ကျန်းမာရေးအတွက် ဆေးခြောက်အသုံးပြုခွင့် ပေးမလား?????

Posted: November 21, 2009 in News, Waring Alert
Tags:

နိုဝင်ဘာ ၁၈၊ ၂၀၀၉။ အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအတွက် ဆေးဝါးသဘောမျိုး ဆေးခြောက်သုံးစွဲခွင့်ပေးတဲ့ ပြည်နယ် ၁၄ပြည်နယ်ရှိနေပါတယ်။ ဒီအထဲက အမေရိကန်အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ဆေးခြောက်ကို ဆေးဝါးသဘော စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းတွေ အတော်လေး စည်ပင်လာသလို ဆေးခြောက်ရနိုင်တဲ့ ဆေးပေးခန်းတွေလည်း အတော်များများ ပေါ်လာပါတယ်။ အမေရိကန်မှာ ဆေးခြောက် ရောင်းဝယ်တာ အသုံးပြုတာဟာ တရားမ၀င်အဖြစ်ရှိနေတုန်းပါ။ ဒါပေမယ့်လည်း ပြည်နယ်ဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်တဲ့ ဆေးခြောက် အသုံးပြုမှုကိုတော့ အရေးယူမှာမဟုတ်ဘူးလို့ သမ္မတအိုဘားမားအစိုးရက မကြာခင်ကပဲ ပြောဆိုပါတယ်။ ဆိပ်ကမ်းမြေလို့ တင်စားထားတဲ့ Harborside ကျန်းမာရေးဌာနဟာ ကယ်လီဖိုးနီးယားပြည်နယ် အောကလန်မှာရှိပါတယ်။ ကယ်လီဖိုနီးယားပြည်နယ်အတွင်းမှာတော့ ဆေးခြောက်ရနိုင်တဲ့ အကြီးဆုံးဆေးရုံဖြစ်ပါတယ်။ အဲဒီမှာ တနေ့ လူနာ ၆၀၀ ကို ဆေးဝါးအဖြစ်နဲ့ ဆေးခြောက်ထုတ်ရောင်းပေးပါတယ်။ ကင်ဆာရောဂါကနေ အိပ်မပျော်နိုင်တဲ့ ဝေဒနာအဆုံး ရောဂါဝေဒနာအတော်များများအတွက် ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ ထုတ်ရောင်းပေးတာပါ။

ကယ်လီဖိုနီးယားပြည်နယ်မှာတော့ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ သုံးခွင့်ပေးဖို့ ၁၉၉၆ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်သားတွေက မဲပေးခဲ့ကြပါတယ်။ အဲဒီဥပဒေအရဆိုရင်တော့ လူနာဟာ ဆေးခြောက်ကို ပုဂ္ဂိုလ်ရေးအသုံးပြုဖို့ရာ စိုက်ပျိုးနိုင်ခွင့် ကိုင်ဆောင်အသုံးပြုနိုင်ခွင့် ဆရာဝန်ဆီကနေ ခွင့်ပြုချက်လက်မှတ်ယူရပါတယ်။ နောက်ပိုင်း ဥပဒေတိုးချဲ့ရာမှာတော့ အဲဒီ ခွင့်ပြုချက်ရ လူနာအနေနဲ့ ဆေးခြောက်စိုက်ပျိုးခွင့်ကို အစုအဖွဲ့လိုက် လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ ဆိုလိုတာက သူတို့သုံးစွဲနိုင်ဖို့ ဆေးခြောက်ကို တဦးချင်းမဟုတ်တော့ပဲ – အစုလိုက် သမ၀ါယာမ ပုံစံ စိုက်ပျိုး ထုတ်လုပ်ခွင့်ပေးလိုက်တာပါ။ Harborside ကျန်းမာရေးဌာနမှာ အခုလို ဆေးခြောက်အသုံးပြုခွင့် မှတ်ပုံတင်ထားတဲ့ လူနာ သုံးသောင်းရှိပြီး တနှစ်တနှစ်ကို ဒေါ်လာ သန်း ၂၀ ၀င်ငွေ ရရှိပါတယ်။ အဲဒီက မှတ်ပုံတင်ထားတဲ့အဖွဲ့ဝင်တွေမှာ ဆေးရုံမှာ တန်းစီပြီး Blue Dream နဲ့ Train Wreck ဆိုတဲ့ နာမည်တွေနဲ့ ဆေးခြောက် အမျိုးအစားတွေကို ကြိုက်ရာ ၀ယ်ယူနိုင်ကြပါတယ်။ Los Angeles အယ်လ်အေမှာတော့ လက်ရှိအားဖြင့် ဆေးဝါးအဖြစ် ဆေးခြောက်ရနိုင်တဲ့ ဆေးခန်း ၈၀၀ကျော်ရှိပါတယ်။

