စင်ပေါ်မတက်တော့သော ဒရမ်မာတစ်ဦး၏ နည်းပညာလက်ဆင့်ကမ်းခြင်းများ (from PerfectMag)

Posted: December 10, 2009 in Interview
Tags: , , , ,

ဂီတနဲ့ပတ်သက်တဲ့ လူငယ်တွေ စိတ်ဝင် စားတဲ့ ဘာသာရပ် အမျိုးမျိုး ရှိတယ်။ အဆို၊ အတီး၊ အရေးပိုင်း ကို စိတ်ဝင်စားကြ သလို တချို့ကတော့ အသံဖမ်း အတတ် ပညာပိုင်း ကို စိတ်ဝင်စား ကြတယ်။ နည်းပညာ တိုးတက်မှု နှင့် အတူ အသံဖမ်း ပညာရပ် မှာလည်း ပြောင်းလဲ တိုးတက်မှုတွေ များစွာ ရှိလာ ပါတယ်။ Computer နဲ့ Digital နည်းစနစ် သုံးပြီး အပျော်တမ်း အသံ ဖန်တီးသူတွေ ရှိသလို Home Studio ပုံစံ နဲ့ အသံသွင်းကြသူတွေလည်း ရှိတယ်။ စိတ်ဝင်စား သူ လူငယ်တွေ အတွက် Theory ပိုင်း အရ ရှာဖွေ ဆည်းပူး ဖို့လည်း အခွင့်အလမ်းတွေ များလာတာ ပါပဲ။

နဝရတ် စတူဒီယို မှာ ကိုဝေထွန်း(နဝရတ်) ကိုယ်တိုင် Sound Engineering သင်တန်း ဖွင့်ထားတာ ကို လူငယ်တွေ စိတ်ဝင်စား ကြပါတယ်။ Theory ပိုင်း နဲ့ အသံဖမ်းယူ နည်းစနစ်ကို လက်တွေ့ သင်ကြား ပြသ ပေးတဲ့ အတွက် သင်တန်းတက်သူတွေ ပိုပြီး နှစ်သက် တာလည်း ဖြစ်မှာပါ။ ပြည်တွင်း က အသံဖမ်း သင်ကြားမှု သင်တန်း အကြောင်းကို စိတ်ဝင်စား မိတာ ကြောင့် နဝရတ်လမ်း၊ ရှစ်မိုင် လမ်းဆုံ၊ မရမ်းကုန်းမှာ ရှိတဲ့ နဝရတ် စတူဒီယို ကို သွားခဲ့ပြီး ဝေထွန်း(နဝရတ်) နဲ့ ဆုံဖြစ် ခဲ့ပါတယ်။

လူငယ်တွေ အတွက် လက်ဆင့်ကမ်း ဖွင့်လှစ်ခြင်း

အသံဖမ်းတဲ့ ပညာရပ် ကျတော့ ကျွန်တော်တို့ တုန်းက Studio လည်း များများ စားစား မရှိခဲ့ဘူး။ ကျွန်တော်တို့ ကလည်း ဆရာတွေ နဲ့ တစ်ဆင့် တစ်ဆင့် မေးလာခဲ့၊ သင်လာ ခဲ့ရတယ်။ စာအုပ်တွေ ရှာဖွေပြီး ဖတ်ခဲ့ ကြရတာ။ ဒီဘက်ခေတ် ကျတော့ စိတ်ဝင်စားသူ များလာပြီ။ ဒီ အသံဖမ်းတဲ့ ပညာကို စိတ်ဝင်စားပြီး လုပ်လာတဲ့ သူများလာပြီ။ ဒါပေမဲ့ နည်းစနစ်ပိုင်းမှာ သေသေ ချာချာ မသိကြတော့ အမှားတွေ များလာကြတယ်။ အမှားတွေ များလာတော့ ဘယ်နေမှာ သွားထိလဲ ဆိုတော့ ထုတ်လုပ် ရေးပိုင်းမှာ သွားထိတယ်။ နည်းစနစ် မသိဘဲနဲ့ လုပ်တဲ့ အခွေတွေ တော်တော် များများ က Market ထဲကို ဝင်လာတဲ့အခါမှာ သူတို့ အနေနဲ့ ဘာဖြစ် လာသလဲ ဆိုတော့ တန်းတစ်တန်းကို ရောက်ဖို့ အခက်အခဲတွေ ရှိလာတယ်။
ကျွန်တော်တို့ဘက်က သူတို့ကို ပံ့ပိုး ပေးလိုက်လို့ ကလေးတွေ သိလာ၊ နားလည် လာရင် သူတို့ ဒီထက်ပိုကောင်းတာတွေ လုပ်လာနိုင်ကြမယ်။ ဒီထက်ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာမယ်။ တစ်ချိန်တုန်းက ကျွန်တော်တို့ အနေနဲ့ သိချင် ကြတဲ့ အခါ ဘယ်သွား မေးရ မလဲ။ အဲဒါတွေက ကိုယ်တွေ ခေတ်ကတည်းက ကြုံခဲ့ ရတာပဲ။  သိပ်ကံကောင်းတော့ တကယ်တော်တဲ့ ဆရာတွေနဲ့ ကြုံခဲ့ ရတယ်။ အလှမ်းဝေးတဲ့ သူတွေကျ ဘယ်သွားမေး ရမှန်း မသိကြဘူး။ တချို့ဆို လုပ်ငန်းခွင်ထဲမှာ နှစ်တွေ ကြာနေပြီ၊ လက်တွေ့တော့ အသံဖမ်းတတ် နေပြီ။ ဒါပေမဲ့ Theory အရတော့ဘာကြောင့်၊ ဘယ်လို ဆိုတာ မသိတာတွေ ရှိတယ်။ အဲဒီလို ဖြစ်နေတာတွေ အတွက် ကိုယ်လည်း ဒီနယ်ထဲမှာ အထိုက် အလျောက် လှုပ်ရှားခဲ့ ဖူးပြီ ဆိုတော့ လက်ဆင့်ကမ်း ပေးတဲ့ သဘော နဲ့ ဒီသင်တန်းကို ဖွင့်ဖို့ ဆုံးဖြတ် ခဲ့တာပါ။

