WILL U EVER DREAM THIS MAN??? ( LMFAO!!!!)

Posted: November 7, 2009 in Bitch Please, News
Tags:

ejaz1

ဟုတ်မဟုတ်တော့မသိဘူး အွန်လိုင်းမှာနာမည်ကြီးနေလို့ သူငယ်ချင်းတို့ကို ဖောက်သယ်ချတာပါ။ ၂ဝဝ၆ ဇန်နဝါရီလကတည်းကနေပြီး ယခုအချိန်အထိ ကမ္ဘာတဝမ်းမှာရှိ့တဲ့ မြို့ပေါင်းများစွာမှ လူအယောက်ပေါင်း နှစ်ထောင်ကျော်ဟာ အထက်မှာဖော်ပြထားတဲ့ သူရဲ့ပုံကို အိမ်မက် ထဲမှာ မြင်မြင်နေကြပါတယ်တဲ့။
ဇာတ်လမ်းအကျဉ်းချူပ်ကတော့ ၂ဝဝ၆ ခုနှစ် ဖန်နဝါရီလမှာ မိန်းမတစ်ယောက်ဟာ သူမ ညဖက်ညဖက် အိပ်တဲ့အချိန် အိမ်မက်ထဲမှာ ထိုမြင်နှာကို ခဏခဏ တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ထိုလူကိုသူအပြင်မှာ တစ်ခါမှ မမြင်ဖူးဘဲနဲ့ဖြစ်နေတာကြောင့် ထိုပုံကိုခဲတံနှင့်ဆွဲပြီး သူမရဲ့ စိတ်ရောဂါကုဆရာဝန်ကို ပေးခဲ့ပါတယ်။

ဆရာဝန်က သူမပေးတာကို ယူပြီး သူ့ရဲ့စာပွဲပေါ်မှာ တင်ထားလိုက်ချိန်မှာ နောက်လူ နှာတစ်ယောက်ကလဲ ထိုမျက်နှာကို သူလည်း ခဏခဏအိမ်မက်မက်ပါတယ်လို့ပြောဆိုလာပါတယ်။ ထိုဆရာဝန်ဟာ ထိုဖြစ်ရပ်ဆန်းဓါတ်ပုံကို သူ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကို ပေးပြီး သူ့သူငယ်ချင်း လူနာတွေကို ပြကြည့်လိုက်တဲ့အခါမှတော့ ထိုလူနာတော်တော်များများဟာ အဲ့ဒီပုံက မျက်နှာကို သူတို့လည်း အိမ်မက်ထဲမှာ မြင်မက်ကြကြောင်း ပြောကြားကြပါတယ်။ အဲ့ဒီ ပုံကို တော့ အခု ဝဘ်ဆိုက် တစ်ခုပေါ်မှာဖော်ပြလိုက်တဲ့ ဝဘ်ဆိုဒ်ကတော့ အခုဆို ကမ္ဘာမှာလူအများဆုံးဝင်ကြည့်တဲ့ ဆိုဒ်တစ်ခုဖြစ်လာပါတယ်။ အခုဆိုရင်လဲ ထောင်ပေါင်းများစွာသောသူများကလဲ သူတို့လည်း မြင်မက်ခဲ့ဖူးကြောင်း ပြောကြပါတယ်။ တချို့တော့ ဒါကလိမ်ကျစ်လုပ်တာ မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။

ဖော်ပြထားတဲ့ ဝဘ်ဆိုဒ်ကတော့ . . .

http://thisman.org

ကမ္ဘာတဝှမ်းကမြို့တွေမှာ မြင်တွေ့ရတယ်ဆိုပြီး ထိုဓါတ်ပုံကို ကပ်ထားတာကတော့ ဒီမှာသွားကြည့်နိုင်ပါတယ။်

http://thisman.org/intheworld.htm

myanmarreader.co.cc ဆိုဒ်မှပြန်လည်ကူးယူဖော်ပြထားပါတယ်..ရီတော့ရီရတယ်…အပျင်းပြေပေါ့ဗျာ..

Comments
  1. မီးမီး says:

    i don’t know how can i say….but for me….i don’t believe…:)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s