Hiphop အဆိုတော် ရသ ကုသလပရဟိတအသင်းအား ကဗျာဆရာ သစ္စာနီနှင့် တွဲဖက်၍ ထူထောင်မည်

Posted: July 17, 2011 in News
Tags: , ,

ဇူလိုင်လ၁၆ရက်၊၂၀၀၁

Hiphop အဆိုတော် ရသ မှ ကုသလပရဟိတအသင်း အား ကဗျာဆရာ သစ္စာနီနှင့်တွဲဖက်၍ထူထောင် မည် ဖြစ်ကြောင်းဇူလိုင်လ ၁၁ ရက်နေ့က TheMessage ဂျာနယ်သို့တရားဝင်ပြောကြားသည်။
စုစုပေါင်းကျွန်တော် အပါအ၀င် ၁၃ယောက်နှင့် စဖွဲ့ပါမယ် ။ တရားဝင်လူမှုရေးအသင်း တည်ထောင်ခွင့်ကို နှစ်ပတ်အတွင်းလျှောက်ထားမှာပါ။ အသင်းစဖွဲ့မိတာကတော့ ကဗျာဆရာ သစ္စာနီနဲ့ လူငယ်အဖွဲ့က ကျွန်တော်နဲ့ပေါင်းမိသွားတာပါ ။ NNDP ပါတီ သင်္ဃကျွန်းမှာကတော့ ကျွန်တော့်ကြောင့် လုပ်အားလစ်ဟာစရာမရှိပါဘူး. အားလုံးကအတွေ့အကြုံရော ၊ လုပ်အားပါရှိပါတယ်”  ဟု Hiphop အဆိုတော် ရသမှပြောသည်။

ကုသလ ပရဟိတအသင်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး၊ခောတ်မီ ပညာရေး၊စာပေယဉ်ကျေးမှု အနုပညာနှင့် ထေရ၀ါဒ သာသနာအတွက် အလုပ်လုပ်ရန် ရည်ရွယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည် ။

အဆိုပါ ကုသလ ပရဟိတအသင်းသည် အခြေခံလူတန်းစားများ အပေါ် လူမှုရေး၊ပညာရေးကိစ္စရပ် များကို  အသင်းအဖွဲ့ ရှိ အမှုဆောင်၅ယောက်မှ ပရောဂျက်ဖြင့် အတွင်းရေးမှူးအား လွှဲပြောင်း၍ လုပ်ငန်းများ ဆောင်ရွတ်မှုစံနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့တွင် လူငယ်ကဗျာဆရာ အနုပညာသည်များပါဝင်ပြီး ဥက္ကဌ ရာထူးကို အဆိုတော်ရသမှတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည် ။

အခုလို ပရဟိတလုပ်တာ အချိန်ပေးနိုင်လို့ လုပ်တာပါ၊ အခုကတော့ အမျိုးသားဒီမိုကရေစီပါတီသစ် သင်္ဃကျွန်းမြို့နယ်မှာ လူငယ်တာဝန်ခံအဖြစ် အဆိုတော် ရသမှတာဝန်ယူထားပါတယ် ။ ပါတီက တရားဝင်မှတ်ပုံတင် မကျသေးတော့လုပ်ငန်းလည်ပတ်မှု မရှိသေးပါဘူး ” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ပြောရေးဆိုခွင့်တာဝန်ရှိသူ ဦးမျိုးထွန်းက ပြောကြားသုံးသပ်သည် ။
မင်းသီဟန်
*The Messanger ဂျာနယ်မှပြန်လည်ကူးယူဖော်ပြပါသည်

Comments
  1. Jitky says:

    အမတ်လောင်းကိုကြီးရသ လူငယ်တွေရဲ့စံပြအဖြစ်တည်ရှိပါစေဗျာ… လေးစားလျှက်

  2. မိုက်ပါ့ ကိုရသ ကြီး …. သတိထား … သူတို့ အမြင်ကပ်ရင် ကျောင်းထဲ ပို့တတ်တယ် …😛

  3. moenge says:

    အားကျတယ်ဗျာ… လုပ်ချင်တာကို လုပ်တယ်၊ အကို. ဘ၀ လေးကို အားကျတယ်ဗျာ ..

  4. kyaw swar says:

    နဂိုတည်းကဟစ်ဟော့ပ်ဆိုတာကိုကြိုက်ပြီးသား အခုတော့ပိုပြီးတော့လေးစားသွားပြီ လူငယ်တွေရဲ့ စံပြပဲ အစ်ကိုတို့ အဖွဲ့ ထောင်ပြီးသွားရင် အဖွဲ့ နဲ့ ပတ်သတ်တာလေးတွေ ကိုပြည့်ပြည့်စုံစုံဖော်ပြစေချင်ပါတယ် ဖေ့စ်ဘုတ်လိုနေရာမျိုးမှာပေါ့ လူတော်တော်များများသိနိုင်တယ်လေ ကျွန်တော်တို့ လူငယ်တွေလည်းအဲ့လို လူမှူရေးလုပ်ငန်းတွေကိုစိတ်ဝင်စားတယ် တတ်နိုင်သလောက်ပါဝင်ချင်ပါတယ် အခုလိုရှေ့ဆောင်လမ်းပြရှိတော့ပိုပြီးကောင်းသွားတာပါ့ အဲ့ဒါကြောင့်ဘယ်လိုပါဝင်နိုင်မလဲ ဘယ်လိုအကန့့် ကပါဝင်နိုင်မလဲ အဲ့လိုမျိုလေးတွေပေါ့ ဆက်လက်ပြီးထုတ်ပြန်စေချင်ပါတယ် ကျွန်တော်အကြံပေးတာပါဗျာ

  5. aye zaw win says:

    ကိုရသ ဆောက်ရမ်းကြိုက်တယ် အားပေးနေမယ်

  6. haythar thar says:

    although i don’t like ur music, i am pleased and like ur political status. now u r my youth admired person.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s