ဒီအရေအတွက်ဟာ အယ်လ်အေမှာရှိတဲ့ Starbucks ကော်ဖီဆိုင် ဒါမှမဟုတ် အစိုးရအထက်တန်း ကျောင်းအရည်အတွက်ထက် တောင် ပိုပါတယ်။ အချို့ကတော့ တရားဝင် မှတ်ပုံတင်ပြီး ဖွင့်တာပါ။ ကျန်အချို့ကတော့ ဥပဒေကို လက်တလုံးခြားလုပ်ပြီး ဖွင့်ထားကြတာပါ။ ဒါတွေကိုတော့ တရားမ၀င်ဘူးလို့ မြို့တော်အာဏာပိုင်အချို့က ပြောနေပါတယ်။ ဒါကြောင့် အဲဒီ မှတ်ပုံတင်မထားတဲ့ ဆေးခြောက်ရောင်းတဲ့ဆေးခန်းတွေကို နှိမ်နင်းမယ်လို့ အာဏာပိုင်တွေက ဂတိပေးပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိတော့ အဲဒီ ဆေးခန်းတွေ ဖွင့်နေတုန်း ဆေးခြောက် ရောင်းဝယ်နေကြတုန်းပါ။ ဒီလို ဆေးခန်းတွေ မှိုလိုပေါက်လာတာကို ကယ်လီဖိုနီးယားပြည်နယ် ရဲတပ်ဖွဲ့ကတော့ ကန့်ကွက်နေပါတယ်။ ဆေးခြောက်ဟာ တကယ်တော့ ဆေးဖက်ဆိုင်ရာအတွက် ဘာမှ အထောက်အပံ့သဘောမဖြစ်ဘူးလို့ အမေရိကန်ပြည်ထောင်စု FDA အစားအစာနဲ့ ဆေးဝါး စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ ပြောပါတယ်။ ဒါပေမယ့်လည်း ကယ်လီဖိုနီးယားပြည်နယ်မှာရှိတဲ့ ဆရာဝန်အချို့ကတော့ ဆေးခြောက်ဟာ လူနာတွေအတွက် တကယ်ပဲ အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုနေပါတယ်။

