အက်စစ် သို့မဟုတ် မြန်မာဟစ်ဟော့ပ်ရဲ့ စတင်ခြင်း

အနဂ္ဂနဲ့ ဟိန်းဇော်၊ ဇေယျာသော်နဲ့ ရန်ရန်ချမ်း ဒီပွဲထဲမှာအပါ အ၀င်ပါပဲ”ဆိုတဲ့ အက်စစ်အဖွဲ့ရဲ့ စတင်ခြင်းစီးရီးထဲက အဆက်မပြတ် ရွတ်ဆိုတဲ့ ဂီတပုံစံသစ်က ၂၀၀၀ပြည့်နှစ်မှာမြန်မာတစ်နိုင်ငံလုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ ဘာတွေဆိုနေ တာလဲ၊ ဒါသီချင်းလားစတဲ့ဝေဖန်မှု တွေရှိခဲ့ပေမယ့် သူတို့ယုံကြည်ရာကို ရဲဝံ့စွာဖော်ထုတ်ခဲ့လို့လဲ ယခုအချိန်မှာ ဟစ်ဟော့ပ်ဂီတဟာ လူငယ်ပေါင်းများစွာ ပါဝင်တဲ့ အဖွဲ့တွေ၊ Family တွေနဲ့ အောင်မြင်မှု ရရှိနေခဲ့ပါပြီ။ ဒီလိုအချိန်မှာအက်ဆစ်အဖွဲ့သား များမှာလည်းအပြောင်းအလဲများစွာ နဲ့ကွဲသူကွဲ၊ဆုံးသူဆုံးဖြင့် တစ်ဦးချင်း လုပ်ကိုင်ကြပေမယ့် ၂၀၁၁ခုနှစ်ရဲ့ မေလ ၂၁ ရက်မှာတော့ ဟိန်းဇော်က လွဲပြီး သူတို့ပြန်လည် ဆုံဆည်းခဲ့ချိန် ၀ယ်. . .

ဟစ်ဟော့ပ်ဆိုတာကို ကမ္ဘာမှာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ နယူး ယောက်မြို့မှာရှိတဲ့ ဘရွန့်စ်ရပ်ကွက် မှာ အစပြုခဲ့ပေမယ့်လည်း မြန်မာ နိုင်ငံမှာတော့ ၁၉၉၀ လွန်နှစ်များက လူငယ်များအကြား စတင်ပျံ့ နှံ့နေခဲ့ ပါတယ်။ ဒါပေမဲ့ မြန်မာပရိသတ်တွေနဲ့ ဟစ်ဟော့ပ်ကို စတင်ကျွမ်းဝင်အောင် လုပ်ခဲ့တာကတော့ အက်စစ် အဖွဲ့ပဲဖြစ်ပါတယ်။ အဲဒီမှာ ပါဝင်တဲ့ အဖွဲ့သားတွေကလည်း ဟစ်ဟော့ပ် ဂီတကမ္ဘာမှာ သူတို့အဖွဲ့နဲ့ သူတို့လှုပ် ရှားနေခဲ့သူတွေဖြစ်ပြီး အက်စစ်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းပြီး စတင်ခြင်း ဆိုတဲ့ ဟစ်ဟော့ပ်သီးသန့်ခွေ တစ်ခွေကို စတင်စီစဉ်ခဲ့သူများလည်း ဖြစ် ပါတယ်။ စတူဒီယိုများမှ ဟစ်ဟော့ပ် သီချင်းလုပ်ကိုင်မှု မရှိသေးတဲ့ အခြေအနေ၊ပရိသတ်နဲ့ နားမယဉ်သေးတဲ့ ဂီတနဲ့ ရင်းနှီးမှုမရှိတဲ့ အဆိုတော်တွေကြောင့် အက်စစ်ခြင်းရဲ့ဟစ်ဟော့ပ် ခရီးအစအကြောင်းကို. . . .

ကျွန်တော် တို့ အဲဒီတုန်း အသက်၁၉ နှစ်ပဲရှိပါ သေးတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ကိုယ်လုပ်နေတာ ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ဟစ်ဟော့ပ်ကို လုပ်ဖြစ်တာပါ။ အဲဒီတုန်းက ဘာကိုပြောချင်တာလဲဆိုတာကို အတိအကျ မသိခဲ့ပါ ဘူး။ ခုအသက်အရွယ်ရောက်မှ ပိုပြီး စဉ်းစားတတ်လာပါတယ်’ လို့အနဂ္ဂက ဆိုပါတယ်။ ဆက်လက်ပြီး အနဂ္ဂက ပဲ “အဲဒီတုန်းက ဟစ်ဟော့ပ်ဆိုတာ ကို လုပ်နေတဲ့လူငယ်တွေရှိပေမယ့် တစ်ခါမှ တီးကြဖူးတာမဟုတ်တော့ တီးလုံးတီးတာကအစ ခွေဖြန့်တာအဆုံး အခက်အခဲတွေ ချည်းပါပဲ။ နောက်ပိုင်းမှ ကိုညီထွဋ်က ကိုမြင့်ဇော် နဲ့ ဆက်သွယ်ပေးတဲ့အတွက် တချို့ သီချင်းကို သူနဲ့သွင်း တချို့ကို နိုင်ငံခြားတူရိယာတွေထဲကနေ ရအောင် ဖန်တီးရတယ်။ အဆိုးဆုံးက အဲဒီ အချိန်မှာ ဒီလိုအသိုင်းအ၀ိုင်းလည်း မရှိသေးတဲ့အတွက် ဘာတွေမှန်းမသိဘူး။ စာတွေရွတ်နေတယ်ဆိုတဲ့ဝေဖန်မှုတွေပါ”လို့ ဆိုပါတယ်။

