အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလတွင်း ကျင်းပမည်

Posted: September 19, 2011 in Uncategorized
Tags: ,

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့ရှိ ကမ္ဘာ့ ဥာဏပစ္စည်း ကာကွယ်မှု ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီ WIPO ဌာနချုပ်တို့ ပူးပေါင်းပြီး လာမယ့် အောက်တိုဘာ အတွင်း အနုပညာ မူပိုင်ခွင့်ဆိုင်ရာ  အလုပ်ရုံဆွေးနွေး ပွဲတစ်ခုကို ကျင်းပပြုလုပ် သွားမယ်လို့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ (၆)ရက်နေ့နဲ့ (၇)ရက်နေ့ တို့မှာ နှစ်ရက်တိုင် ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါသည်။
အဆိုပါ ဆွေးနွေးပွဲမှာ အနုပညာ မူပိုင်ခွင့်နဲ့ ဆက်နွယ်တဲ့ အခွင့်အရေးများကို အကာအကွယ် ပေးခြင်းနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူ ပြုမှုဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးသွားမယ်လို့ သိရပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်ပမှမူပိုင်ခွင့် ဥပဒေ ပညာရှင်(၃)ဦးက စာတမ်း(၇)စောင်နဲ့ ပြည်တွင်းမှ စာတမ်းရှင်များက စာတမ်း (၂)စောင် ဖတ်ကြားတင်သွင်း သွားမယ်လို့ သိရပါသည်။ အနုပညာ မူပိုင်ခွင့်အတွင်းမှာ ဓါတ်ပုံဆိုင်ရာ မူပိုင်ခွင့် ၊ စာပေဆိုင်ရာ မူပိုင်ခွင့် ၊ ပန်းချီဆိုင်ရာ မူပိုင်ခွင့် အစရှိတဲ့ မူပိုင်ခွင့်များစွာ ပါဝင်ပါသည်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေနဲ့ မူပိုင်ခွင့် ကာကွယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာများ အကြောင်းကို အသိအမြင်များ ဖလှယ်ကြမယ်လို့ သိရပါသည်။ ဒါ့အပြင် အာရှတိုက်အတွင်းရှိ နိုင်ငံများရဲ့ မူပိုင်ခွင့် ကာကွယ်စောင့်ရှောက် ရေးနဲ့ ပြဿနာတွေကိုလည်း တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါသည်။ အဆိုပါ အနုပညာဆိုင်ရာ မူပိုင်ခွင့်များ အလုပ်ရုံ ဆွေးနွေးပွဲကို WIPO နဲ့ ပူးပေါင်းပြီး (၂၀၀၅)ခုနှစ်မှ (၂၀၀၈)ခုနှစ်အတွင်း လေးကြိမ် ကျင်းပခဲ့ပြီး ယခုကျင်းပမယ့် ဆွေးနွေးပွဲဟာ ငါးကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်တယ်လို့ သတင်းရရှိပါသည်။

VIA:MRTV4 news

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s