိုမှာလေ ။ ရန်ကုန်ပရိသတ် ကိုရောဘယ်လိုမြင်လဲ..????
~ဒီက ပရိသတ်ကအရမ်းမိုက်တယ် ..

*Music လောကထဲကို ရောက်ချင်းဆိုသလို J-Me နဲ့လက်တွဲဖြစ်ခဲတော့..ဒါဟာ Ar-T အတွက် ပရိသတ်တွေသိဖို့ အားသာချက်တစ်ခုဖြစ်လိမ့်မလား……?????
~ကံလို့ပဲပြောရမှာပေါ့..ကျွန်တော်လည်းအရမ်းကြိုးစားတယ်..နောက် J-Me တို့ကလည်းကျွန်တော့ကို အရမ်းထောက်ပံ့ပေးကြတယ်..
အစစအရာရာပေါ့.. အိုင်ဒီယာတွေပေးတယ်..။ ကျွန်တော်ဖြစ်ချင်တာတွေကို သူကသိပ် Control မလုပ်ဘူး..ဒါပေမယ့်..
ဖြစ်သင့်တာတွေကို ရှင်းပြပေးတယ်..။

*R&B ဂီတရေစီးကိုရော Ar-T ဘယ်လိုမြင်လဲ..???
~ခုနောက်ပိုင်းဒီ R&B တွေက ဒန့်စ်တွေ၊ပေါ့ပ်တွေ၊အီလက်ထရိုတွေ အဲဒါတွေရောတဲ့ ပုံစံလေးတွေ ခေတ်စားလာတယ် ။
တကယ်တန်းကျွန်တော်သွားချင်တာ..အရင်တုန်းက အရမ်းကြိုက်ခဲ့တာတွေကျတော့ Blues တွေ၊ Jazz တွေကို Influence ယူပြီး..
တော့မှလုပ်ခဲ့တဲ့ African-American တို့ရဲ့မြူးဇစ်တွေကိုသွားချင်တာ…ဒါပေမယ့် ခုနောက်ပိုင်းကျတော့ လူမျိုးပေါင်းစုံက R&B’ကို
ခေတ်သစ်ပုံစံ၊နားဝင်ချိုမယ့် ပုံစံလေးတွေလုပ်လာကြတယ်..အပြင်းစားကြီးတွေ မလုပ်တော့ဘူး…။

*Ar-T ရဲ့ Performance တွေလည်းတော်တော်မိုက်တာတွေ့ရတယ်..။
~ကျွန်တော်က ခုမှ လုပ်ခါစဆိုတော့ စင်ပေါ်မှာ ပရိသတ် ကိုယ့်ကိုအလွန်ဆုံးတွေ့ရရင် ၅မိနစ်၊၁၀မိနစ် ပဲလေ။အဲဒီ ၅မိနစ်..၁၀မိနစ်
အတွင်းမှာ ကျွန်တော့ဘက်က တတ်နိုင်သလောက် အဆိုရော..တခြား ပါဖောမန့်စ်လေးတွေနဲ့ပါ ပရိသတ်ကို အကောင်းဆုံးဖျော်ဖြေပေးချင်တယ်
ခုလည်း ကြိုးစားနေတုန်းပဲ…အဲဒီအချိန်မရောက်သေးဘူး..

*ဘယ်သူ့သီချင်းတွေ၊ဘယ်လိုသီချင်းတွေက Ar-T ကို မြူးဇစ်နဲ့ပတ်သတ်ပြီး စိတ်ကူးစိတ်သန်းကောင်းကောင်းလေးတွေပေးစွမ်းနိုင်လဲ??
~ကျွန်တော့်ရဲ့ ပုံမှန် Icon တွေကတော့ R Kelly ။ သူကတော့ကျွန်တော့်ရဲ့ All Time Favourite ပဲ..နောက် MariahCarey..
ChrisBrown..နဲ့ Mary J Bliege သီချင်းတွေကို အမြဲနားထောင်ဖြစ်တယ် ။ နောက်တစ်ကျော့ ပြန်နားထောင်ဖြစ်နေတာတွေက..
NewSkool မကျ OldSkool မကျ NewAge R&B’ တွေလည်းနားထောင်ဖြစ်တယ်..။

*Ar-T သဘောကျတဲ့ဖက်ရှင် စတိုင်လကရော ဘယ်လိုပုံစံမျိုးလဲ..???
~ပွင့်ပွင့်လင်းလင်းပြောရရင်..ဒီမြူးဇစ်ပိုင်းဘက်မှာ သိပ်မပြီးသေးတော့ ဖက်ရှင်ဘက်ကိုသိပ်စိတ်မရောက်သေးဘူး…ဒီဘက်ပိုင်းပြီးမှပဲ
အဲဒီဘက်ကို လှည့်တော့မယ်..။ ပြီးမှပဲ အဲဒီဘက်ကို လှည့်တော့မယ် ။ ဒါပေမယ့် ကျွန်တော် KanyeWest နဲ့ Pharrell Williams
တို့ ၀တ်တဲ့ ဖက်ရှင်တွေကို ကြိုက်ပါတယ်..။

*အချစ်ရေးလည်းမေးရဦးမယ်…Ar-T ရဲ့ အချစ်ရေးက…..???
~Album နဲ့ပတ်သတ်ပြီး စိတ်ဖိစီးမှူတွေများနေတဲ့ အချိန်မှာ အချစ်ကဘယ်ရောက်နေမှန်းကိုမသိတော့ဘူ…

မေသော် (Now Magazine)

chop from NowMag:Oct,2009

Comments
  1. z19 says:

    ar-t min ဆီက သိချင်းဝယ်ချင်လို့ပါ……………………လိပ်စာပေးပါ………………

  2. juju says:

    u r besttttt……..KO AR T….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s