ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

Posted: August 3, 2011 in News
Tags: ,

မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစ ” ဟူသော လူ့လောကသဘာဝတွင်   အို၊နာ၊သေရေးနှင့်မလွဲမသွေ ရင်ဆိုင်ကြရမည်မှာအမှန်တရားပင်ဖြစ်သည် ။ ထိုရှောင်လွဲ၍ မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ၄င်းတို့၏ ဘ၀နေ၀င်ချိန်မရောက်ခင် မပူမပင် အေးချမ်းစွာ   နေထိုင်သွား နိုင်ကြသော်လည်းကုသိုလ်ကံ မကောင်းသည့်မိအို၊ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောင်ခင် အကြားဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေရရှာပါသည်။အကျိုးပေးကံကောင်းသည့် ဘိုးဘွားများအဖို့ သားသမီးမြေးများနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့်ဘိုးဘွားများမှာပြုစုစောင့်ရှောက်မည့်သူမရှိ၍သော်လည်းကောင်း ၊ ဘိုးဘွားများအပေါ်မနှစ်မြို့ သဖြင့် ငြူစူမှူမျိုးစုံအောက်တွင် သိမ်ငယ်စွာခံစားနေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့်ရိပ်သာလေးတစ်ခု လိုအပ်လာပါသည် ။ အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေကြသော ဂိလာနဘိုးဘွားများအား ကြင်နာစွာဖြင့်   ၄င်းတို့ အပေါ်တွင် နားလည်စာနာစိတ်၊ သည်းခံစိတ်ဖြင့်ပြုစုယုယပေးမည့် နွေးထွေးသော မေတ္တာဖြင့် ဖေးမကူညီနိုင်ကြစေရန် မတည်ငွေဖြင့်  ” ဆည်းဆာရိပ် ” ဂိလာနဘိုးဘွားများထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ကြပါသည် ။ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက်   အများပြည်သူစေတနာရှင်များ၏အကူအညီများ လိုအပ်လျက်ရှိပါသည် ။ ထို့ကြောင့် ကျွန်ပ်တို့နှင့်အတူ ဘိုးဘွားများအား နွေးထွေးသောလက်များဖြင့်ဖေးမကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။

အဖွဲ့အမည်ဆည်းဆာရိပ် ဂိလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး

အဖွဲ့ တည်နေရာ(၁) မစိုးရိမ်ကျောင်းလမ်း ၊ မြို့ဟောင်းအလယ်ရပ်ကွက် ၊သန်လျင်မြို့   (၂) ၈၀၃/၈၀၅ ၊ မဟော်သဓလမ်း ၊ ၁၂ ရပ်ကွက် ၊    အရှေ့ဒဂုံ၊ရန်ကုန်မြို့ ၊ ဖုန်း – ၀၉ – ၇၃၀၁၈၀၀၇

ရည်ရွယ်ချက်အသက်အရွယ် အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်

လုပ်ငန်းအစီအစဉ်အဖွဲ့ဝင်အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေဖြင့် အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန် ။ ထိုမှတဖန် အလှူငွေတိုးတက်မှူ အပေါ်တွင် အခြေခံ၍ မြေနှင့်အဆောက်အအုံတိုးချဲ့၍ ဂိလာနဘိုးဘွားများထပ်မံလက်ခံရန်

လက်ခံမည့် အဘိုးအဘွားများ(၁) လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ကျွေးမွေးထောက်ပံ့မည့် သားသမီး ၊ ဆွေမျိုးမရှိသည့် ကျန်းမာရေး ချို့တဲ့နေသော ဘိုးဘွားများ ။ (၂) သားသမီး ၊ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ဘိုးဘွားများ ။

အသက်ကန့်သက်ချက်အသက်(၇၀) နှင့် အထက် ဘိုးဘွားများ (လိုအပ်ပါက ကျန်းမာရေးနှင့် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစား၍ အသက်ကန့်သက်ချက်ကို အမှူအဆောင်အဖွဲ့မှ ညှိနှိုင်းလက်ခံပါမည် ) ဂိလာနဘိုးဘွားများ ။

(၁) ဂိလာနဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကို ကြည့်ရှု၍ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကျန်းမာရေး ၀န်ထမ်းများနှင့် စေတနာရှင်များမှ စံနစ်တကျ ပြုစုစောင့်ရှောက်ပေးရန်

(၂)ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှူအဖွဲ့ မှ အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့ မှလည်း နေ့စဉ်အလှည့် သွားရောက်ကြည့်ရှူ၍ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန် ။

(၃)ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စီမံကျွေးမွေးခြင်း ၊ အသုံးအဆောင် ၊ အ၀တ်အထည် နှင့် နေရာထိုင်ခင်း စသည်တို့အား သန့်ရှင်းသပ်ရပ်စွာ ထားရှိစေခြင်း ၊ ဘိုးဘွားများ၏ ဘာသာအလိုက် ကိုးကွယ်ပွားများအားထုတ်မှုကို ၄င်းတို့၏ ဆန္ဒအတိုင်း ကူညီဆောင်ရွတ်ပေးရန် ။ ဥပမာ – တရားစာအုပ်ဖတ်ပြခြင်း ၊ တရားခွေဖွင့်ပေးခြင်း ၊ ရှုမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း

ဝန်ထမ်းရွေးချယ်မှူလူမှူဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာ တတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍ စိတ်ရှည်သည်းခံနိုင်သူများ ။

ဆက်သွယ်လှူဒါန်းရန် ။ ဒေါ်သန်းမြင့်အောင် ( စာရေးဆရာမ ) – ၀၉-၉၉-၂၈၅၄၉ ၊ ၂၀၅၄၅၁        ဒေါ်သက်နွယ် (တရားလွှတ်တော် ရှေ့နေ) ၃၈၈၁၃၂ ၊ ၀၉-၅၀-၄၃၉၅၉ ဒေါ်ထွေးမြင့် ( တရားလွှတ်တော် ရှေ့နေ) ၀၉-၉၀-၄၂၄၈၈ ၊ ၂၉၀၉၆၄ ဒေါ်စန်းစန်းဝင်း (တရားလွှတ်တော် ရှေ့နေ ) ၀၉-၅၀-၅၉၉၈၂ ဒေါ်ငွေလှ – ၀၉-၅၁-၇၇၃၂၀ ဒေါ်ရီရီမေ ( တရားလွှတ်တော် ရှေ့နေ ) ၀၉-၅၀-၅၅၀၆၀ ဒေါ်ခင်မေထွေး ( တရားလွှတ်တော် ရှေ့နေ ) ၀၉-၅၀-၈၈၂၀၃ ဒေါ်ခင်မမ ( တရားလွှတ်တော် ရှေ့နေ ) ၀၉-၅၀၈-၀၄၃၈ ဒေါက်တာ ထားထား ( စာရေးဆရာမ စုထား) ၀၉-၂၀-၁၇၉၆၁ ဦးထွန်းအောင် – ၀၉-၇၃၀-၂၀၃၈၇ ဦးကျော်ရွှေ – ၀၁ -၂၉၈၃၈၆ ဦးဝင်းကို – ၀၉-၅၅၀-၂၈၄၆ ဦးသစ်လွင် – ၀၉-၇၃၀-၂၃၂၃၄

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s