အက်ဖ်အမ်သီချင်းသုံးစွဲခ တိုးမြှင့်သွားရန် ဂီတအစည်းအရုံး ညှိနှိုင်းဆောင်ရွက်နေ

Posted: October 3, 2011 in News

အက်ဖ်အမ် ရေဒီယိုများတွင် သီချင်း တစ်ပုဒ်သုံးစွဲခကို လက်ရှိ ကောက်ခံနေ တဲ့ ကျပ် ၄၀၀ မှတိုးမြှင့်သွားရန်နဲ့သက်တမ်းတိုး စာချုပ်ကို စက်တင်ဘာ လထဲတွင် ပြုလုပ်သွားနိုင်ရန် အက်ဖ်အမ် ရေဒီယိုမှတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ မြန်မာနိုင်ငံဂီတ အစည်းအရုံး မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လက်ရှိ ထုတ်လွှင့်နေတဲ့ အက်ဖ်အမ်ရေဒီယိုလိုင်း ခုနစ်လိုင်းရှိပြီး သီချင်းတွေကို ဂီတအစည်းအရုံးနဲ့ နှစ်စဉ်စာချုပ်ချုပ် သုံးစွဲ လေ့ရှိရာ သီချင်းတစ်ပုဒ်သုံးစွဲခ ကျပ် ၄၀၀ နဲ့ချုပ်ဆိုထားတဲ့  တစ်နှစ်စာချုပ်မှာ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၁ ရက်နေ့က ပြီးဆုံးသွား ပြီဖြစ်ပါတယ်။

“စာချုပ်တစ်နှစ်ပြည့်သွားတဲ့အချိန်မှာ တစ်နှစ်လုံး လုပ်ခဲ့တာတွေကို ပြန် ကြည့်ပြီးတော့ အနုပညာရှင်တွေရဲ့ခံစား ခွင့်တွေကိုရော၊ သုံးစွဲတဲ့လူတွေဘက်က အခက်အခဲတွေကိုပါ ကြည့်ပြီးတော့ နှုန်းထား လေးကို တင်လိုက်တာပါ။ ခန့်မှန်းခြေပြောရရင်တော့ ကျပ် ၈၀၀ လောက်တော့ဖြစ်မယ်ထင်တယ်” လို့ မြန်မာနိုင်ငံဂီတ အစည်း အရုံး(ဗဟို)မှာ အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဦးကိုကိုလွင်က ပြောပါတယ်။

ညှိနှိုင်းနေဆဲကာလအတွင်း ဂီတ အစည်းအရုံးအနေနဲ့ အက်ဖ်အမ်တွေကို သီချင်းကြိုတင်ထုတ်လွှင့်ခွင့်ပေးထားပြီး စာချုပ်ချုပ်ပြီးတဲ့ အခါ သတ်မှတ်ထား တဲ့ဈေးနှုန်းနဲ့ ပြန်ပေးချေရမှာဖြစ်ပါတယ်။သီချင်းအသုံးပြုခသီချင်းတစ်ပုဒ်ကိုတစ်နေ့တစ်ကြိမ်လွှင့်ပါကတစ်ကြိမ်သုံးစွဲခပေးရမှာ ဖြစ်ပြီး နှစ်ကြိမ်လွှင့်တယ် ဆိုရင်တော့ နှစ်ခါပေးဆောင်ရမှာ ဖြစ်ပါတယ်။ တစ်မိနစ်အောက် ကြော်ငြာသဘော အဖြစ် ထုတ်လွှင့်တာ ဆိုရင်တော့ အခမဲ့ အသုံးပြုနိုင်ပါတယ်။

