Hip Hopအကြောင်း ဟောပြောမယ့် အနဂ္ဂ

Posted: September 9, 2011 in News
Tags: ,

စက်တင်ဘာ ၁၆ ရက်နေ့တွင် ပြင်သစ်စာပေနှင့် ယဉ်ကျေးမှုဌာနမှာ အနဂ္ဂက Hip Hopအကြောင်း ဟောပြောမှာဖြစ်ပါတယ်။ အဆိုပါ ဟောပြောပွဲမှာ Hip Hopအကြောင်းကို အနဂ္ဂတစ်ယောက်တည်းကပဲ ဟောပြောမှာဖြစ်ပြီး၊ ဟောပြောချိန် ကတော့ ၂ နာရီသတ်မှတ်ထားကြောင်း သိရပါတယ်။ ဒီဟောပြောပွဲကိုတော့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ တက်ရောက် သင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူတွေက စီစဉ်ကြတာဖြစ်ကြောင်း အနဂ္ဂကပြောပါတယ်။ ဟောပြောပွဲမှာ ဟောပြောမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အနဂ္ဂက ”Hip Hopအကြောင်းကိုပဲ ဟောမှာပါ။ Hip Hop နဲ့ Social Themeတွေ တော်တော်များများ ဆက်နွှယ်မှု၊ ကမ္ဘာက Hip Hop နဲ့ Politic ဆက်သွယ်မှု၊ မြန်မာ Hip Hopနဲ့ Politic ဆက်သွယ်မှု၊ နောက် Hip Hop ကို အခြေခံပြီးတော့ ယဉ်ကျေးမှုချင်း တစ်ခုနဲ့တစ်ခု မတူညီတာလေးတွေကို ပြောမှာပါ။ Hip Hopနဲ့ ပတ်သက်တာကို အကြောင်းအရာစုံအောင်ပြောမယ်။ ဒီလိုဟောပြောဖို့အတွက်လည်း ကျွန်တော်လေ့လာခဲ့တာ တစ်လလောက် ကြာခဲ့ပါတယ်။ ဟောပြောပွဲကိုလာရောက်ပြီး နားထောင်ကြဖို့လည်း ကျွန်တော်ဖိတ်ခေါ်ပါတယ်။ နားမထောင်လိုက်ရတဲ့ လူတွေအတွက်လည်း ကျွန်တော်တစ်ခုခု ပြန်လုပ်ပေးဖို့စဉ်းစားနေပါတယ်”လို့ပြောပါတယ်။

လင်းအက္ခရာ

VIA: ( Popular News )

Comments
  1. Pyae Sone says:

    အချိန်လေးနဲ့ register လုပ်ဖို့လိုမလို လေးပြောပေးပါ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s