Music Tips: 9th Wonder

Posted: July 16, 2011 in Review
Tags: , ,

XXL မဂွဇင်းက MusicProducer အတွက်ထုတ်ဝေပေးထားတဲ့ TheScratch Magazine မှာပါတဲ့Hiphop music prdocer တစ်ချို့ရဲ့ သီချင်းတီးတာနဲ့ပတ်သတ်တဲ့ Tips တချို့ကိုဖတ်မိပြီး ပြန်မျှဝေချင်လို့ ဒီနေရာ ကနေ ပြန်မျှလိုက်ပါတယ် ။ သူတို့ပြောတဲ့အချက်တွေမှာ ကျွန်တော်တို့တွေသီချင်းတွေ ဖန်တီးဖို့အတွက် သီအိုရီမဆန်တဲ့သူတို့ရဲ့ ကိုယ်ပိုင်အမြင်နဲ့အကြံပေးထားတာတွေပါ ။

ခင်ဗျားတို့တွေအတွက် အသုံးမကျရင်တောင် အဆိပ်တော့မဖြစ်စေချင်ပါဘူး . . .

သူတို့ဘာတွေပြောထားလဲ ဆက်ကြည့်ရအောင်ဗျာ.

၁. အရင်ဆုံးအနေနဲ့ Sample ဖြတ်မယ်ဆို ရှားပါးပြီး လူသိပ်မသိတဲ့ သီချင်းက ဆိုရင်တောင် သီချင်းရဲ့
ပထမဆုံး ၁၀ စက္ကန့် ကိုဒီအတိုင်းမသုံးမိပါစေနဲ့ . . .

၂.မင်းကိုယ်မင်းဘာလုပ်နိုင်လဲ ပြန်မေးပါ . Sample တွေကိုသုံးရတာ အားသန်ရင် Sample တွေနဲ့ဖန်တီးပါ..
Keyboard နဲ့ဖန်တီးနိုင်တယ် အားသန်တယ်ဆို Keyboard နဲ့ပဲဖန်တီးပါ. . .

၃.စည်းချက်တွေ ဖန်တီးချိန် မှာဘယ်လို MC မျိုး အတွက်ဖန်တီးတယ်ဆိုတာ အမြဲတွေးတော ကြံဆပြီး ဖန်တီးပါ . .
မင်းရဲ့ တင်ဆက်မယ့် အရသာ ဟာ ကိုယ်ပိုင် အရသာ ရှိလာအောင်. . ဒီဇိုင်း ကွဲထွက်နေအောင် ကြိုးစားပြီး
ဖန်တီးမှ လူတွေက မင်းရဲ့ သီချင်းတွေကို ကြားတာနဲ့ မင်းလက်ရာ ဆိုတာကို သိလာမှာပါ. . .

၎.ကိုယ့်ရဲ့ သီချင်း Beat တွေကို သူများဆိုဖို့အတွက် ပြမယ်ဆို အများဆုံး ၁၀ထက် မပိုအောင် ရွေးချယ်ပါ . . .
အပုဒ်ရေ အရမ်းများသွားချိန်မှာ Mc တွေဟာေ၀၀ါးသွားတတ်ပြီး ဘယ်Beat ကို ယူရမှန်းမသိဖြစ်သွားတတ်ပါတယ်

၅.မင်းရဲ့ သီချင်းတွေကို Computer နဲ့ပဲဖန်တီးတယ်ဆိုရင် မင်းရဲ့ PC ကို Internet Connection နဲ့အဝေးဆုံးဖြစ်နေပါစေ. .
Virus တွေက မင်းမှာရှိတာတွေ ၊မင်းရဲ့ ရွှေတွေကိုအကုန်လုံးရှင်းပစ်လိုက်နိုင်တယ် . .

၆.တချို့လူတွေဟာ သူတို့ သီချင်း ဖန်တီး အသံသွင်းနေချိန် မှာ လူတွေအများကြီး Studio မှာရှိနေတာကို
မကြိုက်ကြဘူး . . .ငါကတော့ ငါဖန်တီးနေချိန် မှာ လူမျိုးစုံရှိနေတာကို ပိုသဘောကျတယ် ၊
သူတို့ဆီက မတူညီတဲ့ အကြံဥာဏ်တွေရနိုင်လို့ပဲ. .

၇.ဒီလောကမှာ မင်း အသက်ရှည်ရှည် နေချင်ရင် မင်းအရင် ဘိုးတော် တွေလိုမဖြစ်အောင် မင်းနေထိုင်တတ်ဖို့
အတွက်..မင်းသဘောပေါက်ထားရမယ်. . .(Marley Marl, Rza , Neptunes , MannieFresh
,Organized Noize,The Bomb Squad ,Dr.Dre ) ဒီလူတွေဟာ Beat တွေပဲ တချိန်လုံးတီး နေခဲ့ကြတာ
မဟုတ်ဘူး . . . သူတို့ရဲ့ Cew တစ်ခုလုံး အတွက် တစ်နှစ်ပတ်လုံး Run နေနိုင်အောင် . . .အစီအစဉ်တွေဆွဲ ၊
. . . နှစ်အလိုက် Plan တွေ ချပြီးမှ လူတွေ ဆီကို သူတို့ရဲ့ သိချင်း တွေကို ချပြခဲ့တာပါ. . .

၈.သင်ရိုးစာအုပ် ထဲက  ဟာတွေမေ့ပစ်လိုက်ပါ. . .မင်းရဲ့ ကိုယ်ပိုင်တစ်ကိုယ်ရည် လုပ်နိုင်စွမ်းနဲ့ . . .
မင်းကြည့်ပြီး ဆုံးဖြတ်ပါ. . . တချို့ အောင်မြင်သူ တွေဟာ ဘာဘွဲ့မှမရခဲ့ပါဘူး . .
ပင်ကိုယ်အရည်အသွေးနဲ့ အရည်အချင်းတွေကြောင့်အောင်မြင်ခဲ့တာပါ. . .

၉.မင်း အသုံးပြု ဖန်တီးတဲ့ အရာတွေနဲ့ တသားတည်း ဖြစ်နေအောင် လေ့လာလေ့ကျင့်ပါ . . ကျွမ်းကျင်နေပါစေ
တခြားလူက မင်းကို. .ရေပုံး နဲ့ တုတ်တစ်ချောင်း နဲ့ လာပေးရင်တောင် လုပ်ပြနိုင် ရမယ် . . ဒါ Hiphop ပါ!!. .
ALLSTAR ဖိနပ်စီးပြီး BasketBall ကစားပွဲ တစ်ပွဲမှာ အမှတ် ၄၀ရအောင်သွင်းနေနိုင်တဲ့လူတွေအတွက်. .
NIKE Shox လိုတန်ဖိုးကြီး အရာတွေ မလိုအပ်ဘူး…ဟုတ်တယ်ဟုတ်. ၊ ? ? ? ? ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s