မွေးနေ့မှာ အမေစိတ်ချမ်းသာ အောင်နေမယ့် ကြက်ဖ

Posted: May 26, 2011 in Interview
Tags: , , , , ,

ဇွန်လ ၃ ရက်နေ့မှာကျရောက် မယ့် ၂၅နှစ်ပြည့်မွေးနေ့နဲ့ ပတ်သက် ပြီး ကြက်ဖက ”ထွေထွေထူးထူး တော့လုပ်ဖြစ် မှာ မဟုတ်ပါဘူး။ မွေး နေ့ဆိုမွေးနေ့ပွဲ လုပ်ဖြစ်တာ များတယ်။ အိမ်မှာပဲနေတယ်။ အမေစိတ်ချမ်း သာအောင် တတ်နိုင်သလောက်နေ တယ်။ ဒီနှစ်အမေက ဘုန်းကြီး ဝတ် ခိုင်းမလား မပြောတတ်သေးဘူး။ မှတ်မှတ်ရရ ၂ဝဝ၃ မွေးနေ့တုန်းက ကျောင်းမှာရှိတဲ့ သူငယ်ချင်းတွေကို အခွေဝေပေးဖူးတယ်။ မွေးနေ့မှာ မြတ်မြတ်နိုးနိုးရှိတဲ့ လက်ဆောင်မျိုး တော့ ခုချိန်ထိမရဖူးဘူး။ ကျွန်တော် က ပစ္စည်းတစ်ခုပေးတာထက်လိုချင် တဲ့ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတာပို ကြိုက်တယ်” လို့ပြောပါတယ်။အခုလတ်တလော ရှိုးပွဲတွေမှာသိပ်မတွေ့ဖြစ်တာနဲ့ ပတ် သက်ပြီး  မေးကြည့်တော့..”လက်ရှိမှာတစ်ကိုယ်တော်လည်း မလုပ်ဖြစ်ဘူး။ လတ်တလော အကုန်လုံးသွေး အေးနေတဲ့အချိန်လည်းဖြစ်နေတော့ နားနေကြ တာ များတယ်။ အခုချိန် မှာ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ ဂိမ်းဆော့ရင်း ကိုယ့်ကိုယ်ကိုယ်ပြန် ဖျော်ဖြေနေတယ်။ ကိုယ့်အတွက် ကိုယ်ပျော်စရာလုပ်ခဲ့တာနည်းတဲ့ အတွက် ကြီးမှအတိုးချပြီး ဂိမ်းတွေ ပြန်ဆော့နေတယ်။ ကလေးပြန်ဖြစ် သလိုဖြစ်နေတာပေါ့။ လူကြီးလုပ်ရ တာ ပင်ပန်းတယ်”လို့ ကြက်ဖက ပြောပါတယ်။ဟစ်ဟော့ပ် သီချင်းတွေကို ပိုင် နိုင်စွာဆိုခဲ့တဲ့ သူတစ်ယောက်အနေ နဲ့ ထူးထူးခြားခြားဘာလုပ်ဖို့ရှိလဲမေး ကြည့်တော့. ..”ဂီတဘက်မဟုတ် ဘဲ ရုပ်ရှင်အနုပညာ ဘက်မှာကင်မရာ မင်း(န်)ပဲဖြစ်ဖြစ်၊ အပျော်တမ်း ဒါရိုက်တာပဲဖြစ်ဖြစ် လုပ်ချင်တယ်။ ကျွန်တော်ရိုက်ထားတဲ့ဗီဒိယိုလေး တွေကို နိငအ ပြန်လုပ်ပြီး ကြိုးစား ကြည့်ချင်တယ်။ အရင်ကတည်းက ဝါသနာတော့ပါတယ်။ ဒါပေမဲ့ အခု မှစပြီးလက်တွေ့ အကောင်အထည် ဖော်ဖို့ကြိုးစားနေတယ်။ ကျွန်တော် ကတော့ ဘာကိုပဲစွန့်လွှတ်ခိုင်း စွန့် လွှတ်ခိုင်း မစွန့်လွှတ်ဘူး။ အတင်းပေး ရင်လည်း ကျွန်တော် မကြိုက်ရင်မ ယူဘူး။ တကယ်လို့ အနုပညာနဲ့ ပတ်သက်ပြီး တစ်ခုစွန့်ရမယ်ဆိုရင်  နှစ်ခုလုံးမစွန့်လွှတ်ဘူး”လို့ ပြတ်သား စွာဖြေခဲ့ပါတယ်။

အိချိုမိုးမြင့်

Chop from : Popular Journal  : Thursday, May 26, 2011, 10:09

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s