အချိန်ကုန် သက်သာ စေခြင်း

အမှန်တကယ် ကတော့ ကျွန်တော်တို့ တုန်းက လူ အများကြီး ဆီက ရှာခဲ့ ရတာတွေ ပါပဲ။ Theory တို့၊ Leacture ဆိုတာ တွေ ကတော့ စာအုပ်၊ စာတမ်းတွေ ရှာဖွေဖတ် ခဲ့ကြ ရတယ်။ Practically အသုံးချတာ တွေ ကျတော့ ဆရာတွေ မပြဘဲ မသိနိုင်ဘူး။ ဆရာ တွေက သင်ပြ ပေးမှ ကျွန်တော်တို့ သိရတယ်။ ကိုယ်တိုင် အသံဖမ်းရင်း၊ စမ်းသပ်ရင်း တွေ့တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ တုန်းက အဲဒီလို အချိန် အကြာ ကြီး ယူပြီးမှ သိရ၊ တတ်ရတာ။ အခုခေတ် ကလေးတွေ သက်သာ လာတယ်။ အလွယ် တကူနဲ့ သင်ယူ လေ့လာလို့ ရကြတယ်။
ကျွန်တော် တို့ ဆယ်နှစ်လောက် ရှာတာကို Short to the point နဲ့ ပြပေးလို့ ရတယ်။ အချိန်ကုန် သက်သာစွာ နဲ့ ရှာဖွေ လေ့လာ နိုင်ကြ ပြီပေါ့။

