Dr.Dre ရဲ့ Beats Electronics မှ မီလီလျံဒေါ်လာ ၃၀၀ တန်ဖိုးရှိ ရှယ်ယာ ၅၁% ကို HTC မှဝယ်ယူမည်

Posted: August 15, 2011 in News
Tags: , ,

စူပါ ပရိုဂျူဆာ Dr.Dre ဟာ သူပိုင်ဆိုင်မှုပါဝင်တဲ့ Beats Electronics ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ရှယ်ယာ ၅၁ % ကိုတိုင်ဝမ် ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့  HTC ကို ဒေါ်လာ ၃၀၀ မီလီလျံ နဲ့  ရောင်းချဖို့ရှိပါတယ် ။ Beats Electronic ဟာDr.Dre နဲ့အတူ Jimmy Iovine နဲ့ Interscope Records တို့ ပူးပေါင်းပိုင်ဆိုင်ထားတာပါဖြစ်ပါတယ် ။ ဒီကုမ္ပဏီ ဟာ နံမည်ကျော်တွေရဲ့ ပရိသတ်တွေအတွက် သီးသန့် ရည်ရွယ်ပြီး အဆင့်အတန်းမြင့် အရည်အသွေးကောင်းမွန်တဲ့ Headphoneတွေ ကို အထူး ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်

Beats by Dre ကို စတင်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ဒီကုမ္ပဏီကနေ ဂီတ ကြယ်ပွင့်တွေဖြစ်တဲ့ Lady Gaga,Justin Bieber နဲ့ အခြားနံမည်ကျော်တွေနဲ့ ပူးပေါင်းပြီး HeadPhone များကိုထုတ်လုပ်ပေးခဲ့ပါသေးတယ် ။ အရည်အသွေးမြင့် ထူးခြားကောင်းမွန်တဲ့ အသံစံနစ် ကို ခံစားနိုင်ဖို့အတွက် ဒီကုမ္ပဏီဟာ HTC နဲ့ ပူးပေါင်းပြီး ဖုန်း၊ဂီတ၊ဗီဒီယိုဂိမ်း နဲ့ ရုပ်ရှင်တွေအတွက် အသုံးပြုသွားမယ်လို့ WallStreet Journal မှာရေးသားထားပါတယ်။
” ထူးခြားဆန်းသစ်တဲ့ပြောင်းလဲမှုတွေ ပြုလုပ်ဖန်တီးနိုင်ဖို့ အခွင့်အရေးတစ်ခုပါပဲ..” လို့ HTC မှ Chief Director ဖြစ်သူ Petre Chou ကပြောပါတယ် ။ Dr.Dre နဲ့ Jimmy Iovine တို့ဟာ Beats Electronics ကိုဆက်လက်ဦးဆောင်သွားမှာဖြစ်ပါတယ် ။

Jimmy နဲ့ Dre တို့ ၂ယောက် ဒီအလုပ်ကိုစလုပ်ထဲက သူတို့တွေဆီမှာ Beats ကို တခြားအမှတ်တံဆိပ်တွေနဲ့ကွဲပြားနေအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အမြင်တွေရှိပြီးသားပါ . . သူတို့တွေဟာလူတွေအတွက်Headphone တွေထုတ်နေတာမဟုတ်ပါဘူး… ယိုယွင်းပျက်ဆီးနေတဲ့အသံတွေကို ပိုပြီးကောင်းမွန်လာအောင်လုပ်ပေးနေတာပါ..” လို့
Beats Electronics ရဲ့ President Luke Williams ကပြောပါတယ်

VIA : Allhiphop.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s