ပရိသတ် ကွင်းလုံးပြည့်လာရောက်အားပေးခဲ့သည့် Hip Hop Orchestra ဖျော်ဖြေပွဲ

Posted: August 5, 2011 in Uncategorized

မွန်းလွဲ ၂ နာရီအချိန်ခန့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၏ ရှေ့တွင် လူအများ စုဝေး ရောက်ရှိနေကြသည်။ အများစု က ဆယ်ကျော်သက်တွေ။ ဖက်ရှင် ဒီဇိုင်းမျိုးစုံ ၀တ်ဆင်ထားသည့် လူငယ်လေးတွေရဲ့ ဟစ်ဟော့ပ်ရင်ခုန်သံကို မေးမြန်းကြည့်ရာမှာတော့ “စမ်းချောင်းကနေ ရှိုးပွဲလာကြည့်တာ။ ဟစ်ဟော့ပ်ရှိုးတိုင်းနီးပါး ကြည့်ဖြစ်တယ်။ အဓိကတော့ ဟစ်ဟော့ပ် ဂီတကို ကြိုက်တာကြောင့်ရော၊ ကိုယ်တိုင်ကခုန်ပြီး စိတ်ထွက်ပေါက်ပေးလို့ရတယ်လို့ ခံစားမိတာကြောင့်ရော အမြဲလိုလိုကြည့်ဖြစ်တာ”ဟု အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး က ဆိုသည်။ “သမီးတို့က ရွှေပြည်သာက နေ သူငယ်ချင်းတွေစုပြီး လာကြည့်တာ။ အိမ်ကဝေးတော့ ညပွဲတွေဆို ကြည့်ရတာ အဆင်မပြေဘူး။ အခုက နေ့လယ်ခင်းလုပ်တဲ့ ပွဲဆိုတော့ သွားရလာရတာ အဆင်ပြေတယ်။ ဒါကြောင့် လာကြည့်ဖြစ်တာပါ”ဟု အသက် ၂၀ အရွယ်မိန်းကလေးတစ်ဦးကဆိုသည်။

ဖျော်ဖြေပွဲပြုလုပ်ရာ သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမအတွင်း သို့ ၀င်ပေါက်၌ လူများစုပြုံတိုးနေကြ သည်။ လက်မှတ်ကိုယ်စီကိုင်ရင်း အတွင်းသို့ ရောက်ဖို့ပင် မိနစ် ၂၀ ခန့် တန်းစီစောင့်လိုက်ရသည်။ အတွင်း သို့ ရောက်သွားချိန်မှာတော့ ခန်းမလုံးပြည့် ပရိသတ်အင်အားက အံ့အားသင့်စရာ။ စင်မြင့်ဆီကမြင်ကွင်းက The Trees Band  ၏တီးခတ်မှု၊ ဂီတကဗျာ Orchestra အဖွဲ့၏ တီးခတ်မှုတို့နှင့် ဟစ်ဟော့ပ်လူငယ်တို့ အကြိုက်သီဆိုမှုနဲ့ ရသက ဖျော်ဖြေနေသည်။ ရသ က သူ၏သီဆိုမှုအပြီးတွင် သြဂုတ်လတွင် ရုံတင်မည့် ‘ကိုယ့်သမိုင်းကိုယ် ရေးကြသူများ’ ဒီဗီဒီဇာတ်ကား၏ အကြောင်းအရာအချို့ကို ကြေညာ ပေးသွားခဲ့သည်။ ထို့နောက်ပရိသတ် ရှေ့မှောက်ရောက်လာသူက ဂျောက် ဂျက်။ ဂျောက်ဂျက်က တေးသီချင်းတစ်ပုဒ် သီဆိုပြီးနောက် သူ၏တစ်ကိုယ်တော် တေးစီးရီးထွက်ရှိမည့်အကြောင်းကို ပြောပြသွားခဲ့သည်။ ပရိသတ်အားလုံး၏  ‘Jme’ ၊  ‘Jme’ ဆိုသည့် အော်သံအောက်တွင်ပင် Jme ၏ဖျော်ဖြေမှုကို စတင်ခဲ့သည်။ သံစုံတီးဝိုင်း၏ မြိုင်ဆိုင်သည့် တီးကွက်၊ The Trees တီးဝိုင်း၏ လက်စွမ်းပြချက်တို့နှင့် အလိုက်ဖက်ဆုံးသီဆိုမှု က ပရိသတ်အားလုံးအား သီဆိုက ခုန်ရင်းစီးမျော ခံစားစေခဲ့သည်။ Jme ၏ သီဆိုမှုတွင် အားတီကလည်း ပါဝင်ကူညီ သီဆိုပေးခဲ့သည်။