ကိုယ်တိုင် အသံဖမ်းသူ ဖြစ်ခဲ့ ရခြင်း
ကျွန်တော် ဂီတ လောကထဲ စဝင်တော့ ၁၉၉၂ ခုနှစ် ပေါ့။ စဝင်တဲ့ အချိန်က အသံဖမ်းသူ ဖြစ်ဖို့ မဟုတ်ဘူး ဗျာ။ ကျွန်တော် ဝါသနာ ပါတာ က ဒရမ်၊ Drammer ဖြစ်ဖို့ပဲ။ အဲဒီ အချိန်Draum တီး တော့ အသံသွင်း တာက Oasis Studio မှာ အတီး များတယ်။ အဲဒီမှာ ကိုချာလီ နဲ့ ကိုကောင်းမြတ်တို့ က အသံဖမ်းတယ်။ ကျွန်တော်က သူတို့ကို ကူပြီး လုပ်ပေးတယ်။  အဲဒီအချိန်က ကျွန်တော် ကက်ဆက် လေးတွေ ပြင်တာတို့၊ ဝါသနာပါတော့ဗျာ၊ Amplifier လေးတွေ လုပ်တာတို့၊ စက်ပြင်တာလေးတွေ လုပ်ရင်းနဲ့ပေါ့။ စစချင်းတော့ ကိုချာလီက သင်ပေးတယ်။ အများကြီးပဲ သင်ပေးပါတယ်။ အဲဒါတွေ မှတ်ထားရတယ်။ နောက်တော့ ဆရာ ကောင်းမြတ် သင်ပေးတယ်။ လုပ်ငန်းခွင်ထဲက စခဲ့ရတာ။ အဲဒီ အချိန်က ကျွန်တော့် အိမ်မှာလည်း Studio လေးရှိတယ်။ ကျွန်တော့် အစ်ကိုက နိုင်ငံခြားက အသံလွှင့်ရုံ တစ်ရုံမှာ အသံဖမ်း အင်ဂျင်နီယာ လုပ်တယ်။  သူက၁၉၈၈ မတိုင်ခင်မှာ နိုင်ငံခြား ထွက်သွားတယ်။ အိမ်မှာ Home Studio လေး ကျန်ခဲ့တယ်။  ကျွန်တော်ကအဲဒီ စက်တွေကို ကလိ နေတော့တာ ပေါ့ဗျာ။  အဲဒီကတည်းက ဒီ စက်ပစ္စည်းတွေ နဲ့ မစိမ်း ဘူးပေါ့။  ကျွန်တော်သီအိုရီ အရ မသိခဲ့ ပေမဲ့ Practical အရတော့ သိနေတယ်။
ကျွန်တော် ၁၉၉၂ မှာ စတူဒီယို စထောင် ဖြစ်တယ်။ ရည်ရွယ် တာက စတူ ဒီယိုကြီး လုပ်ဖို့ မဟုတ်ဘူး။ ရုပ်ရှင် သီချင်းလေး တွေ ဖမ်းမယ်၊ အပျော်တမ်း သီချင်းလေးတွေ ဖမ်းမယ် ဆိုပြီး လုပ်ရင်း၊ လုပ်ရင်း နဲ့ ကြီးသွားတာ။ ကျွန်တော့် အနေနဲ့ ဖမ်းတဲ့ နည်းပညာကို သိတယ်။ ဒါကို ဂဃနဏ မသိလို့ သိချင် လာတယ်။ ကျွန်တော် ၁၉၉၄ ခုနှစ် ကစပြီး နိုင်ငံခြား ခရီး တွေ သွားဖြစ်တယ်။ သွားဖြစ်တဲ့ အခါတိုင်း ကျွန်တော့် အစ်ကို ဆီသွားတယ်။ ကိုယ် သိချင်တာ တွေ သူတို့ကို မေးတယ်။ သူတို့ က စာဖတ် ခိုင်းတယ်။ သိသင့်၊ ဖတ်သင့်တဲ့ စာတွေ ရှာဖတ် ရတယ်။
အဲဒီ ကတည်းက ဒီနည်းပညာ နဲ့ ပတ်သက် တဲ့ စာတွေ ဖတ်ဖြစ်တယ်။ ၁၉၉၆ အထိ တစ်လျှောက်လုံး နိုင်ငံခြား သွားတိုင်း လေ့လာဖြစ်ခဲ့တယ်။
အဲဒီ အချိန်မှာ ကျွန်တော် အသံဖမ်း ပညာ နဲ့ ပတ်သက်တဲ့ ကျောင်းတက် ဖို့ စီစဉ် ပါသေးတယ်။ ဒါပေမဲ့ ဒီမှာက ကျွန်တော် တို့ တီးဝိုင်း Emperor ရော၊ စတူဒီယိုပိုင်း မှာပါ အလုပ် များနေ ချိန်ဆိုတော့ ဗျာ။ အဲဒီ ၉၅/၉၆ မှာက ဂီတ လောကကြီး ခေတ်ကောင်းနေချိန်၊ Santana Engineering House Course ခေတ်ကောင်းတဲ့ နှစ်တွေဆိုတော့ ဒီဘက် မှာလည်း အလုပ်တွေက ဆက်နေတယ်။ အဲဒါနဲ့ ကျွန်တော် Short Course ကိုပဲ သင်လာရတယ်။ Long- term မတက် နိုင်ဘူး။ အဲဒီ အချိန်မှာ တွေ ကျွန်တော့် အစ်ကိုက ပေးလိုက်တယ်။ အဲဒါ အကျိုးရှိပါတယ်။ စာနဲ့ Practical တွဲပြီး လုပ်လာ ရတယ်။ စာအုပ်တွေ ကတော့ ရှာဝယ်ပြီး ဖတ်ရ ပါတယ်။ အရမ်းကို ဖတ်ရတယ်။

