သုဝဏ္ဏကွင်းမှ ပြိုင်ကားမောင်းကွင်းသစ်

Posted: November 7, 2009 in News
Tags: ,

2_57_5ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း နယ်မြေရှိ ပြိုင်ကား မောင်းကွင်း ဖွင့်လှစ်မည့် အကြောင်း၊ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ (၂၄)ရက်၊ နေ့လည်(၂)နာရီက အဆိုပါ ကားမောင်းပြိုင်ကွင်းတွင် ကျင်းပပြုလုပ်ရာ ဒုတိယ ဗိုလ်မှူးကြီး တင်အောင်မြင့် (ငြိမ်း)နှင့် ဦးသိန်းဌေးတို့က အသီးသီး ရှင်းလင်းပြကြပါတယ်။ အဆိုပါ အခမ်းအနားတွင် ဦးတင်အောင်မြင့်က ကျွန်တော်တို့ကလပ်ရဲ့နာမည်က GALAXY RACING KARTS GROUP ဖြစ်ပါတယ်။ ကျွန်တော်တို့ ကားမောင်းပြိုင် ကွင်းကို အား/ကာဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ နှစ်ရှည် စာချုပ်ချုပ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က (၁)ပြည်သူတွေ အပန်းဖြေရာ တစ်နေရာ ဖြစ်လာအောင် တစ်နေရာ၊ (၂)ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မတွေ့မကြုံဘူးသေးတဲ့ ပြိုင်ကားကို မျိုးဆက်သစ်တွေနဲ့ မိတ်ဆက်ဖို့ပဲ ဖြစ်ပါတယ်။ ခုခေတ်ကလေးများပြိုင်ကားမောင်းနှင်ခြင်းအတွေ့အကြုံရရှိဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ ကွင်းအကျယ်က စုစုပေါင်း(၆)ဧကခွဲကျယ်ပါတယ်။ ကားမောင်းအရှည်က တစ်မိုင်ခွဲကျော်ပါတယ်။ ပြိုင် ကားကို ဂျပန်နိုင်ငံမှ (၁၅)စီးတင်သွင်းလာပါတယ်။ ကားအမျိုးအကား(၂)မျိုးရှိပါတယ်။ ဖိုးစတုပ်နဲ့တူးစတုပ် ဖြစ်ပါတယ်။ ဖိုးစတုပ်ကားက တစ်နာရီ ကီလို(၆ဝ)မောင်းလို့ရပြီး၊ တူးစတုပ်ကားက တစ်နာရီ ကီလို(၁၂ဝ)အထိ မောင်းလို့ရပါတယ်။ အဲဒီကားတွေအားလုံးဟာ MPPE မြန်မာ့စွမ်းအင်ဝန်ကြီးဌာနမှ အောက်တိန်းဆီနဲ့ မောင်းလို့ရတဲ့အတွက် ဆီကို ဝန်ကြီးဌာနက ဝယ်ယူခွင့်မိန့်ရရှိထားပါတယ်။

ကားမောင်းနှင် ပုံနဲ့ ပတ်သက်ပြီး ရှင်းပြရမယ်ဆိုရင် (၁၈)နှစ်အထက် က-ည-န လိုင်စင်ရပြီးသူများကို ကျွန်တော်တို့က ခနလေးပဲရှင်းပြပါမယ်။ ရှင်းပြပြီးတာနဲ့ ကားကိုတိုက်ရိုက်မောင်းလို့ရပါ တယ်။ (၆)နှစ်ကနေ (၁၂)နှစ်အထိနဲ့ (၁၂)နှစ်မှ (၁၈)နှစ်ကို ကျွန်တော်တို့က ရက်တို အချိန်တိုသင်တန်းလးတွေပေးပြီးမှ မောင်းနှင်ခိုင်းမှာ ဖြစ်ပါတယ်။ သူတို့လေးတွေကို ကား အကြောင်းလဲရှင်းပြပါမယ်။ ပထမဦးစွာ ဖိုးစတုပ်ကားနဲ့မောင်းခိုင်းပါတယ်။ ကျွမ်းကျင်မှုရှိပြီဆိုမှ တူးစတုပ်ကို မောင်းနှင်ခိုင်းမှာဖြစ်ပါတယ်။

အဲဒီကို မောင်းနှင်ပြီး စံချိန်စံညွှန်း ပြည့်မှီခဲ့ရင် ကျွန်တော်တို့ရဲ့လိုင်စင်(၄)မျိုးရှိပါတယ်။ အစိမ်း၊ အပြာ၊ အဝါ၊ အနီ(၄)မျိုး လုပ်ထားပါတယ်။ အနီရောင်ရခဲ့ရင် က-ည-န လိုင်စင်လိုပဲ ကျွန်တော်တို့အထဲမှာ ကားပြိုင်ပွဲဝင်လို့ရပြီဖြစ်တယ်။ ဒီမှာသိပ်ပြီး ကျွမ်းကျင်စွာမောင်းနိုင်၊ ကိုယ်ကလဲစိတ်ပါဝင်စားလို့ နိုင်ငံခြားမှာသွားပြီးပြိုင်ချင်ရင်ကျွန်တော်တို့ဆက်သွယ် ဆောင်ရွက်ပေးပါမယ်။ နိုင်ငံခြားကလပ်အသင်းတွေနဲ့ တရားဝင်ချိတ်ဆက်ထားပြီးဖြစ်တယ်။ အနီလိုင်စင်ရသော်လည်း ဒီမှာ တစ်နေ့ (၈)နာရီမောင်းမှ နိုင်ငံခြားပြိုင်ပွဲဝင်လို့ရပါမယ်။ (၂ဝ၁ဝ)ခုနှစ်၊ မတ်လအတွင်း ကားစီးရေ(၆ဝ)အထိ တင်သွင်းဖို့ရှိပါတယ်။ ကလေးတွေ(၆)နှစ်က(၁၂)နှစ်စီးတဲ့ကား(၂ဝ)ပါ,ပါတယ်။ လူကြီးအတွက်က ကား(၄ဝ)ပါမှာပါ။ အသက်(၂ဝ)ကျော်သူတိုင်း မည်သူမဆိုလာရောက်မောင်းနှင်နိုင်ပြီး၊ မင်ဘာဝင်နိုင်ကြောင်းစသည်ဖြင့် ဦးတင်အောင်မြင့်က ရှင်းလင်းပြောကြားသည်။

သတင်းထောက် ခင်မောင်ညွန့်

လျှပ်တပြတ်ဂျာနယ်
Vol2 No.57

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s