Ezy Music Production မှ အဆိုရှင်သစ်များ ရွေးချယ်ခေါ်ယူ၍ မင်းအတွက်(၄)နှင့် အခြားတေးစီးရီးများတွင် ထည့်သွင်း သီဆိုစေမည်

Posted: June 16, 2011 in News
Tags:

Ezy Music Productionမှ အဆိုရှင်သစ်များ ရွေးချယ်ခေါ်ယူ၍ မင်းအတွက် (၄) နှင့်အခြားတေးစီးရီး များတွင် ထည့်သွင်းသီဆိုစေရန် စီစဉ်ထားသည့်အတွက် ၀ါသနာရှင်များ အနေဖြင့် အသံသွင်းယူထားသည့် ကိုယ်ပိုင်သံစဉ် တေးသီချင်းတစ်ပုဒ် ထည့်သွင်းထားသည့် စီဒီနှင့်အတူ အပတ်စဉ် စနေနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီ အထိ လျှောက်ထားရန် ဖိတ်ခေါ်ထားသည်ဟု သတင်းရရှိသည်။ ယင်းသို့ လျှောက်ထားရာ၌ ကိုယ်ပိုင်သံစဉ် သီချင်းသစ် ဖြစ်ရန်သာ လိုအပ်ပြီး ရော့ခ်၊ ပေါ့ပ်၊ ဟစ်ဟော့ပ်၊ ပန့်ခ် စသည့် ဂီတအမျိုးအစားစုံ ပါဝင် လျှောက်ထားနိုင်သည်ဟု သိရသည်။ “Ezyအနေနဲ့ ဟိုအရင်တည်း က မျိုးဆက်သစ်ဝါသနာရှင်တွေကို ရွေးချယ် မွေးထုတ်ပေးခဲ့တာပါ။ အဓိကတော့ Ezy ရဲ့မူအတိုင်း ကိုယ်ပိုင်သံစဉ်လည်းဖြစ်မယ်။ မင်းအတွက် ဆိုတဲ့ စီးရီးအတွဲတွေနဲ့လည်း ပုံစံ ကိုက်တယ်ဆိုရင် ရွေးချယ်မှာပါ။ တကယ်လို့ မင်းအတွက် (၄) နဲ့ အဆင်မပြေပေမယ့် သီချင်းရော၊ အသံအားရော ကောင်းတယ်ဆိုရင် Ezy က ထုတ်မယ့် တခြားစီးရီးတွေ မှာ ထည့်သွင်းသီဆိုစေမှာဖြစ်သလို အရည်အချင်းရှိရင် ရှိသလို တစ်ကိုယ်တော်အထိကို လုပ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ရွေးချယ်တဲ့နေရာ မှာလည်း Ezy က တာဝန်ရှိတဲ့သူ တွေရော၊ ကိုကျော်ဇေယျ (Pro) တို့ ယုန်လေးတို့လို ဂီတပညာရှင်တွေပါ ပါဝင် ရွေးချယ်ပေးသွားမှာပါ” ဟု Ezy Music Productionမှ ကိုဝင်း မိုးကျော်က ပြောပြခဲ့သည်။ Ezy Music Production သည် ၂၀၀၄ ခုနှစ်တွင်စတင်၍ ဂီတ လုပ်ငန်းများအား စတင်လုပ်ကိုင်ခဲ့ ခြင်းဖြစ်ပြီး ကိုယ်ပိုင်သံစဉ်တေး သီချင်းများနှင့်မင်းအတွက်(၁)၊ (၂)၊ (၃)စီးရီးခွေများအား ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ Ezy Music Production မှ လူငယ်မျက်နှာသစ် တေးသံရှင်များဖြစ်သည့် လင်းနစ်၊ အာတီချုပ် တို့ကိုလည်း စင်တင်ပွဲထုတ်ပေးခဲ့သည်။ မင်းအတွက်(၄)နှင့် အခြား တေးစီးရီးများအတွက် ရွေးချယ်မည့် အဆိုရှင်သစ်များအား ဇွန်လကုန်ခန့် မှစတင်၍ ရွေးချယ်သွားမည်ဖြစ်ပြီး Ezy မှ ပြုလုပ်သည့် ရှိုးပွဲများတွင်လည်း ထည့်သွင်း သီဆိုသွားရန် စီစဉ် ထားသည်ဟု သိရသည်။

Chop from : Eleven News

Comments
  1. 4-j@!L says:

    တခြား Website မှာတင်းပီးသား သီချင်းတွေကောရလား
    ပို့ဖို့ အတွက် လိပ်စာလေး ပြောပြပါဦး

  2. dddddd says:

    ezy address lay ti chin br tal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s