အငယ်ဆုံး Hip Hop အဆိုတော် လေး Pauk C

Posted: April 27, 2011 in Music, News
Tags: , ,

ကလေး ငယ်တွေ ဟာ သံစဉ် မကြောင်ပဲ သီချင်း တစ်ပုဒ် ကို ဆိုရန် ခက်တတ်ကြ ပါတယ်။စည်းချက်မှန်မှန် နဲ့ beat ထဲဝင်ဆို ရတဲ့ Hip Hop လို သီချင်း တွေကြတော့ ခတ်လွယ်လွယ်ပဲဝင် ဆိုနိုင်တာ တွေ့ရ ပါတယ်။

သို့သော် ခလေး တစ်ယောက် အတွက် စည်းချက် ကျကျ စကား လုံးပီပီ ပညာရှင် အဆင့် HipHopသီချင်း ဆိုဖို့ ကျတော့ ခက် ပါတယ်။ဒီလို Hip Hop သီချင်း ကို အဆင့် မှီမှီ ဆိုနိုင်တဲ့ ခလေးတစ်ယောက်တော့ မြန်မာ ပြည်မှာရှိနေ ပါပြီ။

သူလေးရဲ့နာမည်က Pauk C (ပေါက်စီ) ဖြစ်ပါတယ်။ သူဟာ နာမည်လည်း ရနေ ပါပြီ။ နာမည်ကြီး အဆိုတော်တွေနဲ့ အတူ Show ပွဲကြီးတွေမှာ တက်ဆိုနေ ပါတယ်။Pauk C လေး စင်ပေါ် တက်ပြီး Hip Hop စဆိုတဲ့ အချိန်မှာ သူ့ရဲ့အသက်က ( ၇ နှစ် ၁၁ လ နဲ့ ၁၂ ရက် ) ပဲရှိပါ သေးတယ်။

ဒီအချက် နဲ့တင် Pauk C လေး ကို မြန်မာ ပြည်ရဲ့ အငယ်ဆုံး Hip Hop အဆိုတော် လို့ခေါ် နိုင်မယ်လို့ ကျွန်တော် ထင် ပါတယ်။   ၂၀၀၉အောက်တိုဘာ၂၇ရက်နေ့ကထွက်တဲ့ .. နိမိတ်ကောင်းနဲ့လူ ..သီချင်း Album မှာ Pauk C ဆိုတဲ့ နာမည်လေး ပါလာတာ တွေ့ရ ပါ တယ်။   Albumထဲမှာပါတဲ့ အခြား သူများ ကတော့ … J me, ရသ, ကြက်ဖ, ယုန်လေး, ဂျောက်ဂျက်, Dယံ, စန္ဒီမြင့်လွင်, Jenny, အိမ့်ချစ်, သီရိ(cartoon) စတဲ့ နာမည် ကြီး အဆိုတော် များ ဖြစ်ကြ ပါတယ်။ Pauk C လေးက ၂ပုဒ် ဆိုထားပါတယ်။

Album ထွက်တဲ့အချိန်မှာ Pauk C အသက်က ( ၉ နှစ် ၆ လ နဲ့ ၆ ရက် ) သားပဲ ရှိသေးတယ်။ စဆို တဲ့ အသက်က ( ၇ နှစ် ၁၁ လ နဲ့ ၁၂ ရက် ) ပါ။  တနှစ်ခွဲလေးအတွင်းမှာ Pauk C လေး ဖြတ်သန်း လာခဲ့တဲ့ မှတ်တိုင် များ ကတော့….

  • Promotion ပွဲ ၁၂ ပွဲ
  • Premier Coffee Mix ကြော်ငြာ
  • Max Plus ကြော်ငြာ
  • သူ – အမည်ရှိ ဗီဒီယို ဇာတ်ကား
  • ၀တ်မှုံမျှော်တဲ့လိပ်ပြာ – အမည်ရှိ ဗီဒီယို ဇာတ်ကား

နောက်ဆုံး ရတဲ့ သတင်း ကတော့ နိမိတ်ကောင်းနဲ့လူ album ဟာ VCD အဖြစ်နဲ့ ၂ လပိုင်း ၂၀၁၀ မှာ ထပ်မံ ထွက်မယ် ဆိုတာပါပဲ။

Chop from : TheMost Youngest Rapper in Yangon:PAUK C

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s