နယူးဇီးရိုးက စုတ်ချက်မဲ့ အနုပညာပြပွဲ – ရတနာထွန်း

Posted: November 5, 2009 in Art, Review
Tags: , , , , ,

new zero art : 31st

ဒီဘက်ခေတ် လူငယ်တွေကြား ရေပန်း စားနေတဲ့ ဟစ်ပ်ဟော့ဂီတနဲ့အတူ နံရံ ဆေးမှုတ်ခြင်းက အနုပညာတစ်ရပ်အနေ နဲ့ ပရိသတ်တွေခံစားလာနိုင်တဲ့    အထိဖန်တီးသူတွေကကြိုးစားလာကြပါပြီ။

အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဒဂုံမြို့နယ် မှာရှိတဲ့ New Zero Art Space မှာ နံရံ ဆေးမှုတ်ပန်းချီပြပွဲတစ်ရပ်ကို ကျင်းပနေ ပါတယ်။
ASH, NSH, YSA, SCY, Santan Unit, NZNG, ရဲရဲ၊ New Zero အဖွဲ့သားတွေနဲ့ New Zero Next Generation စတဲ့ အဖွဲ့တွေက လူငယ် တွေ၊  ပန်းချီဆရာတွေ စုစုပေါင်း အယောက် ၅၀ ခန့်က ပြခန်းထဲမှာ ကင်းဗတ်စပေါ်မှာ ရေးဆွဲပြီးတော့ရော အပြင်ဘက်က နံရံထက်မှာပါ နံရံဆေး မှုတ်ပန်းချီတွေကို ပြသနေပါတယ်။
မှုတ်ဆေးဗူးတွေနဲ့အဓိကရေးဆွဲထား တဲ့ ဒီလက်ရာတွေက အရောင်အသွေး ရင့်ရင့်နဲ့ မတွန့်မဆုတ်ရေးဆွဲဟန်တွေ ကြားမှာ   လူငယ်ဆန်တဲ့ရသတွေ၊ ဖော်ပြဟန်သွက်သွက်တွေနဲ့ခံစားသူကိုဆွဲ ဆောင်နေပါတယ်။
နံရံကျယ်ကျယ်ထက်မှာ အဖွဲ့ကိုယ်စီ ရဲ့ စိတ်ကူးကွန့်မြူးထားတဲ့ စာလုံးပုံစံ တွေ၊ နံရံဆေးမှုတ်ပန်းချီမှာ မြင်တွေ့နေ ကျ ကာရိုက်တာဆန်းဆန်းတွေ။                                                          ဒါ.. ဟစ်ပ်ဟော့ရဲ့ လွှမ်းမိုးမှုသက်သက်တင် မကတော့ပါဘူး။ မြန်မာလူငယ်လေးတွေ ရဲ့ ပင်မအနုပညာရေစီးထဲ ဖောက်ထွက် လာတဲ့ ရေးဆွဲမှုတွေပါပါဝင်လာပါပြီ။
ဒီပွဲက ပထမဆုံး နံရံဆေးမှုတ် ပန်းချီ ပြပွဲတော့မဟုတ်ပါဘူး။ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ဒီပွဲကို စီစဉ်ဖို့ လွန်ခဲ့တဲ့ နှစ်တွေထဲက စိတ်ထဲမှာ ရှိနေခဲ့တာပါလို့နယူးဇီးရိုးကကိုအေးကိုကပြောပါ တယ်။
10218_1224499245569_1021626680_30710258_7026160_n
၂၀၀၅ ခုနှစ်မှာ အမေရိကသွားတုန်း အဲဒီမှာ ဒါနဲ့ပတ်သတ်ပြီးလေ့လာခဲ့ဘူး တယ်။ ပြန်လာတဲ့အခါကျတော့ ဒါနဲ့ ပတ်သတ်ပြီး လှုပ်ရှားမှုလေး တစ်ခု အနေနဲ့ လုပ်ချင်လာတယ်။ လူငယ်တွေ က ဒါကို လမ်းမှာ လျှောက်ဆွဲနေမယ့် အတူတူ ပြပွဲကြီးတစ်ခု ဖြစ်အောင် လုပ်မယ်လို့စိတ်ကူးပြီး စီစဉ်ဖြစ်ခဲ့တာပါ’‘ လို့ပြောပါတယ်။
ပန်းချီကအယူအဆတွေနဲ့ ဒီနံရံ ဆေးမှုတ်ပန်းချီက ကွာခြားတယ်လို့
သူ့ အတွေ့အကြုံကိုလည်း ကိုအေးကိုက ပြောပြပါသေးတယ်။