နည်းပညာ အပြောင်း အလဲများ
၁၉၉၈မှာ Digital Technology နဲ့ Mixer တွေ စလာပြီ။ Computer recording စလာပြီ။ ကျွန်တော်က ၁၉၉၇ မှာ Lazy Club တီးဝိုင်းနဲ့စတီးတော့ Computer စလုပ် ဖြစ်ခဲ့တယ်။ Electronic Music နဲ့ Digital Recoriding System ကို Lazy နဲ့ အများကြီး စမ်းလုပ် ခဲ့ရတယ်။ ကျွန်တော် Digital Technology နဲ့ Computer Music ကို Study လုပ်ပြီး Analog System ကို ပြောင်းယူခဲ့ရတယ်။ အခြား နိုင်ငံတွေ မှာလည်း အဲဒီလို နည်းစနစ် အပြောင်းအလဲ တွေ၊ Revolution တွေ ဖြစ်နေတော့ နည်းပညာနဲ့ ပတ်သက်တဲ့ သီအိုရီတွေ ကို ဖြည်းဖြည်းချင်း စောင့်ယူ နေရတယ်။ နိုင်ငံခြားက အစ်ကို နဲ့ အသိ မိတ်ဆွေတွေ ကို ကျွန်တော် သိချင်တာတွေ လှမ်းမေးလိုက်၊ သူတို့ ကလည်း အချက်အလက်တွေ ရသလောက် ပြန်ပြော လိုက်နဲ့ အခက် အခဲတွေ အများကြီး ရှိခဲ့တယ်။ အချိန်ယူ ခဲ့ရတယ်။

၂၀ဝ၀ပြည့်နှစ် မှာ Software တွေရေးတဲ့ အဖွဲ့တွေ နဲ့ ဆုံဖြစ် တယ်။ Seminar တစ်ခုမှာ တွေ့ကြတယ်။ အဲဒီ အင်ဂျင်နီယာ တွေက တော်ကြတယ်။ ထိုင်ဝမ် ပါတယ်။ တရုတ်၊ အိန္ဒိယ ပါတယ်။ အဲဒီမှာ Digital Technology ပိုင်းကို အများကြီး သိသွားတယ်။ Analog နဲ့ မတူတာတွေ လည်း အများကြီး ရှိတယ်။ အခု ကျွန်တော် သင်နေတဲ့ Course တွေမှာ အဲဒါကို အဓိက ထားပြီး သင်ပါတယ်။ Analog မှာ မရှိခဲ့တဲ့ System တွေအများကြီး ရှိလာတာကိုး။

အကောင်းဆုံး အချက်အလက် များကို စုဆောင်းပေးခြင်း
ပစ္စည်းအသစ် တစ်ခု ပေါ်လာလိုက်၊ အဲဒီ ပစ္စည်းကို စမ်းလိုက်၊ ပြန် သင်ပြ လိုက်နဲ့၊ အဲဒီလို သင်သွားတာ၊ လက်တွေ့ အသုံးချပြီး သင်ပေးတာ ဆိုတော့ ကျွန်တော့် အတွက်ရော၊ သင်တန်းသားတွေ အတွက်ရော အဆင်ပြေ တယ်။ သင်တန်းဖွင့်မယ် ဆိုပြီး စဉ်းစားတော့ ကျွန်တော် ဘာစာတွေ သွားသင်မလဲ။ ချက်ချင်းကြီးခေါင်းထဲ ဝင်မလာ။ သူတို့ အတွက် ခက်ခဲနေမယ်။ အဲဒါနဲ့ သင်ခန်းစာပုံစံတွေ စာပြန် ရေးရတယ်။ သင်တန်း အတွက် ကျွန်တော် လေ့လာ ခဲ့ရတဲ့ စာတွေ ပြန်စု၊ ပြန်သုံးသပ် ရတယ်။ အဲဒီ စာတွေကို Course ပြန်ခွဲရတယ်။ အဲဒါ သုံးလလောက်ကြာ တယ်။ ကျွန်တော် သင်တန်းဖွင့်မယ်လို့ ဆုံးဖြတ်ချိန်နဲ့ တကယ်သင် တန်းဖွင့်ချိန်က သုံးလကွာသွားပါတယ်။ ဒီစာအုပ်ကို ကျွန်တော် ရေးတာ စာမျက်နှာ ၁၀ဝကျော်လောက်ရှိတယ်။ ဒီထဲမှာ Point တွေချည်းစုထား ပေးတယ်။ သူတို့ တကယ်လုပ်နေတဲ့အခါ ပြဿနာရှိတိုင်း ဒီစာအုပ်ကို လှန်ကြည့်ရင် တွေ့အောင်လို့။ ကြုံရမယ့် အခက်အခဲ Point တွေချည်းပါပဲ။ ကလေးတွေ နဲ့ သင့်တော်မယ့် အချက် အလက်တွေ၊ အကောင်းဆုံး Point တွေ ချည်းပဲ ရွေးထားတာ။မတူသော သင်တန်းသား၊ မတူသော သင်ကြားပုံများ။ ကျွန်တော် သင်တန်း ပထမဆုံး အတန်းနဲ့ ဒုတိယ အတန်းမှာ က ဖွင့်ဖွင့်ချင်း Studio တွေက Engineer တွေ လာတက် ကြတယ်။ Experience ရှိတဲ့သူတွေ၊ ၅နှစ်၊ ၇နှစ်ကနေ ၁၀နှစ် အတွေ့အကြုံရှိသူတွေ အထိ လာသင်ကြတယ်။ သူတို့ကိုတော့ Basic ရှိပြီးသား လူတွေမို့ ခပ်မြင့်မြင့် သင်ပေးရတယ်။ အများကြီး တွန်းသင် လိုက်တယ်။ သူတို့ဟာ တကယ် လက်တွေ့ လုပ်နေကြတော့ ဒါဟာ ဘာဖြစ်လို့ လုပ်ရတာလဲ၊ ဒီပစ္စည်းတစ်ခုကို ဘာကြောင့်ဒီနေရာမှာ သုံးတာလဲ ဆိုတာ သိသွား တယ်။ လက်တွေ့ သိပြီးသားကို Theory အရပါ နားလည် သွားတယ်။

