စတူဒီယိုကြီးတွေ တဖြည်းဖြည်းလျော့လာ ပြီဖြစ်ကြောင်း Dream စတူဒီယိုမှ ကိုကြီးကျော်ပြော

Posted: September 19, 2011 in News
Tags: , , ,

စတူဒီယိုအသိုင်းအဝိုင်းမှာတော့ ကိုကြီးကျာ်ရဲ့ စတူဒီယိုကို မသိသူ မရှိသလောက်လို့ပဲ ပြောရမှာပါ။ ကိုကြီးကျော်ရဲ့ စတူဒီယိုဖွင့်ခဲ့တဲ့ သက်တမ်းကလည်း တော်တော် ကြာခဲ့ပါပြီ။ ကိုကြီးကျော် က သူ့ရဲ့စတူဒီယိုကိုတော့ တစ်နှစ်တစ်ခါ အမြဲတမ်း Update လုပ်လေ့ရှိပါတယ်။ အခုအချိန်မှာတော့ စရိတ်တွေကြီးလာတဲ့ အတွက်အရင်တုန်း ကလိုမျိုး စတူဒီယို A ,B, C ဆိုပြီး အခန်းတွေအများကြီးနဲ့ မလုပ်နိုင် တော့ပေမယ့်လည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြောင်း ကိုကြီးကျော်ကပြောပါ တယ်။ ကိုကြီးကျော်က သူရဲ့ စတူဒီယိုမှာ တော့ လူငယ်တွေ အဓိကလာသွင်းကြ တာများပြီး၊ ဟစ်ဟော့ပ်၊ R & B ၊ Dance Music တို့ကို သွင်းပေးရတာများကြောင်းသိရပါ တယ်။ ရော့ခ်ကတော့အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်နေဆဲပဲဖြစ် သလို၊ လူငယ်တွေကတော့ Current ဖြစ်နေ တဲ့ မြူးဇစ်ကိုပဲ နှစ်သက်ကြတာ များကြောင်း၊ ရန်ကုန်မှာက Home စတူဒီယိုလေးတွေက များလာတဲ့အတွက် အားလုံးခြုံပြီး စတူဒီယို တွေ တော်တော်များလာတယ်လို့ပဲ ပြောရ မှာဖြစ်ကြောင်း၊ သို့ပေမယ့်လည်းတကယ်ျွကည နိုင်တဲ့ စတူဒီယိုတွေကတော့ တဖြည်း ဖြည်းနဲ့ လျော့လျော့လာပြီဖြစ်ကြောင်း၊ ကိုယ့် အိမ်မှာ Home စတူဒီယိုလေးလုပ်ထားတော့ လည်း ကိုယ့်သီချင်းကို ကိုယ့်အိမ်မှာပဲမြန်မြန် ပြီးအောင်လုပ်လို့ရကြောင်းကိုကြီးကျော်က ပြောပါတယ်။ ရန်ကုန်စတူဒီယို ဈေးကွက်နဲ့ မန္တလေးစတူဒီယို ဈေးကွက်အကြောင်းကို လည်း ကိုကြီးကျော်က ”စတူဒီယိုနဲ့ပတ်သက် ပြီး မန္တလေးကလည်း ဈေးကွက်နည်းနည်း သေနေလို့ ရန်ကုန်မှာလို အများကြီးစတူဒီယို မထောင်သေးတာပါ။ ဒါပေမဲ့သူတို့လည်း သူတို့ ဈေးကွက် အနေအထားနဲ့ စတူဒီယို တွေရှိ ကြပါတယ်”လို့ သူရဲ့အမြင်ကိုပြောပြပါတယ်။

လင်းအက္ခရာ

VIA: Popular news journal


														

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s