FM အကောင်း အဆိုး ဒွန်တွဲနေ

Posted: November 8, 2009 in Review
Tags:

FM ရေဒီယိုနှင့် စပ်လျဉ်း၍ တေး ရေးမြင့်မိုးအောင်က ပြောကြားရာတွင် “ဂီတလောက ပေါ်လာတာ ၁၉ ရာစုနှစ် လောက်က ဆိုတော့ နှစ်ပေါင်း ၄၀ ၀န်း ကျင်ရှိလာပြီ၊ လုပ်တဲ့ ကိုင်တဲ့ စနစ်က မိရိုး ဖလာပုံစံဖြင့် သင့်သလို လုပ်ကိုင်ခဲ့ကြ တယ်။ ဂီတ လောက မှာဆိုတဲ့ သူနဲ့ထုတ် တဲ့သူဘဲဖြစ်စေ၊ ဆိုတဲ့သူနဲ့ရေးတဲ့ သူပဲ ဖြစ်စေ၊ စာချုပ်စာတမ်း တွေတိတိကျကျ မရေး ကြဘူး၊ နဂိုက ဂီတလောကကျဉ်း တော့ မလိုအပ် သလိုဖြစ်နေခဲ့တယ်၊ အခုနည်းပညာတွေ တိုးတက်လာပြီး တခြားမီဒီယာမျိုးစုံပေါ် ပေါက်လာတော့ တေးသီးချင်း၊ VCD DVD တွေထွက်လာ၊ ရေဒီယိုလိုင်းတွေပေါ်လာ၊ တီဗီလိုင်း တွေပေါ်လာ၊ စတိတ်ရှိုးတွေများလာ တော့ ယခင်က စာချုပ်ချုပ်မထားတော့ အခက်အခဲလေးတွေဖြစ်လာတယ်

“ဒါပေမဲ့ ဂီတအစည်းရုံးက စနစ် တကျ ဖြစ်အောင် လုပ်ပေးပေမယ့် နိုင်ငံ တကာ မူပိုင်ခွင့်အရလုပ်လို့မရဘူး။ မြန်မာ နိုင်ငံမှာ မူပိုင်ခွင့် ဥပဒေကမပြဋ္ဌာန်းရ သေးဘူး။ ပြဋ္ဌာန်းထားတဲ့ ၁၉၁၄ခုနှစ် မူပိုင်ခွင့်ဥပဒေကလည်း အသက်မ၀င် တော့ဘဲ၊ အခေတ်နဲ့ မလျှော်ညီတော့တဲ့ သဘောပေါ့”

“ဂီတအစည်းအရုံးက နားလည် မှုနဲ့ ညှိုနှိုင်းဆောင်ရွက်ပေးတာ ဂီတသ မားအချင်းချင်းကြားမှာ ရေးတဲ့သူ၊ တီးတဲ့ သူ၊ ဆိုတဲ့သူတွေကြားမှာ သာတဲ့အခါရှိ တယ်၊ နာတဲ့အခါရှိတယ်။ ဂီတသမားအ ချင်းချင်းကြားမှာ ဘဲစားဘဲချေသဘော မျိုး ဖြစ်နေတာပေါ့”

“ဂီတလောကကမဟုတ်ဘဲ အပြင် က cru တွေကတော့ တိတိကျကျလိုက် နာဖို့လိုအပ်တာပေါ့။ လိုအပ်တဲ့ဟာတွေ ကို လွန်ခဲ့တဲ့ငါးနှစ်လောက်ကစပြီး  တဖြည်းဖြည်းပြင်ဆင်လာကြတယ်။  မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ၂၀၀၆ခုနှစ်မှာ နိုင်ငံတကာက ပညာရှင်တွေလာပြီး ဟောပြောပွဲတော့လုပ်ခဲ့ကြတယ်”

“မူပိုင်ခွင့် အသိပညာတွေ ကြွယ် ၀လာတော့ စနစ်တကျလုပ်ကိုင်လာနိုင် ကြတယ်။ ခေတ်ရေစီးကြောင်းပြောင်း လဲလာတာကလည်း ကျင့်သုံးလို့မရတဲ့ အခြေအနေမျိုးဖြစ်လာတယ်။ စီးပွားဖြစ် လုပ်တဲ့အခါတော့ ဂီတနဲ့ပတ်သက်ပြီး မူပိုင်ခွင့်ရှိတဲ့သူတွေကို ပစ်ပယ်လို့မရတော့ ဘူး။ အဲဒီလို ဆောင်ရွက်လာတဲ့အခါမှာ အစောဆုံးအနေနဲ့ မြ၀တီမှာထုတ်လွှင့် တဲ့ အစီအစဉ်မှာ တေးရေးဆရာတွေ အနုပညာကြေးရလာကြတယ်”

ဒုတိယအကြီးဆုံး အပြောင်းအလဲ က Mandalay FM က စလွှင့်တဲ့ အချိန် ကစပြီး ဂီတအစည်းအရုံး နဲ့ညှိနှိုင်းတယ်။ တေးသီချင်းတွေရဲ့ ဥာဏ်ပူဇော်ခတွေ ပေးလာတယ်။ ပြင်ပမှာလုပ်တဲ့ သီချင်း ဆိုပြိုင်ပွဲတွေမှာ စီးပွားရေးအသွင်ဆောင် လာတဲ့အတွက် အဲဒီမှာ ပြိုင်တဲ့သီချင်း တွေကို သူတို့က ပြန်ဆို၊ ပြန်တီးတယ်ဆို ရင် တေးရေးဆရာတစ်ယောက်ကိုပဲ ဥာဏ်ပူဇော်ခပေးတယ်။ CD ကို အသုံး ပြုရင် တီးတဲ့လူရော၊ တေးရေး ဆရာပါ ဥာဏ်ပူဇော်ခပေးတာဖြစ် တယ်။ MRTV တို့၊ မြ၀တီတို့ကျတော့ နိုင်ငံပိုင်ရုပ်သံ လိုင်း တွေဖြစ်လို့ တေးရေးဆရာတွေ၊ သီချင်း ဆိုတဲ့သူတွေက သူတို့သီချင်းတွေကိုလှူ ဒါန်းကြတာ”