Studio တွေမှာက အစကတည်းက Experiment လုပ်ပြီးမှ Set-up ချပေးခဲ့တာ။ ဒီ Set-up ကို ဘာကြောင့်လုပ်သလဲ ဆိုတာ သူတို့ မသိသေးဘူး။  အဲဒါကိုသင်ပေးတာပါ။ သူတို့က Experience ရှိပြီးသား။ နောက်အတန်း တွေကျတော့ ဘာမှမသိတဲ့ ကလေး တွေလာကြတယ်။ သူတို့ကို ကျတော့ အစက ပြန်သင် ရတယ်။ ဒီလိုပဲ ခွဲခွဲပြီး သင်ရတယ်။ ရှေ့က အတန်းတွေမှာ ဆိုရင် များသော အားဖြင့် SAE ကျောင်းဆင်းတွေ ပါတယ်။ သူတို့တွေ ဆိုရင် စာသင် ပြီးသား တွေပေါ့။
သင်တန်းထဲက ကလေးတွေ ကြည့်ပြီး ခွဲထုတ် ရတယ်။ အခု အတန်း ဆိုရင် Basic က စသင် ပေးရတာ။  တချို့ကလေးတွေက နယ်က လာကြတာ။  သူတို့က Recordingဟုတ်ဘူး။ စက်ပစ္စည်း ထောင်တာ မျိုးပေါ့။ နယ်မှာစက်ကောင်းကောင်း သုံးပြီး လုပ်ငန်း လုပ်ချင်တယ်။ အဲဒီလို ကလေးမျိုး ကျတော့ Stage Show စက်တွေ နဲ့ ပတ်သက်တာ သင် ပေးရတယ်။ Basic က မပြောင်း ပေမဲ့ သင်တဲ့ Concept က ပြောင်းပေး ရတယ်။ သူတို့ လိုအပ် တာလေးတွေ လုပ်ပေး ရတယ်။  ဒီသင်တန်း သားတစ်ယောက် ဆိုရင် တောင်ပေါ်မြို့ တစ်မြို့ ကလာ တက်တာ။ Computer နဲ့ ပတ်သက်ပြီး Home Studio လုပ်ချင်တယ်။ ကိုယ့်အိမ်မှာ ဝါသနာ အလျောက် Computer နဲ့ Recording လုပ်မယ်။ ဒါမျိုး ကျတော့ Computer နဲ့ ပတ်သက်ပြီး ခွဲထွက် သင်ပေး ရတယ်။