“သီချင်းသုံးစွဲခ ပေးဆောင်ရာမှာ နာမည်ကြီးတဲ့ ပိုပေးရမယ်။ တက်သစ်စ အဆိုတော်ဆို နည်းနည်းပဲ ပေးရမယ်လို့မရှိပါဘူး။ အပြင်မှာ သီချင်းခွေတွေ ဈေးနှုန်းတူ သလိုပေါ့။ နာမည်ကြီးတဲ့ အဆိုတော်ရဲ့ အခွေက ၁,၈၀၀ ဆို အခုမှအသစ်ထွက်တဲ့ အဆိုတော်ရဲ့ အခွေ ကလည်း ၁,၈၀၀ ပဲ။ ဒါပေမယ့် နာမည်ကြီးတဲ့လူရဲ့ အခွေ က သိပ်မအောင် မြင်သေးတဲ့အဆိုတော်က နည်း နည်းပဲ ရောင်းရမယ်။ အဲဒါပဲ ကွာပါတယ်”လို့ ဦးကိုကိုလွင်က ပြောပါတယ်။ကောက်ခံရရှိတဲ့ သီချင်းသုံးစွဲခကိုလည်း လတ်တလောမှာ   အလွှာငါးလွှာခွဲဝေပေးပြီး နောက်ပိုင်းမှာ အပြောင်းအလဲ ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

အက်ဖ်အမ်လိုင်းတွေကတော့ သီချင်း အသုံးပြုခတွေ တိုးမြှင့်လိုက်ပါက သုံးစွဲတဲ့ သီချင်းအရေအတွက် လျော့ကျသွား နိုင်တယ်လို့ ဆိုကြပါတယ်။ “သီချင်းလွှင့်ခတွေတိုးမြှင့်လိုက်တဲ့ အတွက် အက်ဖ်အမ်တွေဘက်က သီချင်း အပုဒ်ရေလွှင့်တာ နည်းသွားနိုင်ပါတယ်။ နောက်ပြီး အဆိုတော်သစ်တွေ အတွက်လည်းအခွင့်အလမ်းတွေ လျော့နည်းသွားနိုင်ပါတယ်။ အက်ဖ်အမ်နဲ့သီချင်းတွေက ခွဲလို့ မရဘူးလေ။ ဘတ်ဂျက်ကို ကြည့်ပြီး လုပ်ရတဲ့ စီးပွားရေးဖြစ်တဲ့ အတွက်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ အဆင်ပြေ သွားမှာပါ“လို့ စီးတီးအက်ဖ်အမ်မှ အစီအစဉ်ရေးဆွဲသူ ကိုဇေယျာလင်းက ပြောပါတယ်။

ချယ်ရီအက်ဖ်အမ်မှ အထွေထွေ မန်နေဂျာ ကိုသန်းထွေးဇော်ကလည်း “ကျွန်တော်တို့ ချယ်ရီအက်ဖ်အမ်က သီချင်းတော်တော်များများ သုံးပါတယ်။ ဒါကြောင့် တစ်လကို၁၈ သိန်းနဲ့ သိန်း၂၀ ကြားမှာ ပေးသွင်းရတယ်။ ကျွန်တော်တို့ အနေနဲ့ လောလောဆယ်မှာ တိုးမြှင့် လိုက်တဲ့ သီချင်းသုံးစွဲခကို ပေးသွင်းနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် ညှိနှိုင်းဆဲပါပဲ“လို့ ဆိုပါတယ်။ “တစ်ခုခုနဲ့အားလုံးတော့ အဆင်ပြေ သွားမှာပါ။ ကျွန်တော်တို့ဘက်ကလည်း     အနုပညာရှင်တွေ၊ တေးရေး၊ တေးဆို၊ တီးဝိုင်း၊ ထုတ်လုပ်သူတွေကိုလည်း ပေးသင့်ပေးထိုက်တယ်ဆိုတာလည်း သိတယ်“လို့လည်း ဆိုပါတယ်။

သဲသဲထွေး
အတွဲ ၂၇ ၊ အမှတ် ၅၃၅ ( ၁၆-၂၂ ၊ ၉ ၊ ၂၀၁၁)

VIA:Myanmar Times

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s