အခုလို ဆေးခြောက် ဆေးဝါးအဖြစ် အသုံးပြုခွင့်ရဖို့ ဥပဒေထားခြင်းအားဖြင့် ဆေးခြောက်ကို အပျော်အပါးသက်သက်အသုံးပြုမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ဆေးခြောက်သုံးစွဲခွင့်ရရေးလှုံဆော်သူတွေဖက်က လက်ခံပေမယ့်၊ ဆေးခြောက်ကို တရားဝင်သုံးခွင့်ပေးသင့်တယ်လို့ သူတို့ ယူဆပါတယ်။ ဆေးခြောက်နဲ့ပတ်သက်တဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဖွဲ့ NORML ရဲ့ ဆန်ဖရစ္စကိုမှာလုပ်တဲ့ မကြာခင်က ညီလာခံတခုဟာ ဆေးခြောက်သုံးစွဲမှု တရားဝင်ပြုရေး လှုံဆော်သူတွေ ဆေးခြောက်သုံးစွဲနေသူတွေနဲ့ ဆေးခန်းဖွင့်သူတွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ အရက်တို့ ဆေးလိပ်တို့လိုပဲ ဆေးခြောက်ကို အခွန်အကောက်ယူ စည်းမျဉ်းသတ်မှတ်ပြီး အသုံးပြုခွင့်ပေးသင့်တယ်လို့ ဆေးခြောက်တရားဝင်ခွင့်ပြုရေးလှုံဆော်သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဆေးခြောက်သုံးမှု ဆန့်ကျင်သူတွေကတော့ အခုလို မူးယစ်ဆေးဝါးသုံးစွဲရဲ့ ရေရှည်ထိခိုက်မှုကို ခန့်မှန်းလို့မရဘူးလို့ဆိုနေပါတယ်။ အခုဆိုရင်ပဲ အရက်သုံးစွဲခွင့် တရားဝင်သတ်မှတ်တာကြောင့်ပဲ ပြဿနာရပ်တွေဟာ ရှိသင့်တာထက် ပိုဖြစ်နေတယ်လို့ သူတို့က ထောက်ပြနေပါတယ်။

By Mike O’Sullivan
19 November 2009

REF:voa news မှပြန်လည်ကူးယူဖော်ပြထားပါသည်

Comments
  1. kyaw kyaw says:

    Marijuana is an addictive drug with significant health consequences to its users and others. Many harmful short-term and long-term problems have been documented with its use:

    The short term effects of marijuana use include: memory loss, distorted perception, trouble with thinking and problem solving, loss of motor skills, decrease in muscle strength, increased heart rate, and anxiety.

    thanks.

  2. kyaw kyaw says:

    * Marijuana is a dangerous, addictive drug that poses significant health threats to users.

    * Marijuana has no medical value that can’t be met more effectively by legal drugs.

    * Marijuana users are far more likely to use other drugs like cocaine and heroin than non-marijuana users.

    * Drug legalizers use “medical marijuana” as red herring in effort to advocate broader legalization of drug use.

    thanks.

  3. တော်တော်များများလိုချင်တယ်…..ရသလောက်ပေါ့….

    • GueGueLay says:

      ကျတော်တို့ နိုင်ငံမှာလည်း အဲ့လိုဖြစ်ချင်တယ်ဗျာ ပြောပေးကြပါဗျာ။

      • GueGueLay says:

        စိုက်ပျိုးနည်း အတိကျလေး သိချင်လို့ သိရင်ပြောစေလိုပါတယ် ကျတော် ကို mail နဲ့ ဒါမှမဟုတ် ph နဲ့ ဆက်သွယ်လို့ ရပါတယ် email.ayesayboy666@gmail.com.ph: 0949800390.
        thx a lot all fri🙂

  4. obobeatz says:

    http://howtogrowmarijuana.com/how-to-grow-marijuana-indoors.html ဒါက Indoor စိုက်ပျိုးနည်းပါ ညီ ။ အကျယ်ကိုကြည့်ချင်ရင်တော့ Google မှာပဲရှာလိုက်ပါဗျာ ။ကျွန်တော်တို့ ဆီမှာတော့ သောက်ခါနီးရင်ဖယ်ပစ်တဲ့ ဗုံးတွေကို အညှောင့်ထွက်အောင် ရေမြှပ်၂ခုကြားမှာညှပ်ပြီးဖောက်ရင်ရတယ်ဗျ ။ ကျန်တာကတော့ ရိုးရိုးအပင်စိုက်နည်းအတိုင်းပဲ ။ ဒီကောင်က နေရောင်နဲ့ ရေတော့ကြိုက်တယ် ။ ၀ါသနာရှိရင်ကြိုးစားကြည့်ပေါ့ဗျာ ။ ဥပဒေနဲ့တော့မကိုက်ညီဘူး ၊ သောက်ဖို့လောက်ထိမဖြစ်ထွန်းရင်တောင် အပင်လေးကိုကြည့်ပြီး ပျော်လို့ရတာပေါ့. ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s