လက်တွေ့လေ့ကျင့် နိုင်ခြင်း
Final  ကျရင် သင်တန်းသားတွေ က ကျွန်တော့် ကို Thesis တင်ရတယ်။ သူတို့ ကိုယ်တိုင် သီချင်း ဖန်တီးပြီး တင်ရတယ်။ သူတို့ ကိုယ်တိုင်တီး၊ ကိုယ်တိုင် အသံဖမ်း ရတယ်။ သင်တန်း ပြီးသွားရင် တချို့ ကလေးတွေ ကတော့ ဒီမှာ Practicalူ လုပ်ငန်းခွင် ပြန်လာ ဆင်းတယ်။ ဒီမှာက တကယ့် Professional တွေ သီချင်း ဆို၊ အသံသွင်းချိန်ဆိုရင် သူတို့အတွက်အကျိုး ရှိတယ်။ တကယ့် Player တွေနဲ့ Amateur မတူတဲ့ အချက်က တကယ့် Player တွေ က စိတ်မရှည်ဘူး။ သူတို့ Point ကို ဖမ်းနိုင် ဖို့အတွက် Engineer မှာ သိပ်ကို Process ဖြစ်ရတယ်။ Engineer ဖြစ်ဖို့က Engineer တစ်ယောက်ကို ၆လ တိတိ Training မောင်း ရတယ်။ ၆လ မောင်းပြီးမှ တွဲလွှတ်လို့ ရတယ်။ အခုသင်တဲ့ အဆင့် ကတော့ အဲဒီလို လွှတ်လို့ ရတဲ့ အဆင့် မဟုတ်ဘူး။ စာပဲ သင်လွှတ် လိုက်တာ Practical ကတော့ ကိုယ့်ဟာ ကိုယ်ကျင့် မှရမယ်။ ဒီ Professional တွေအကြောင်းကို သိချင်ရင် ဒီမှာလာ၊ တချို့ ကလေးတွေက ဒီမှာ လာ ဆင်းကြတယ်။ အသံဖမ်း Engineer နဲ့ တွဲတွဲပြီး ပြရတာပေါ့။ သင်ရတဲ့Courseထဲက စာတွေ ကလည်း သိပ်များတာကိုး။

ကွန်ပျူတာ၊ နည်းစနစ်နှင့် မော်တော်ကား
Computer Technology တွေက အမြဲတမ်း အနောက်မှာ နေတယ်။ အရှေ့က ပစ္စည်းရှိလို့ သူက လိုက်ထွင်လို့ ရတာလေ။ Theory က ဘယ်တော့ မှ မပြောင်းဘူး။ သုံးတဲ့ ပစ္စည်း ထဲက လုပ်လို့ရတဲ့ ဟာပဲ ပြောင်းသွားတာ။ ဥပမာ၊ Equalizer ဆိုရင် သူ့ပုံစံတွေ က အမျိုးမျိုး ရှိတယ်။ Quality လည်း အမျိုးမျိုး ရှိတယ်။  ဒါပေမဲ့ Equalizer ကတော့ မပြောင်းဘူး။ အဲဒီလို အချက်တွေကို သင်ပေးတယ်။ Mixer ဆိုလည်း Mixer နဲ့ ပတ် သက်တာ၊ Sound Cut ဆိုလည်း Sound Cut နဲ့ ပတ်သက် တာပေါ့။ Mixer သိပေမဲ့ Sound Cut မသိရင် မရဘူး။ Sound Cut Mixer ဆိုရင် Sound Cut ရော Mixer ပါ နှစ်ခု စလုံး တတ်မှ ရမယ်။ ကျွန်တော်က Basic Concept ကို သင်လိုက်တာ။ မော်တော်ကား လိုပေါ့။ Brand ကသာ အမျိုးစုံ ပြောင်း သွားတာ။ သူ့အခြေခံက မော်တော်ကား ပဲ။

ရှေ့ဆက်မည့် အစီအစဉ်
ကျွန်တော် ဒီသင်တန်း ပြီးရင် Mix-down Class ဖွင့်ဖို့ ရှိမယ်။ Mix-down Classျ က တော်တော်လေး မြင့်တော့ စာသင်ဖို့ ကို ကျွန်တော် အခု Course တွေ ခွဲနေပါတယ်။ စာတွေ ပြန်ရေး နေတယ်။ Mix-down ကို နိုင်ငံခြားမှာ တော့ ဒါကို Specialize မလုပ် ပါဘူး။ Computer Course နဲ့တွဲတဲ့အခါ ကျ တော့ ကလေးတွေအနေနဲ့ Tracking ကို တော်တော် ဖမ်းခဲ့ ဖူးတဲ့ သူမှ Mix-down ဖမ်းလို့ ရမယ်။ ကျွန်တော်တို့ ဆီမှာ ၁၀နှစ် လောက် Tracking ဖမ်းတဲ့လူတောင် Mix – down မရတာတွေ ရှိတယ်။ သူကတော့ စာလည်း မဟုတ်ဘူး။ Psycho တွေပေါ့။ အနုပညာ နဲ့ ပတ်သက်တဲ့ ဟာတွေ၊ Art Sence ပေါ့။
ကျွန်တော် အဲဒီဟာ သင်တဲ့နည်း ကို ရေးနေ ပါတယ်။ ဒီအတန်း က ရှေ့က Basic မတက်ဘဲ နဲ့ မရဘူး။ စာကို ရှင်းမပြ တော့ဘူး။ နံပါတ် ဘယ်လောက်လဲ ဆိုပြီး Code နဲ့ ပဲ ပြောသွားတယ်။ အခြေခံ မတတ်ဘဲ နဲ့ ဘာသွားပြော မလဲ။ ဒီပစ္စည်း ရဲ့ Basic ကို နားလည်မှ ရမယ်။ Mix-down Engineer ဆိုတာ တော်တော်ကို နည်း နေသေးတယ်။

