မြန်မာသီချင်းများကို MP3 Format ဖြင့် ကူးယူပေးသူများအား တရားစွဲမည်ဟုဆို

Posted: September 25, 2011 in News
Tags:

Monday, 12 September 2011

မြန်မာသီချင်းများကို MP3 Format ဖြင့် တယ်လီဖုန်းဟန်းဆက်များ၊ အမ်ပီသရီး၊ အမ်ပီဖိုးကဲ့သို့ ဒစ်ဂျစ်တယ် ပစ္စည်းများအတွင်းသို့ ကူးယူပေးသူ များအားမြန်မာနိုင်ငံဂီတအစည်းအရုံးက တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ဟန်းဆက်များ၊ အမ်ပီသရီး၊ အမ်ပီဖိုးနှင့်     ဒစ်ဂျစ်တယ်ပစ္စည်းများ ရောင်းချသူများအနေဖြင့် လုပ်ငန်းအတွင်း တရားမဝင်ကူးယူရောင်းချနေခြင်း ရှိပါက လိုအပ်သလို စိစစ်ဆောင်ရွက်ပေးပါရန် အသိပေးမေတ္တာရပ်ခံသောကြေညာချက်ကို သြဂုတ်လ ၂၅ ရက်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

‘အချို့သော လုပ်ငန်းများသည် မြန်မာနိုင်ငံဂီတအစည်းအရုံးဝင် အနုပညာရှင်အတတ်ပညာရှင်နှင့် ထုတ်လုပ်သူတို့ ပိုင်ဆိုင်သော တေးသီချင်းများကို မိမိပိုင်ပစ္စည်းကဲ့သို့ သဘောထား၍ MP3 Format ဖြင့် ပရိုမိုးရှင်းအဖြစ် အခမဲ့ကူးယူပေးခြင်း၊ အခကြေးငွေဖြင့် ကူးယူပေးခြင်းတို့ကို သတင်းစာ၊ ဂျာနယ် တို့တွင်ပါ ကြော်ငြာ၍ ပြောင်ပြောင်တင်းတင်း ဆောင်ရွက်နေကြကြောင်း တွေ့ရှိရပါသည်။ ထိုသို့ ကူးယူပေးနေခြင်းကြောင့် မူပိုင်ခွင့်ရှိသော အနုပညာရှင်၊ အတတ်ပညာရှင်နှင့် ထုတ်လုပ်သူများအနေဖြင့် များစွာထိခိုက်နစ်နာသကဲ့သို့ တည်ဆဲမူပိုင်ဥပဒေများကို ချိုးဖောက်ရာ ရောက်နေပါသဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း’ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီကြေညာချက်တွေကို အခုရန်ကုန်မြို့တွင်းက ဖုန်းဆိုင်တွေကို ပို့ပေးထားပါတယ်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဟာ အဖွဲ့ဝင် အနုပညာရှင်တွေ ပိုင်ဆိုင်တဲ့ တေးသီချင်းတွေနဲ့ ပတ်သက်ပြီး ရပိုင်ခွင့်တွေ တောင်းခံခြင်း၊ အလွဲအသုံးပြုမှုတွေကို ကာကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ် ပါတယ်။ အခုဒီကြေညာချက်ကို ထုတ်ပြန်ရတာကလည်း လမ်းဘေးမှာ ခိုးကူးခွေတွေ ရောင်းမှ ခိုးကူးတာမဟုတ်ဘူး။ ဒီလိုသီချင်းတွေကို ကိုယ့်သဘော နဲ့ကိုသွင်းပေးတာကလည်း ခိုးကူးသဘောပါပဲ။ ခုနောက်ပိုင်း ဒါကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားပါမယ်”ဟု ထိုအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူတို့ကိုယ်တိုင်ကျတော့ နိုင်ငံခြားသီချင်းတွေကို ကော်ပီချည်းပဲဆိုပြီး အဲဒီကော်ပီသီချင်း ကူးနားထောင်တဲ့သူတွေကျတော့ ခိုးကူးနားထောင်တယ် ပြောတာသိပ်မဟုတ်ဘူးထင်တယ်” ဟု သီချင်းစုံနားထောင်သူတစ်ဦးက သူ၏အမြင်ကို ပြောသည်။

Ref : 7 Day News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s