ထို့နောက် အလှည့်ကျ တေးသံရှင် ၀ိုင်းစုခိုင်သိန်းက ‘မက်လောက်စရာ’ သီချင်းနှင့် စတင်ဖျော်ဖြေခဲ့သည်။ အဲဒီနောက်မှာ ဘန်နီဖြိုးက ဆက်လက်သီဆိုခဲ့သည်။ ထို့နောက် သံစုံ တီးဝိုင်း၏ တီးလုံးအ၀င်ပိုဒ်အစမှာတင် ပရိသတ်တစ်ကွင်းလုံး အော်ဟစ်ခဲ့ကြသည့် စိုင်းစိုင်း၏ သီဆိုမှုကို ဆက်လက် တွေ့မြင်ရသည်။ စိုင်းစိုင်း၏ သီဆိုမှုတွင် မိုးမိုး၊ ဂျွန်၊ ကြိုးကြာ၊ ဘန်နီဖြိုး၊ Snare  တို့နှင့်တွဲဖက်၍ တင်ဆက်ခဲ့ရာ ပရိသတ်၏အားပေးမှု အရှိန်အမြင့်ဆုံး အချိန်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ဂီတကဗျာ Orchestra အဖွဲ့၊ The Trees  တီးဝိုင်း၏ တီးခတ်မှုတို့ကို အဆုံးသတ်ပြီးနောက် ကျန်တေးသံရှင်များက ဒီဂျေနှင့်အတူ ဆက်လက် ဖျော်ဖြေခဲ့ကြသည်။ ဒီဂျေ နှင့် ဖျော်ဖြေမှုတွင်လည်း စိုင်းစိုင်း၊ Snare ၊ ၀ိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ J-me၊ မိစန္ဒီ၊ ရသ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ Bobby Soxer စသည့်တေးသံရှင်များက ပရိသတ် နှင့်တစ်သားတည်း သီဆိုဖျော်ဖြေခဲ့ ကြသည်။ ဖျော်ဖြေပွဲအားည ၉ နာရီ ခန့်တွင် အဆုံးသတ်ခဲ့ပြီး ပရိသတ်အများစုက ပွဲပြီးဆုံးသည်အထိ စောင့်ကြည့်ခဲ့သည်ကိုလည်း မြင်ရသည်။ ပွဲပြီးဆုံးသွားချိန်၌ ဟစ်ဟော့ပ်ဂီတ၊ ဂီတကဗျာ Orchestra  အဖွဲ့နှင့် The Trees Band တီးဝိုင်းတို့ ပေါင်းစပ်ဖျော်ဖြေမှု အားစည်းချက်ညီညီ အားပေးခဲ့ကြသည့် လူငယ်တို့၏ ရင်ခုန်သံကို ပြန်လည်ကြားယောင်ရင်း . . . ။

VIA : (ELEVEN news journal ) Thursday, 04 August 2011 11:38

 

Comments
  1. soe moe thu says:

    ကိုကြီးကြက်ဖ တစ်ယောက်ပျောက်ချက်သားကောင်းနေတယ်ဗျာ ဘယ်ရောက်နေတာလဲ အပိတ်ခံထားရတာလား အနားယူနေတာလား တွေ့ရင်မေးပေးကြပါဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s