Hiphop လောကမှာ လူတွေများလာသလောက် အချောင်သမားတွေလည်းများလာတယ်

Posted: May 27, 2011 in Interview
Tags: , , , ,

အရင်တုန်းက ရက်ပါတွေနဲ့ အခုရက်ပါတွေ ဘယ်လိုမျိုးကွာခြား မှုတွေရှိသွားမလဲဆိုတာ ရသကိုမေးကြည့်တော့- ”အခုခေတ် ပိုကောင်း လာတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ နည်းနည်းလျော့လျော့လာတယ်။ဘာလို့လဲဆိုတော့လူတွေသာများလာတယ်။ ပြောရရင်အချောင်သမားတွေ ပါလာတာပေါ့။ အဲဒီတော့ လူသာများလာ တယ်။   ပေါ့ပေါ့လာတယ်။အဲဒါကြောင့်ဒီဘက်နောက်ပိုင်းမှာလူကလည်း များလာတဲ့အတွက် သေသေချာချာထင်ထင်  ပေါ်ပေါ်ဖြစ်ချင်တယ်ဆိုရင်တော့ လူငယ်တွေကို ပြောချင်တာက လိုအပ်တဲ့အကြောင်းပဲဆိုပါ  မလိုအပ်တဲ့အကြောင်း မဆိုပါနဲ့လို့ ပြောချင် ပါတယ်”လို့ ပြောပါတယ်။

ဟစ်ဟော့ပ်ရဲ့ အဓိပ္ပာယ်ကို မြန်မာစာလုံးနဲ့ အစားထိုးကြည့် ထားတယ်လို့ပြောတဲ့ ရသက..”သူများတွေပြောနေတဲ့ ဟစ်ဟော့ပ်ဆိုတဲ့စကားလုံးကို မြန်မာ စကားလုံး တစ်ခုနဲ့အစားထိုးကြည့် တယ်။ ဘာလို့ လဲဆိုတော့ ‘ခေတ်ပြု ပြင်ပြောင်းလဲရေး’ဆိုတဲ့ စကားလုံးနဲ့ အစားထိုးကြည့်တယ်။ အဲဒီခေတ် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ယဉ်ကျေး မှုက ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဟစ်ဟော့ပ်ဆိုတဲ့ စကားလုံးမပေါ် ခင်ကတည်းက သံချပ်ဆိုတာ ရှိခဲ့တယ်။ အဲဒီယဉ်ကျေးမှုကလည်း ကျွန်တော်တို့ ဟစ်ဟော့ပ်နဲ့အတူ တူပဲ။  ကပ္ပလီတွေဘာကြောင့်ဟစ်ဟော့ပ်လို့ထွင်ခဲ့ရလဲဆိုတော့ အေဗ ရာဟင်လင်ကွန်းကြောင့်  သူတို့ကျွန်အဖြစ်က လွတ်မြောက်လာတယ်။ ဒါပေမဲ့ တကယ် မလွတ် သေးဘူး။    တချို့ပြည်နယ်တွေမှာ တရားဝင် အသိအမှတ်မပြုသေးဘူး။ လူအဖြစ် ကို အသိအမှတ်မပြုတာ။ သူတို့ ခေတ်က ကျွန်ခေတ်ဖြစ် နေတယ်။     အဲဒီကျွန်ခေတ်ကနေအခုဒီနေ့အိုဘားမားသမ္မတဖြစ်နေပြီလေ။    အဲဒီခေတ်ကိုရောက်အောင်ကပ္ပလီတွေ က သူတို့ဘဝကို သူတို့မြင်နေတဲ့ အမြင်တွေ ကို ဟစ်ဟော့ပ်နဲ့ ပြုပြင် ပြောင်းလဲ ပေးလိုက် နိုင်တယ်။ အဲဒါ ကြောင့်ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ လည်း ကိုယ်ကဘာကို ပြုပြင် ပြောင်းလဲပြီး ဘယ်လိုလုပ်နိုင်မလဲ။ မလုပ်နိုင်ဘူးဆိုရင်တော့ ဘာမှမဆိုတာ ကောင်းတယ်” လို့ပြောပါ တယ်။ ဟစ်ဟော့ပ်ကို တခြားဂီတ တွေနဲ့လည်း ပေါင်းစပ်လို့ရတယ် ဆိုတဲ့ ရသက-” ဒါကတော့ ဂီတကို တကယ် မခံစားတတ်သေးလို့ပါ။ ဒါမှမဟုတ်လုပ်ပြတဲ့ လူကပေးချင်တဲ့ မက်ဆေ့ခ်ျကို မရောက်လို့လည်း ဖြစ်နိုင်ပါတယ်။ အချွတ်အချော်တစ် ခုခုဖြစ်မှာပေါ့။ ပရိသတ်ဘက်က ချွတ်ချော်တာချည်းပဲလည်း မဟုတ် ပါဘူး။ အနုပညာသမားဘက်က ချွတ်ချော်တာလည်း ရှိကောင်းရှိနိုင် ပါတယ်” လို့ပြောပါတယ်။ မြန်မာနိုင်ငံက လူတွေဟာ ကိုယ့်ယဉ်ကျေးမှုကိုယ့်စရိုက်နဲ့ ကိုက် ညီတဲ့ ဟစ်ဟော့ပ်ကို လုပ်သင့်တယ် လို့ပြောတဲ့ ရသက ”ကပ္ပလီတွေ ရက်ပ်ဆိုတာကို အင်္ဂလန်ကကောင် တွေက ခိုးပြီးဆိုတာလား။  သူတို့ ဘာသာထွင်ပြီး ဆိုတာလားဆိုတာ လေးပြောချင်ပါတယ်။ မြန်မာနိုင်ငံ ကလူတွေအနေနဲ့ လည်း ကပ္ပလီ တွေဆီက ခိုးပြီးမဆိုဘဲ ကိုယ့်ယဉ် ကျေးမှုနဲ့ကိုယ်ဆိုစေချင်တယ်။ ကျွန်တော် တို့ ကပ္ပလီတွေဆီက နည်း ပညာရပြီဗျာ။ ဘယ်လိုလုပ်ရမယ် ဆိုတာ ကျွန်တော်တို့သိပြီ။ သိတဲ့အချိန်မှာကျွန်တော်တို့ ဘာသာ ကျွန်တော်တို့ လုပ်ရတော့မယ်။

