ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေ အခမဲ့ ဂီတဖျော်ဖြေပွဲ

Posted: July 27, 2011 in News
Tags:

၂၈.ဂျူလိုင်.၂၀၁၁

ခိုကိုးရာမဲ့ ဂိလာနဘိုးဘွားများအတွက် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို ဆည်းဆာအလှဖန်တီးကြသူများ
အမည်ဖြင့် သြဂုတ်လ ၆ ရက်၊ညနေ ၄ နာရီတွင် ရန်ကုန်မြို. ၊ ကန်တော်ကြီးမျှော်စင်ကျွန်း ၌ ကျင်းပမည်ဖြစ်ပြီး နာမည်ကြီးအဆိုတော်များကမေတ္တာဖြင့်သီဆို၍ ရန်ပုံငွေရှာပေးမည် ဟု ပွဲစီစဉ်သူ ကိုရန်ဓနကပြောသည် ။

မိသားစု မရှိတဲ့ အဘိုးအဘွားတွေ၊ ကျောထောက်နောက်ခံမဲ့ အဘိုးအဘွားတွေ၊နာမကျန်းဖြစ်နေတဲ့ ဘိုးဘွားတွေကိုစောင့်ရှောက်ပေးတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ အတွက် ရန်ပုံငွေရှာဖွေပေးစေချင်တဲ့ဒါမှမဟုတ်ရှာပေးချင်တဲ့ အတွက်ကြောင့်ပါ ” ဟုအထက်ပါပုဂ္ဂိုလ်ကပြောသည် ။

အခမဲ့ * FreeShow * ဖြစ်ပြီး အပိုင်း၃ပိုင်းခွဲကာ ကျင်းပမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် Hiphop ဂီတ ၊ ဒုတိယပိုင်းအနေဖြင့် ModernRockဂီတပိုင်းနှင့် တတိယပိုင်းတွင် Classical Rock ဂီတပိုင်းဟူ၍ ၃ပိုင်း ပါဝင်မည်ဟု သိရသည်။

Hiphop တွင် Acid , G-Tone , J-Me , ရသ , FireCracker ၊ စန္ဒီမြင့်လွင်၊ဇေရဲ၊SME(BK,JJ)၊ပိုပို(၀က်ကလေး)     တို့ပါဝင်ပြီး  ModernRockတွင်Big Bag , Wanted , Idiot , Reason ,Side-Effect , ပဉ္စဂံ , The Salt နှင့် M-ရဋ်  ClassicalRockတွင်သားထွေး၊အောင်နိုင်၊ချစ်ကောင်း ၊ ဆောင်းဦးလှိုင် ၊ A-ညိမ်းကျော် ၊နန္ဒဧရာ၊Fly ၊ ကောင်းပြည့် ၊  ရန်ဓန၊ရှုမောင်၊မေခလာ၊သျှီ၊ရတနာ၊ဆုန်သင်းပါရ် ၊ ရတနာမိုင် ၊ ဆုမြတ်စန္ဒီ နှင့် ခက်ခက်ရန်အောင် တို့ပါဝင် ဖျော်ဖြေမည်ဟုသိရသည် ။

အဆိုပါ ဆည်းဆာရိပ် ဘိုးဘွားများအတွက် ရန်ပုံငွေဂီတပွဲကို ” အခမဲ့ဝင်ရောက်ကြည့်ရှူလှူဒန်းနိုင်ပါသည် ” ဟု စာတမ်းဖြင့်ကြေငြာထားမည်ဖြစ်ပြီး ပွဲကျင်းပချိန်တွင်တာဝန်ရှိသူများက ဖလားဖြင့် အလှူငွေကောက်ခံသွားမည်ဖြစ်သည် ။

တက်လူ
Popular International News ဂျာနယ်မှပြန်လည်ကူးယူဖော်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s