အရောင်သဘောတရားကတော့ အ တူတူပါပဲ။ ဒါပေမယ့် ဒီမှာတော့ ခေတ် ရေစီးကြောင်းထဲမှာ ရှိနေတဲ့ အကြောင်း အရာတွေကို စာလုံး တွေ၊အရုပ်တွေနဲ့ ဖော်ပြကြတယ်။ ပန်းချီရေးတာက နည်း နည်းပိုလွယ်တယ်။ ဒါက နည်းနည်းပို ချက်တယ်။ မှုတ်ဆေးရဲ့အထာကိုသိဖို့ လည်းလိုတယ်။ ပန်းချီကျတော့ ဇိမ်နဲ့ ရေးတတ်ကြတယ်။ ဒါကတော့ မြန်မြန် ဆန်ဆန်ဖန်တီးတတ်ကြတာပေါ့”လို့ပြောပါတယ်။
ဒီမှာ နံရံဆေးမှုတ်ပန်းချီက ဖွံ့ဖွံ့ဖြိုး ဖြိုးမရှိသေးပေမယ့် လူငယ်တွေရဲ့ စိတ် ၀င်စားမှုကိုတော့ အများအပြားရနေပါ တယ်။  ဒါကြောင့်လည်းနောင်တစ်ချိန်မှာဒါကိုရေးဆွဲကြမယ့် မျိုးဆက်သစ် လူငယ်တွေအတွက် ဒီပွဲက ပံ့ပိုးမှုတစ်ခု ပါလို့ ကိုအေးကိုကဆိုပါတယ်။
ဒါပေမယ့် ကြည့်ရှုသူတွေက ဘယ်လို ရသတွေကို ခံစားမိမယ်ဆိုတာကတော့ ခန့်မှန်းရခက်တယ်လို့ သူကပြောပါ တယ်။
နိုင်ငံတကာမှာလည်း ဒါကို ပြပွဲတွေ အနေနဲ့တင်ဆက်လာကြပါပြီ။ အရမ်း လည်းအောင်မြင်ကြပြီး အနုပညာတစ်ခု အနေနဲ့လည်း သတ်မှတ်ထားတာရှိပါ တယ်။ ဒါကလည်း တကယ်ဆိုရင် ပို့စ် မော်ဒန်ဖက်ကို စိမ့်ဝင်လာတာပါ။ အခု ပန်းချီကားထဲမှာ စာတွေရေးတာရှိလာ တယ်။ တကယ်တော့ အနုပညာတွေက တစ်ခုခုနဲ့တစ်ခု ဆက်စပ် ပေါင်းကူးနေ တာပါ။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ လက်ခံမှုနည်းသေးပါတယ်။ ဒါပေမယ့် နောက်ကျယ်ပြန့်လာမယ့်အလားအလာ ရှိပါတယ်။ အနည်းဆုံးတော့ လူတွေက ဒါလေးတွေကို လမ်းမှာ မြင်တဲ့အခါ ငေး မကြည့်ပဲမနေနိုင်ဘူးလေ” လို့ သူက ပြောပါတယ်။
10852_102459419773374_100000279504418_65503_2814070_n
နိုဝင်ဘာလထဲမှာကျင်းပမယ့် ဒစ်ဂျစ် တယ်အနုပညာပွဲတော်မှာ ပါဝင်ပြသသူ တွေထဲက တစ်ယောက်ဖြစ်တဲ့ ပြင်သစ် ဂရပ်ဖစ်ပညာရှင် ပါဘလီတို ဇာဂိုက တော့ ပြပွဲမတိုင်ခင်ရေးဆွဲမှုတွေကို သွား ရောက်ကြည့်ရှုခဲ့ပြီး ပြသမယ့်လက်ရာ တွေနဲ့ ပတ်သတ်လို့ ဒီလိုမှတ်ချက်ပေး သွားပါသေးတယ်။
ကျွန်တော်ဒီကို လွန်ခဲ့တဲ့နှစ်နှစ် လောက်တုန်းကလည်း လာခဲ့ဖူးပါတယ်။ အဲဒီတုန်းက အခုပြပွဲမှာ ပါဝင်တဲ့ YSA အဖွဲ့က ကိုတိုးနဲ့လည်းတွေ့တယ်။ ဒီနံရံ ဆေးမှုတ်တာတွေရေးဆွဲတဲ့ လူငယ်တွေ နဲ့လည်းတွေ့ဖြစ်ခဲ့ပါတယ်။ လက်ရာအ များစုကတော့ ဟစ်ပ်ဟော့နဲ့ အနီးစပ် ဆုံးပေါ့ဗျာ။ အခုနယူးဇီးရိုးပြပွဲမှာ ပြဖို့ ရေးဆွဲနေတာတွေတွေ့ပြီးပါပြီ။ သူတို့ရဲ့ ဖန်တီးမှုတွေကို တကယ်နှစ်သက်တယ် ဗျာ။ ဒီလက်ရာတွေကနေ ထပ်ပြီး ရသ မြောက်မယ့် တိုးတက်မှုတွေဖြစ်လာရဦး မယ်ဆိုတာ မြင်နေရတယ်’‘ တဲ့။
ရတနာထွန်း ( Myanmar Times )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s