စီဒီတီထွင်သူ ဆိုနီကုမ္ပဏီ ဥက္ကဋ္ဌဟောင်း အသက် ၈၁ နှစ်၌ ကွယ်လွန်

Posted: May 7, 2011 in News
Tags: ,

စီဒီတီထွင်သူ ဆိုနီကုမ္ပဏီဥက္ကဋ္ဌဟောင်း နိုရီယိုအိုဂါသည် အသက် ၈၁ နှစ် အရွယ်တွင် တိုကျိုမြို့၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ စီဒီတီထွင်မှု အစဦးပိုင်းတွင် အသံအရည်အသွေး ကောင်းမွန်မှုကို အိုဂါက အသိအမှတ်ပြုခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးစီဒီကို ဆိုနီကုမ္ပဏီက ပြသခဲ့သည်။ ယင်းနောက် ငါးနှစ်အကြာတွင် ဂျပန်နိုင်ငံ၌ စီဒီများကို စတင် ရောင်းချခဲ့သည်။ အို ဂါသည် ၎င်းအလွန်နှစ်ခြိုက်သော ဘီသိုဗင်၏ Ninth တေးသွားအားလုံး (အချိန် ၇၅ မိနစ်စာ) ကို သိုမှီးသိမ်းဆည်းနိုင်ရန် စီဒီ အရွယ်အစားကို အချင်း ၄ ဒသမ ၈ လက်မ ထားရှိရန် အကြံပြုခဲ့သည်။ အသံသွင်း ဓာတ်ပြားများ နေရာတွင် စီဒီများဖြင့် အစားထိုးနိုင်သည် ဟူသော အိုဂါ၏ အကြံပြုချက်များသည် ၁၉၇၀ ပြည့်နှစ်များတွင် ဝေဖန်မှု၊ မယုံကြည်မှု ကြုံခဲ့ရသည်။ အိုဂါသည် ဆိုနီကုမ္ပဏီတွင် လေ့ကျင့်သင်ကြားမှု မခံရမီ သံစုံတီးဝိုင်းတွင် အဆိုတော်တစ်ဦးအဖြစ် အသက်မွေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။ အိုဂါ သည် အသက် ၃၀ အရွယ်တွင် ဆိုနီကုမ္ပဏီ အမှုဆောင်တစ်ဦး ဖြစ်လာပြီး ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်လာချိန်တွင် လျှပ်စစ်ပစ္စည်းလုပ်ငန်း ကြွယ်ဝ တိုးတက်လာစေရန် ဂီတ၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်း ကဏ္ဍများကို အလေးပေး လုပ်ဆောင်ခဲ့ကာ PlayStation ဂိမ်းမှာ ဂိမ်းဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေမှုကဏ္ဍတွင် ဆိုနီ က ဦးဆောင်နိုင်ခဲ့ခြင်းမှာ အိုဂါ၏ ကြိုတင်မျှော်တွေးနိုင်မှုနှင့် စိတ်ကူး စိတ်သန်းများကြောင့်ဟု ဆိုနီကုမ္ပဏီ လက်ရှိဥက္ကဋ္ဌဟောင်း ၀ပ်စထရင်းဂါ က ပြောကြားခဲ့သည်။

Chop from : Eleven News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s