စတူဒီယိုတိုးချဲ့ဖို့ စဉ်းစားနေတဲ့ ချမ်းအေးဝင်း

Posted: September 19, 2011 in News
Tags: , ,

ဒီနှစ်ထဲမှာ ချမ်းအေးဝင်းက အတွဲခွေ တစ်ခွေနဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့ စီစဉ် နေပါတယ်။ အတွဲခွေရော၊ တစ်ကိုယ်တော် အခွေရော အတီးပိုင်းတွေအားလုံးက သူရဲ့ Home စတူဒီယိုမှာပဲ တီးထားတာဖြစ် ကြောင်း ချမ်းအေးဝင်းကပြောပါတယ်။ ချမ်း အေးဝင်းရဲ့ Home စတူဒီယို နာမည် က တော့ Fire Work ပါ။ ချမ်းအေးဝင်း က ၂ဝဝ၃လောက်ကတည်းက စတူဒီယိုပစ္စည်း လေးတွေစုရင်း သီချင်းတွေကို အိမ်မှာ တီး ဖြစ်ရင်းနဲ့ နောက်ပိုင်း မှာ Home စတူဒီယို လေးဖြစ်လာခဲ့ပါတယ်။ ချမ်းအေးဝင်း က သူ့ဆီမှာ လာသွင်းတဲ့ ဂီတအမျိုးအစားတွေ ကတော့ ဟစ်ဟော့ပ်နဲ့ R&B တွေပဲ များပြီး အခုနောက်ပိုင်းမှာတော့ အကတွေ၊ အီလက် ထရိုတွေလည်း လာသွင်း ကြ   ကြောင်း ပြောပါ တယ်။ အခုနှစ်ပိုင်းမှာတော့ လူငယ်တွေ က ဒီမြူးဇစ်တွေကိုပဲ စိတ်ဝင်စားနေကြကြောင်း၊ သူ့စတူ ဒီယိုမှာ လာသွင်းကြတာတွေက လူငယ် တွေပဲများ   ကြောင်း ချမ်းအေးဝင်းက ပြောပါ တယ်။ မြူးဇစ်မျိုးစုံကို အတတ်နိုင်ဆုံးတီးပေး   ဖြစ်ပေမယ့် ရော့ခ်မြူးဇစ် ကိုတော့ မနိုင်သေး ဘူးလို့ ပြောတဲ့ ချမ်းအေးဝင်းက… ”ကျွန်တော်တို့က ပရိုဂရမ်တွေနဲ့ လုပ်ရ တာလေ။ ရော့ခ်ကျတော့ Instrument တွေကို  တော်တော်ကျွမ်းကျွမ်း ကျင် ကျင်ဖြစ် မှ လုပ်နိုင်မှာဆိုတော့ ကျွန်တော် မတီးနိုင် သေးပါဘူး” လို့ ပြောပါတယ်။ နောက်ပိုင်းမှာ စတူဒီယိုတိုးချဲ့ဖို့ စီစဉ်ထားတဲ့ ချမ်းအေးဝင်း က  စတူဒီယိုတွေ များများထွက်ပေါ်လာခြင်း က ဂီတလော ကအတွက် အထောက်အကူ   ဖြစ်စေကြောင်း၊ ရန်ကုန်အနေနဲ့ ဆိုရင်လည်း စတူဒီယိုတွေက ရှိသင့်သလောက်ရှိနေပြီဖြစ်  ပြီး အဆိုတော်တွေအနေနဲ့လည်း သူ့အသိုင်း အဝိုင်းနဲ့သူ၊ သူ့နီးစပ်ရာနီးစပ်ရာ စတူဒီယို တွေမှာ အသံသွင်းဖို့ အဆင်ပြေကြကြောင်း ပြောပါတယ်။

လင်းအက္ခရာ ( VIA : Popular news journal )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s