မြန်မာ့ရိုးရာ ကောက်ကြောင်းကို ကမ္ဘာ့ပန်းချီလောက သိအောင် ဖန်တီးပေးခဲ့သော ပန်းချီဆရာကြီး ဦးဘကြည် ရာပြည့်အထိမ်းအမှတ်ပွဲများ ကျင်းပမည်

Posted: June 24, 2011 in Legend, News
Tags:

မြန်မာ့ပန်းချီလောက၌ မြန်မာ့ရိုးရာကောက်ကြောင်း ရေးဟန်အား ကမ္ဘာသိအောင် တီထွင်ဖန်တီး ရေးသားနိုင်ခဲ့သည့် ပန်းချီဆရာကြီး ဦးဘကြည်၏ ရာပြည့်အထိမ်းအမှတ် အနုပညာ ပွဲတော်များအား ဇူလိုင်လမှ စတင်ကာ တစ်နှစ်တာပတ်လုံး ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းပွဲတော်တွင် ပန်းချီ ဦးဘကြည်၏ အနုပညာဖန်တီးမှုများ အပေါ် ဆွေးနွေးမှုများ ပါဝင်သော ဟောပြောပွဲများ၊ ပန်းချီလောကသားများ၏ ပန်းချီဦးဘကြည် အမှတ်တရ ပြပွဲများ၊ ပန်းချီဦးဘကြည်၏ လက်ရာများထဲမှ မြန်မာနိုင်ငံတွင် ကျန်ရှိသော ပန်းချီကားများအား ပြသခြင်း အပါအ၀င်အသုံးပြုခဲ့သော ပန်းချီအသုံးအဆောင်များအား ပြသရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဆရာကြီးဦးဘကြည်က မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးရဲ့ နာယကကြီးဖြစ်ခဲ့သလို ဥက္ကဋ္ဌ အနေနဲ့လည်း ပန်းချီပညာဖွံ့ဖြိုးရေး ကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီးမြန်မာ့ရိုးရာ ကောက်ကြောင်းတွေကို အနောက်ရေးဟန်တွေနဲ့ ပေါင်းစပ်ဖန်တီးရေးသားတဲ့ နည်းစနစ်ကိုလည်း ဖန်တီးခဲ့တဲ့သူဖြစ်တဲ့ သူလည်းဖြစ်ပါတယ်။  ဆရာကြီး ဟာ ပန်းချီရေးဆွဲတဲ့အခါမှာ ပန်းချီကား သီးသန့်မဟုတ်ဘဲ ဘာသာရေး မှာဆိုလည်း ဗုဒ္ဓ၀င်စာအုပ်ဆိုလည်း ယနေ့တိုင်ထင်ရှားတဲ့ စာအုပ်ကြီးဖြစ်သလို အခုအသစ် တည်ဆောက်ခဲ့တဲ့ နေပြည်တော်က စေတီတော်အတွင်းပိုင်းက ကျောက်ဆစ်လက်ရာတွေက လည်း ဆရာကြီးရေးဆွဲခဲ့တဲ့ ဗုဒ္ဓ၀င် ပန်းချီကားကြီးတွေကို အခြေခံပြီး ပြန်လည်ထုဆစ်ရတာ ဖြစ်ပါတယ်။ ဒီလို အနောက်တိုင်း သာမကဘဲ မြန်မာရဲ့လက်ရာတွေကို လေ့လာအောင် ရေးဆွဲနိုင်ခဲ့တဲ့အတွက် ဆရာ ကြီးရဲ့ အသက် ၁၀၀ ပြည့်ကို အခုလို ခမ်းခမ်းနားနား ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု အတွင်းရေးမှူး ဦးကြည်ဝင်း (တူဒေး)က ဆိုပါ သည်။

ပန်းချီဆရာကြီး ဦးဘကြည် ၏ လက်ရာများအနက် ရန်ကုန်လေဆိပ်အတွင်း တွေ့မြင်နိုင်သည့် ပန်းချီလက်ရာသည် ထင်ရှားစွာတွေ့မြင်နိုင်သည့် လက်ရာဖြစ်သည့်အပြင် မော်ဒန်ရေးနည်းဖြင့် ရေးဆွဲခဲ့သည့် မြန်မာ့ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး၏ အထိမ်းအမှတ် Logo အဖြစ် အသုံးပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။

( VIA:ElevenNews)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s