ဇာတ်ညွှန်းတွေရေးဖြစ်နေတဲ့ ရသ

Posted: August 22, 2011 in Uncategorized
Tags: , ,

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ဒီဗီဒီ ဇာတ်ကားကြီးမှာ ရသကငခွဆိုတဲ့ ဇာတ်ရုပ်နဲ့ ခါးပိုက်နှိုက် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ရသနဲ့ တွေ့ဆုံခိုက်” ဒီနေ့ဒီကားကို လာကြည့်တာက ပရိသတ်တစ်ယောက်အနေနဲ့ပါ။စရိုက်ကတည်းက သရုပ်ဆောင်တစ်ယောက်လို့ မခံစားရပါဘူး။လုပ်ရတဲ့ ကာရိုက်တာကလည်း ပေါ့ပေါ့ပါးပါးလေးပဲမို့ သိပ်ပြီးရုပ်ပျက်ဆင်းပျက်မဖြစ်တာပါ။ အရမ်းဟဲဗီး ဒရာမာကြီးတွေဆိုရင်တော့ ကျွန်တော်တို့လည်း လုပ်နိုင်မှာမဟုတ်ပါဘူး။ လူငယ်အနေနဲ့ကြည့်ရင်တော့ မိုက်တယ်။လူကြီးတွေ အမြင်မှာတော့ ဘယ်လိုရှိမယ်ဆိုတာမသိပါဘူး။လူငယ်တွေနဲ့ အသားကျမှာပါ။သရုပ်ဆောင်ပိုင်းအနေနဲ့တော့ အများကြီးလိုပါသေးတယ်..” လို့ သူကပြောပါတယ်    ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ဇာတ်ကားက Underground လောကရဲ့ ပုံရိပ်တွေလည်း ပါဝင်ပါတယ်။ အပြင် Underground လောကရဲ့ ပုံစံတွေအတိုင်းပဲလားဆိုတာ ရသကို မေးကြည့်တော့ … ” အပြင်မှာလည်း ဒီထဲကလိုပါပဲ။ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ဟစ်ဟော့ပ်က ဧရိယာကျဉ်းမြောင်းနေသေးတယ် .. ရန်ကုန်၊မန္တလေး ဧရိယာလောက်ပဲ ရှိသေးတယ်။မြန်မာတစ်နိုင်ငံလုံး အနေအထားနဲ့ ဟစ်ဟော့ပ်က အောင်မြင်သွားရင်တော့ ခုနလိုခွဲခြားမှုတွေ၊ပဠိပက္ခတွေကပိုပြီးပြင်းထန်လာမယ် ။ အဲဒီအချိန်မှာ မစုစည်းနိုင်ရင်တော့ ပိုပြီးဆိုးရွားလာမှာပေါ့ ။ ဒါပေမယ့် ခုချိန်မှာတော့ အားလုံးအေးဆေးပါပဲ ။ဟိုအဖွဲ့ ဒီအဖွဲ့ ဖွဲ့ပြီးရန်ဖြစ်တာတို့၊ သီချင်းလက်တန်းဆိုရင်း ရန်ဖြစ်တာတို့ အဲဒီလိုမျိုးတော့ မရှိပါဘူး ။ ကပ္ပလီတွေဆီမှာတော့ ရှိတယ် ။အဲဒါလေးတွေရှိလို့ အဲဒီလိုမျိုးပုံစံလေးတွေ ရိုက်ထားတာပါ ။ ကျွန်တော်တို့ မြန်မာနိုင်ငံ Underground လောကမှာတော့ မရှိပါဘူး.” လို့ပြောပါ

တယ်။ ရသက အခုနောက်ပိုင်းမှာလည်း ပေါ့ပေါ့ပါးပါး ဇာတ်ရုပ်မျိုးတွေဆိုရင် လုပ်သွားမှာပါလို့ ပြောပြီး လက်ရှိမှာ ကြော်ငြာဇာတ်ညွှန်းတစ်ခုရေးနေတယ်လို့ ပြောတာကြောင့် ” ဒါရိုက်တာစင်ရော် မောင်မောင်ရဲ့ ဆေးထိုးအပ်ကြော်ငြာပါ။နောက်ပိုင်း ကျွမ်းကျင်ရင် ကျွမ်းကျင်သလိုရေးသွားမှာပါ ” လို့ပြောပါတယ်။ ရသကနောက်ပိုင်းမှာ လုပ်နိုင်တဲ့ ကိစ္စ

မှန်သမျှအကုန် လိုက်လုပ်ကြည့်မှာ ဖြစ်ပြီးသူ့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့အသုံးကျတဲ့လူ တစ်ယောက်ဖြစ်ချင်တာပါလို့ ပြောပါတယ် ။ သူ့ရဲ့ အခွေကိုတော့ Ochestra တီးဝိုင်းနဲ့ အတူတီးခတ်ထားပြီး သီချင်းပုဒ်ရေပြည့်ရင်တော့ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ ပြောပါတယ် ။            ။

ရဲရဲ

VIA : popular news

Comments
  1. kyaw swar says:

    မိုက်ပါ့ ကိုရသကြီးရာ ဘာပဲလုပ်လုပ်အားပေးနေတယ် လေးလည်းလေးစားတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s