ဒီလို ဝေဖန်မှုတွေရှိခဲ့ပေမယ့် အက်စစ်အဖွဲ့သားတွေ အပါအ၀င် ထိုစဉ်က ဟစ်ဟော့ပ်ရောင်းရင်းတွေဖြစ်တဲ့ ဘာဘူ၊ သားစိုး၊ စိုးမိုးမင်း၊ NS လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ သုတအေးစတဲ့ လူငယ်တွေက ဟစ်ဟော့ပ် ကို လုပ်ကိုင်ဆဲဖြစ်သလို Sample ခွေ ပျံ့နှံ့ရာ ပရိသတ်များက မြန်မာနိုင်ငံရဲ့ ဟစ်ဟော့ပ်ကို ခိုင်မာအောင် ဒေါက်တိုင်များ စတင်စိုက်ထူပေးခဲ့တာမို့ ၂၀၀၀ ၀န်းကျင် နောက်ပိုင်းမှာတော့ ဟစ်ဟော့ပ်ဂီတ မြန်မာနိုင်ငံမှာ ခြေချ နိုင်ခဲ့ပါတော့တယ်။

ဒီအကြောင်းနှင့် ပတ်သက်ပြီး ရန်ရန်ချမ်းက “မြန်မာနိုင်ငံအနေနဲ့ ဟစ်ဟော့ပ်ကို ကျွန်တော်တို့က စတင်တယ်လို့ ဆိုပေမယ့် အဲဒီအချိန်က ဂီတက အပြောင်းအလဲ ဖြစ်ပေါ်နေချိန်။ ဒီလိုအချိန်မှာ ကျွန်တော်တို့က ဟစ်ဟော့ပ်ကို အစောဆုံး ထိတွေ့ပေး နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ပါပါတယ်”လို့ရိုးရှင်းသော သူ၏အတွေး ကို ခုလိုဆိုပါတယ်။

ဒီ့နောက်မှာတော့ သီအိုရီအဖွဲ့ ထပ်မံထွက်ရှိခဲ့ပြီး အဖွဲ့များစွာ ပေါ်ပေါက်လာခဲ့သလို Asscociationများ၊ Family များလည်းပေါ်ပေါက် လာခဲ့ပါတယ်။ ဒါ့အပြင် First Generation ၊ Second Generation သတ်မှတ်မှုတွေလည်း ပေါ်ထွက်လာ ခဲ့ပါတယ်။

“ဟစ်ဟော့ပ်ကို Generation တွေနဲ့ သတ်မှတ်တာတွေ ရှိပါတယ်။အမှန်တကယ်က Generationဆို တာက သူ့ကာလအပိုင်းရှိရမှာပေါ့။ ဂီတတည်ဆောက်မှု ဆိုတာကလည်း အစလုပ်တုန်းက ဟစ်ဟော့ပ်ချည်းပဲ တီးလို့ရတဲ့ စတူဒီယိုဆိုတာမျိုး မရှိဘူး။ အခုအဲလို မဟုတ်တော့ပါဘူး။ အခြေအနေတွေက ကွာလာပါပြီ။ ပြောင်းလဲနေတဲ့ ဂီတရေစီးကိုလည်း အမီလိုက်နိုင်တဲ့ အနေအထားရှိလာတဲ့ အတွက် ပြောင်းလဲတာမျိုးပဲ ရှိလာတာပါ။ ကျွန်တော့်အနေနဲ့ကတော့ အားလုံး ဟစ်ဟော့ပ်ဂီတအတွင်းမှာ လုပ်နေကြတာပါ”လို့ အနဂ္ဂကဆိုပါတယ်။

အခုအခါမှာ အက်စစ်အဖွဲ့က စတင်ခဲ့တဲ့ ဟစ်ဟော့ပ်ဂီတ လျှောက်လမ်းဟာ ရသ၊ ဂျေမီ၊ ရဲလေး၊ ကြက်ဖ တို့နဲ့အတူ တောက်ပခဲ့ပြီး ဂျောက်ဂျက်၊ လွှမ်းပိုင်၊ G – Family တို့နဲ့ အတူ ဟစ်ဟော့ပ်ရွှေရောင်ခရီး ကို ဆက်လက်ချီတက် နေကြပါတယ်။ အကွဲအပြဲဇာတ်လမ်းတွေကြောင့်တစ်ခန်းရပ်သလို ဖြစ်သွားတဲ့ ယနေ့ ဟစ်ဟော့ပ်လူငယ်တွေရဲ့ ရင်ထဲက အက်စစ် ခုလိုပြန်ဆုံဆည်းခြင်းက မြန်မာဟစ်ဟော့ပ်အတွက် ဘယ်လို အချိုးအကွေ့လေးတစ်ခု ကျန်ဦးမယ် ဆိုတာကိုတော့ . . .

Chop from : ElevenNews Journal 

:Thursday, 26 May 2011 12:54

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s