အက်ဆစ်အဖွဲ့၏ အဖွဲ့လိုက်ပြန်လည်ဖျော်ဖြေမှု ပြန်လည်မြင်တွေ့ရမည်

Posted: August 3, 2011 in Legend, News
Tags: , ,

ရန်ကုန်၊ဇူလိုင် ၂၉

ပရိသတ်နှင့် နှစ်အတန်ကြာ အဆက်ပြတ်နေခဲ့သော အက်ဆစ်အဖွဲ့၏ အဖွဲ့လိုက်စုစည်းဖျော်ဖြေမှုအဖြစ် သြဂုတ်လ၊၆ ရက်တွင် ရန်ကုန်မြို့၊မျှော်စင်ကျွန်း ၌ ပြန်လည်မြင်တွေ့ရမည်ဖြစ်ကြောင်း အက်ဆစ်အဖွဲ့ ၀င်တစ်ဦးဖြစ်သူကပြောသည် ။

” ဒီလို သုံးယောက်ပေါင်း သီဆိုတာကလည်း အက်ဆစ်အဖွဲ့ကို ပြန်ပြီးပေါင်းတာလည်း မဟုတ်သလို . .ပြန်ပြီး မပေါင်းဘူးလို့လည်း အဓိပ္ပါယ်မသက်ရောက်ပါဘူး . . သီချင်းအဟောင်းကိုပဲ ပြန်ဆိုဖြစ်ဖို့များပါတယ် . .ဘာဖြစ်လို့လဲဆိုတော့ အက်ဆစ်အဖွဲ့အနေနဲ့ သီချင်းအသစ်ရယ်လို့ လုပ်ထားတာလည်း မရှိဘူးလေ . .ဒီရက်ပိုင်း သုံးယောက်လုံးလည်း သိပ်မအားတဲ့အတွက် သီချင်းကြိုမတိုက်ရသေးလို့ ဘယ်သီချင်းဆိုဖြစ်မလဲတော့ . .မသိသေးပါဘူး . . “ ဟု၎င်းကပြောသည် ။

အက်ဆစ်အဖွဲ့သည်၂၀၀၄ခုနှစ်ဝန်းကျင်မှစ၍အနဂ္ဂမှတစ်ဖက်၊ ဇေယျာသော်၊ရန်ရန်ချမ်း၊ ဟိန်းဇော်တို့မှတစ်ဖက်ဖြင့်အဖွဲ့၏အမှတ်တံဆိပ်၊အမည် တို့ ပိုင်ဆိုင်မှုအငြင်းပွားရာမှ ပြိုကွဲခဲ့ပြီး ဟိန်းဇော် ကွယ်လွန်ပြီးနောက်ပိုင်း ကျန်သုံးဦးအနေဖြင့်ပူးပေါင်းလှုပ်ရှားမှု မရှိခဲ့ပေ ။

ယခုသြဂုတ်လ၆ရက်တွင်ပရိသတ်များမျှော်လင့်ခဲ့သောအက်ဆစ်အဖွဲ့၏အဖွဲ့လိုက်ဖျော်ဖြေမှုကို မြင်တွေ့ကြည့်ရှုနိုင်မည်ဖြစ်ပြီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇေယျာသော်အပြင်လောကသို့ရှိပြီးနောက် ပရိသတ်ရှေ့သို့ ပထမဆုံးပြန်လည်သီဆိုတင်ဆက်မည့် ပွဲလည်းဖြစ်သည် ။ယခု ဖျော်ဖြေပွဲမှာ ရန်ပုံငွေဖျော်ဖြေပွဲဖြစ်သည့်အတွက်အက်ဆစ်အဖွဲ့မှအဖွဲ့လိုက်သီဆိုရန်လက်ခံခဲ့ခြင်းဖြစ်ပြီး ပါဝင်သည့်အဆိုတော်ဦးရေများသည့်အတွက်သီချင်းပုဒ်ရေအများဆုံးသုံးပုဒ်ခန့်သာ သီဆိုဖွယ်ရှိကြောင်းသိရသည် ။

အေးသူစံ

7days News Journal မှပြန်လည်ကူးယူဖော်ပြပါသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s