La ရဲတွေကို ဦးနှောက်စားတဲ့ The Game

Posted: August 20, 2011 in News
Tags: ,

လောလောဆယ်အချိန်မှာ Compton rapper တစ်ယောက်ဖြစ်တဲ့ The Game တစ်ယောက်
Los Angeles County Sheriff’s Departmentနဲ့ဇယားကပ်နေပါတယ် ။ အကြောင်းအရင်း
ကတော့ သူ့ရဲ့ Twitter မှာ အဲဒီ ဋ္ဌာနရဲ့ အရေးပေါ်ဋ္ဌာန ဖုန်းနံပါတ် တွေကိုဖော်ပြခဲ့လို့
La ရဲစခန်းမှာ သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်း နာရီအတော်ကြာ ဖုန်းခေါ်ဆိုမှုတွေကြောင့်
လိုင်းကြပ်မှုတွေဖြစ်ခဲ့ပါတယ် ။
The Game ဟာလူပေါင်း 580,421 follower ရှိတဲ့သူ့ရဲ့ Twitter မှာ ဋ္ဌာနရဲ့ ဖုန်းကို Tweetမှတဆင့်
ဖော်ပြကာ သူရဲ့ ပရိသတ်တွေကိုရဲတွေရဲ့ အလုပ်လုပ်တဲ့လုပ်ကိုင်ပုံမဟုတ်တဲ့အကြောင်းတွေအတွက် ဖုန်းခေါ်ကာမေးမြန်းကြရန်လှုံ့ဆော်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထောင်ချီတဲ့ ပရိသတ်များဟာ “Telephone Flash Mob” ဆိုတဲ့အမည်ကို ခံယူကာ
La country sheriff’s emergency ဖုန်းလိုင်းကိုလွှမ်းမိုးလိုက်ကြပါတယ်။
La ရဲအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Lieut. Suzan Young ရဲ့ ပြောကြားချက်အရ ဖုန်းမြည်သံတွေဟာ
သြဂုတ်လ ၁၂ရက်၊ ညနေ ၅ နာရီ ၂၀ ၀န်းကျင်မှ စတင်ကာ ၂ နာရီနီးပါးဆက်တိုက်ဆူညံနေစေခဲ့ကာ
ဖုန်းလိုင်းကြပ်အောင်တိုက်ခိုက်ခဲ့ကြပါတယ် ။ La ရဲအဖွဲ့မှ ဒီကိစ္စ အတွက် စုံစမ်းစစ်ဆေးသွားမယ်လို့
La times သတင်းစာကိုပြောကြားခဲ့ပါတယ် ။
ဒီအဖြစ်အပျက်အတွက် TheGame မှ ” ခင်ဗျားတို့တွေအားလုံးဒီကိစ္စကိုစုံစမ်းစစ်ဆေးလို့ရနိုင်ပေမယ့်
ဖြစ်ပွားနေတဲ့ လူသတ်မှုပြဿနာတွေကိုတော့ခင်ဗျားတို့ရှင်းနိုင်မှာမဟုတ်ဘူး ဒါမတော်တဆဖြစ်သွားတာပါ
..ခင်ဗျားတို့အခုကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြဖို့ပဲလိုတယ်။P.S: Biggie နဲ့ 2pac ကိုဘယ်သူသတ်သလဲ ”
လို့ Comment မှတဆင့် လှောင်ခဲ့ပါတယ် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s