ရှိုးမဆိုဖြစ်ခဲ့တာ ၂နှစ်နီးပါးရှိခဲ့ပြီဖြစ်တဲ့ကြက်ဖ

Posted: June 29, 2011 in Interview
Tags: , , ,

စင်ပေါ်မတက်ဖြစ်ခဲ့တာ ၂နှစ်နီးပါးရှိခဲ့ ပြီဖြစ်ပြီး၊ မီဒီယာတွေနဲ့လည်း ၆လနီးပါး လောက်အဆက်အသွယ်ပြတ်နေခဲ့တဲ့ကြက်ဖ ကို HiphopHardCoreရှိုးမှာ တော့စင်ပေါ် မှာပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ဒီနှစ်အတွင်းမှာသူငယ်ချင်းတွေရဲ့ အခွေပရိုမိုရှင်းပွဲတွေ လောက်ပဲဆိုဖြစ်ခဲ့ပြီး၊ ရှိုးသီးသန့်အနေနဲ့ တော့မဆိုဖြစ်ခဲ့ ပါဘူး။ ရှိုးမဆိုဖြစ်ပေမယ့် လည်း ဟစ်ဟော့ပ်ရှိုးတွေကိုတော့သွားကြည့် ဖြစ်ခဲ့ပြီး ဆိုချင်စိတ်တွေလည်း မရိုးမရွဖြစ်ခဲ့ပါတယ်လို့ကြက်ဖကပြောပါတယ်။
သူ ဘာကြောင့် ရှိုးတွေမဆိုဖြစ်ခဲ့တာလဲဆိုတာ ကို တော့….” ကျွန်တော်အနားယူနေသလိုမျိုး လည်း ပါသလို၊ မျောနေတာလည်းပါတယ်။ ပျင်းနေ တာလည်းပါပါတယ်။ ဒီထက်ဆက် နားမယ်ဆို ရင်တော့ သေဖို့ပဲရှိပါတော့တယ်။ ကိုယ့်ဘာ သာကိုယ်ဇွဲမရှိသလို၊ လုံ့လမရှိသလို ဖြစ်နေခဲ့ တယ်။ တကယ်တော့ မလုပ်ဖြစ် သေးတာပါ။ လုပ်ဖြစ်ရင်တော့ သူ့ဘာသာသူဆက်ပြီး အရှိန်ရသွားမှာပါ”လို့ ပွင့်လင်းစွာပြောပြခဲ့ပါ တယ်။ ကြက်ဖကဟစ်ဟော့ပ်၁ဝနှစ်ပြည့် ရှိုးမှာလည်း မဆိုဖြစ်ခဲ့ပါဘူး။ ၂နှစ်အတွင်းမှာ ရှိုးတွေမဆိုဖြစ်ခဲ့ပေမယ့် မြူးဇစ်နဲ့တော့ အဆက်အသွယ်မပြတ်ခဲ့ဘဲ၊ သီချင်းတွေလုပ်ဖြစ်နေခဲ့ ပါတယ်။ ပရသတ်တွေအနေ နဲ့ ကြက်ဖတို့ရဲ့ ၉မီလီမီတာ အဖွဲ့အခွေထွက်ပြီး ရင် ကြက်ဖရဲ့ တစ်ကိုယ်တော် အခွေကို နား ထောင်ရတော့မှာဖြစ်ပါတယ်။ ဒီလိုဆက်တိုက်အခွေထွက်လာနိုင်အောင်လည်း ကြက်ဖက၂နှစ်အတွင်းမှာ ကြိုးစား နေခဲ့တာလို့ပြောရင် ရနိုင်ပါ တယ်။ ”ကျွန်တော်တို့ရဲ့ အဖွဲ့ခွေရော၊ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေရော ပရိုဂျူဆာရှိနေပြီးသား ပါ။ သူတို့က ထုတ်ပေး ဖို့အဆင့်သင့်ပါပဲ။ ကျွန်တော်တို့ဘက်က မပြီး သေးတာပါ။ ကျွန်တော်တို့ရဲ့ပျက်ကွက်မှုပေါ့။ ဒါကြောင့်အခွေတွေက မကြာတော့ပါဘူး။ ကျွန်တော့်အနေနဲ့ ပရိသတ်ကို အရင်ထက်ပိုပြီး ၂ဆ တောင်း ပန်ပါတယ်။ ကျွန်တော်ငြိမ်နေတာ တော်တော်ကြာ ခဲ့ပါပြီ။ အားလုံးကိုလည်း ကျွန်တော်ထပ်ပြီးကြိုးစားပါမယ်လို့ ပြောချင် ပါတယ်”လို့ပြောပါတယ်။

လင်းအက္ခရာ
VIA : PopularNews

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s