နည်းစနစ်နှင့် နားတစ်စုံ
အဓိက အရေးကြီးတာ က အသံကို အမှန် ဖြစ်အောင် ဖမ်းဖို့ ပါပဲ။ အဲဒီ အတွက် နံပါတ် တစ်အရေး ကြီးတာက နားပေါ့။ နည်း စနစ်က ဒုတိယပေါ့။ နည်းစနစ်ကို ကိုယ်က ခိုင်းရတာကိုး။ နားကနေ နည်းစနစ်ကို ခိုင်းရတာ။ နားက အမှန်မသိဘဲနဲ့ နည်းစနစ်ကို ခိုင်းလို့မရဘူး။ နည်းစနစ်ဆိုတာ ကလေးတွေ က အလွယ် တကူ ပြောနေကြ တာ။ Ready Made ထဲမှာ Process ပါလို့။ ဒါပေမဲ့ မသိတဲ့ အချက်က ဘာလဲ ဆိုတော့ ဘိုသံ နဲ့ ဗမာသံ မတူဘူး။ ဟိုက ဘိုသံကို ရေးပေးထားတာ။ သူတို့ Instrument အတွက် ရေးထားတာ။ သူတို့ Vocal Voive က High and low များတယ်။ကျွန်တော် တို့ Asia တွေ စကားပြော တာက Mid ရှိတယ်။ သူတို့ Precess ကို ကျွန်တော်တို့ ထည့်ရင် လုံးဝ မလိုက်ဘူး။ အဲဒါကို သတိထား ရမယ်။

Mix down engineer တွေမှာ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ Sence တွေမတူဘူးပေါ့။ သူ့အကြိုက်နဲ့သူ။ ကိုယ်လည်း အခြားသူကို တုလို့ မရဘူး။  ReadyMade သုံးတဲ့အခါမှာတော့ ဒီလူ လုပ်တဲ့ဟာ နဲ့ နောက်တစ်ယောက် လုပ်တဲ့ ဟာ ဘာမှ မကွာတော့ ဘူး။ တစ်မျိုးတည်း၊ အရသာ က မကွာဘူး။  Technologyကအဲဒီလို။ အနုပညာ ခံစားမှုကတော့ အရေးအကြီးဆုံးပါ။ Final Mixing လုပ်တာ သုံးမျိုး ရှိပါတယ်။ အသံဖမ်းတဲ့ Basic Tracking ရှိတယ်။  Mixingလုပ်တာ ရှိတယ်။ ပြီးမှ Mastering လုပ်တာ ရှိတယ်။ အဲဒီ သုံးခုလုံး က မတူပါဘူး။ အခုသင်နေတာTracking ဖမ်းတာ။ Tracking Engineer ကတော့ ပန်းချီဆွဲတဲ့အခါ ဆေးအရောင် Color တစ်ခုစီ ဖန်တီးတဲ့သူနဲ့ တူပါတယ်။ အနီဆို အနီ၊ အစိမ်းဆို အစိမ်း ပီပီ ပြင်ပြင် ဖြစ်အောင်ပေါ့။ အရောင်အမှန်ရောက်အောင် လုပ်ရတယ်။ Mixing ဆွဲတဲ့ Engineer ကတော့ ပန်းချီဆွဲတဲ့ သူနဲ့ တူပါတယ်။ Mixing အသံ တစ်ခုကို စုတ်သွားအောင် လုပ်လို့ရတယ်။ အရမ်းကောင်း အောင်လည်း လုပ်လို့ရတယ်။ ပန်းချီကားတစ်ကားကို ဆွဲတဲ့အချိန်မှာ ဒီပန်းချီဆရာရဲ့ စိတ်ကို သူ့စုတ်ချက်တွေကို ကြည့်ပြီး သိနိုင် သလို ပါပဲ။ Mixing Engineer တစ်ယောက်ရဲ့ စိတ်ကိုလည်း သူဖမ်းထား တာကို နားထောင်ပြီး သိနိုင်ပါတယ်။ ဒီလူ ဟာ ဘယ်လောက် ထဲထဲ ဝင်ဝင် လုပ်ထားလဲ ဆိုတာ၊ သာမန် ပဲလား၊ Mix လုပ်ထားရုံ ပဲလား၊ Creation Mixing လုပ်ထား သလား သိနိုင် ပါတယ်။