ကိုယ်ဆိုမယ့် ဂီတကြီးက ကိုယ့်ခေတ်နဲ့မဆိုင်တဲ့ သီချင်းမျိုးဖြစ်နေ ရင် အဲဒီခေတ်ကလည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဆိုလိုက်တဲ့သီချင်း ကလည်းရပ်ကွက် ထဲမှာ ဘယ်လိုမှ   အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး။ ရပ်ကွက်က နားမလည် တဲ့ စကားလုံး တွေဆိုလည်း ရပ်ကွက်က  ကြိုက်မှာ မဟုတ်ဘူး။ ရပ် ကွက် မှာ ရှိ တဲ့ စကားကရပ်ကွက် စကားပဲဖြစ်ရမယ်။  ဟစ်ဟော့ပ်ဆိုတာအခြေခံဆန်ရတယ်။ အခြေခံ ကနေ ပြောင်းလဲပစ်နိုင်ရမယ်”လို့ ပြောပါတယ်။ အခုလတ်တလောမှာ ရသ ကစာအုပ်တွေနဲ့အချိန်ကုန်နေ တာကြောင့် သူ့ရဲ့အခွေဘက်ကို သိပ်မလှည့်နိုင်သေးဘဲ နည်း နည်းကြာဦး မယ်လို့ပြော ပါတယ်။

ရဲရဲ

Chop from : Popular News Journal  : Wednesday, May 25, 2011, 11:11

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s