“တစ်ကြိမ်ထုတ်လွှင့်တိုင်း FM ကဂီတအစည်းအရုံးကို ရန်ပုံငွေ ကျပ် ၂၀၀ပေးတယ်။ ကျန်တဲ့ကျပ် ၁,၀၀၀ က ရေးတဲ့သူရော၊ တီးတဲ့သူရော၊ ဆိုတဲ့သူ ရော၊ ထုတ်လုပ်တဲ့သူပါရတယ်။ အများ ကျင့်သုံးတဲ့နိုင်ငံတကာမှာ တီးဝိုင်းတွေနဲ့ မသက်ဆိုင်ပေမယ့် မြန်မာနိုင်ငံမှာ သီး ခြားချုပ်ဆိုထားခြင်းမရှိတော့ အားလုံး သက်ဆိုင်တယ်။ သီချင်းရောင်းချတဲ့အခါ မှာ Tape, CD, VCD အနေနှင့် တစ် ကြိမ်သာအသုံးပြုခွင့်ပေးထားတယ်။ တေး ရေးဆရာက တခြားအဆိုတော်ကို ရောင်းချလို့ရတယ်။        FreeShow တွေမှာ မသက်ဆိုင်ပေမယ့် စီးပွားရေးအရသီ ဆိုတဲ့ show ပွဲတွေမှာ တေးရေးဆရာနဲ့ သက်ဆိုင်တယ်။ ဒီမှာတော့ တီးတဲ့သူနဲ့ အဆိုတော်တွေကနားလည်တော့ ဗီဒီယို၊ ရုပ်ရှင်သီချင်းတွေဆိုရင် တေးရေးဆရာ ကိုပဲပေးတာ၊ နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်တာပေါ့။ မူပိုင်ခွင့်ကို ၂၀၁၃ခုနှစ်မှာ စတင်တော့မှာဆိုတော့ အခုကတည်းက အလေ့အကျင့်တစ်ခုလုပ်ပေးရတာပေါ့”

“နိုင်ငံတကာမှာလည်း copy right ဥပဒေပေါ်လာရင်တောင် ဒီဥပဒေအ သက်ဝင်အောင် သုံးနှစ်လေးနှစ် ပြုစုပျိုး ထောင်ကြရတယ်”

“FM လိုင်းတွေ တိုးတက်လာ တော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ ပေါ့။ ၁၉၇၀ပြည့်နှစ် အမေရိကမှာ FM ရေဒီယိုလိုင်းတွေစပေါ်လာတော့ အမေရိ ကမှာ အဆိုတော်တွေနဲ့ ထုတ်လုပ်သူ တွေ အခ ကြေးငွေမရကြဘူး။ ဘာ ကြောင့်လဲဆိုတော့  သူတို့အခွေအောင် မြင်ဖို့ promotion စလုပ်တဲ့သဘော။ နောက်ပိုင်းမှာ  FMလိုင်းတွေ ကိုယ် တိုင် ကတေးသီချင်းတွေ အသုံးပြုပြီးတော့ စီးပွားရေး လုပ်ငန်း လုပ်တဲ့ သဘောဆောင် လာကြတယ်။  ဒါကြောင့် နောက်ပိုင်းမှာ အသုံးပြုခတွေပေးလာကြတယ်”

“ဒီလိုပါပဲ မြန်မာနိုင်ငံမှာ FM လိုင်း တွေစပေါ်တော့ အဆိုတော်တွေကသူ တို့ အခွေကို ပရိသတ်သိအောင် ကြော် ငြာချင်လို့ သူတို့သီချင်းတွေကို အတိုင်း အတာတစ်ခုခု အထိပေးထားတာပေါ့။ ဒါပေမဲ့ FM ရေဒီယိုလိုင်းတွေ ပေါ်လာ တော့ ကားထဲမှာကက်ဆက်ခွေတွေ ၀ယ်အားကျလာတယ်။ ရန်ကုန်မှာ ဆိုရင် ကားတွေကများတော့ ကက်ဆက်ခွေ တွေအများကြီးရောင်းရတယ်။ အခုကား တွေက FM လိုင်းတွေပဲဖွင့်ကြတော့ ကက်ဆက်ခွေရောင်းအားကျလာတယ်”

FM လိုင်းတွေတိုးတက်လာတဲ့ အတွက် မြန်မာနိုင်ငံအနှံအပြားက ပြည်သူတွေအတွက် ဖျော်ဖြေရေး မီဒီ ယာအသစ်တစ်ခုရတာပေါ့၊ အဲဒီလိုပဲ စီးပွားရေးသမားတွေအနေနဲ့လည်း ကြော်ငြာမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံး ကို ဈေးသက်သက်သာသာနဲ့ ကြော်ငြာ လာနိုင်မယ်။ အနုပညာရှင်တွေ အနေ နဲ့လည်း ဥာဏ်ပူဇော်ခတွေရလာတော့ ပိုပြီးရပ်တည်လာနိုင်တယ်။ ဒါအရမ်း ကောင်းတဲ့ကိစ္စတွေပေါ့။

Crop from : Myanmar Post Journal

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s