ကျွန်တော် စင်ပေါ် မတက်တော့ပါ။
ကျွန်တော် စင်ပေါ်တက် ဖို့တော့ မရှိနိုင်တော့ ပါဘူး။ ကျွန်တော် နားလိုက်တယ် ဆိုတာ ကလည်း Band နှစ်ခုလုံး နဲ့ ဟိုဘက်ပြေးလိုက်၊ ဒီ ဘက်ပြေးလိုက် လုပ်လို့ မရဘူး။ Band နှစ်ခုက စင်ပြိုင် ဖြစ်လာ ချိန်မှာ တစ်ဖက် အတွက် မလျော့ စေချင်ဘူး။ အဲဒါ နဲ့ မတက်ဖြစ်တော့ တာပါ။
ကျွန်တော် Drunner ပြန်မလုပ် တော့တဲ့ အထဲမှာ နောက်တစ်ချက် ရှိပါတယ်။Live Show တွေ သိပ်များ လာတယ်။ အားလုံးက Live Show ဖြစ်လာတယ်။ ရှေ့ပိုင်း မှာတော့ Live Show တွေကို အရသာ အပြည့် လုပ်ခဲ့ ကြပါတယ်။ တဖြည်းဖြည်း နဲ့ မြန်၊ ကောင်း၊ သက်သာ တွေ လုပ်လာ ကြတယ်။ အဟောင်း သံသရာ မှာ လည်လာတယ်။ ဖြစ်တဲ့ နည်းနဲ့ ထွက်ရဖို့ လုပ်လာ ကြတယ်။ အနုပညာ တွေ ပျောက် ဆုံးလာတယ်။ တန်ဖိုး မထားကြတော့ဘူး။ ဒီဟာ ကို ဖန်တီးသူတွေ ကလည်း တန်ဖိုး မထား ကြတော့ဘူး။ အနုပညာ နဲ့ ပတ်သက်လို့ ကျွန်တော် က ပိုက်ဆံ အတွက် လုပ်တာ မဟုတ်ဘူး။ အဓိက ကျွန်တော် ကောင်းကောင်း လုပ်ချင်တယ်။ ကျွန်တော် တီးခဲ့တဲ့ အခွေတွေ မှာလည်း အကောင်းဆုံး လုပ်ခဲ့ ပါတယ်။ ဒီအဆိုတော် တွေ မျက်နှာသစ် မို့ ဖြစ်မှာ မဟုတ်ဘူး ဆိုပြီး လျှော့တာမျိုး မရှိခဲ့ဘူး။ ကိုယ့်ဘက်က အကောင်းဆုံး လုပ်ပေးခဲ့တာချည်းပဲ။ ကျွန်တော်က အနုပညာ နဲ့ ပတ်သက်ရင် မာန ထားတယ်။ ကိုယ်က ကောင်းကောင်း မွန်မွန် လုပ်ချင်ပေမဲ့ နောက်ပိုင်းမှာ ဈေးကွက် အရတွေ ဖြစ်လာတယ်။ ဖန်တီးမှုအတွက် အချိန်မရှိဘူး ဖြစ်လာတယ်။ မြန်မြန် ဆန်ဆန် တွေပေါ့။ အခုချိန် ကတော့ သိပ်ကောင်း တယ်။ အနုပညာ အစစ်ကို အခုအချိန်မှာ လုပ်ရင် ကောင်းတယ်။ လုပ်သင့်တယ် ထင်တယ်။ အဆိုတော်တွေလည်း ကိုယ့်ကိုယ် ကိုယ် အနုပညာသမား စစ်စစ် ပါလို့ ယူဆရင်၊ ဒါ အနုပညာ အလုပ်လုပ်သင့် တဲ့ အချိန်ပါပဲ။ စလုပ်ကြတဲ့ အချိန်ကလည်း ခုလို နာမည် ကြီးမယ်၊ မကြီးမယ် မသိဘဲ ရိုးရိုး သားသား ဖန်တီး ကြတာ မို့လား။ အခု အချိန် မှာလည်း အဲဒီလို စိတ်နဲ့ အနုပညာ ဖန်တီးသင့် တယ်လို့ ယူဆတာ ပါပဲ။

ကိုချိုလွင်

Perfect Magazine မှပြန်လည်ကူးယူဖော်ပြပါသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s