မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးကလေးများအား လှူဒါန်းရန် ရည်ရွယ်သည့် ကလေးသီချင်းဆိုပြိုင်ပွဲနှင့် ပညာရေးပွဲ

Posted: October 7, 2011 in News
Tags: , , ,

Knowledge Villa မှ မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးကလေးများ အတွက် အကူအညီပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအသိပညာပေးအစီအစဉ်များ၊ ကျောင်းသင်ခန်းစာ အထောက်အကူပြု ပညာရေးသင်တန်းများ၌ ကူညီနိုင်ရန် မိမိတို့၏ သားသား မီးမီးများ အားလပ်ရက်တွင် ဗဟုသုတတိုး၊ ကုသိုလ်တိုးရင်း Knowledge Villa ၏ Kids Singing Concert and Education Open House ရန်ပုံငွေပွဲကြီးတွင် ပါဝင်ဆင်နွှဲကြနိုင်ရအောင် . . .

ပါဝင်မည့်အစီအစဉ်များ

(၁) မိဘများ သိကောင်းစရာ ပညာရေးဆိုင်ရာ ဟောပြောပွဲ

• စာရေးဆရာ မောင်ဝံသ

• စာရေးဆရာ မောင်ဝံသ

(၂) ကလေးသီချင်းဆိုပြိုင်ပွဲ

(၃) အနုပညာရှင်များစွာနှင့် အတူ ပါဝင်ဆင်နွှဲနိုင်မည့် ဖျော်ဖြေရေးအစီအစဉ်များ

(၄) မျက်နှာပန်းချီရေးဆွဲခြင်း

(၅) ရုပ်ပြောင်ပုံတူရေးဆွဲခြင်း

(၆) စာအုပ်များ ရောင်းချခြင်း

(၇) ချစ်သုဝေ၊ ချမ်းချမ်း၊ ရန်ရန်ချန်း၊ အနဂ္ဂ၊ ဇေယျာသော်၊ ဖြိုးငွေစိုး စသည့် အနုပညာရှင်ပေါင်းများစွာဖြင့် ဓာတ်ပုံတွဲရိုက်ခြင်း

(၈) အမျိုးသမီးများမှ ပြုလုပ်သည့် ရိုးရာပစ္စည်းများ ဝယ်ယူနိုင်ခြင်း

(၉) စားသောက်ဖွယ်ရာများ ဝယ်ယူအားပေးနိုင်ခြင်း

အထက်ပါ Activities ပေါင်းများစွာတွင် ပါဝင်ဆင်နွှဲ ကုသိုလ်ယူရင်း မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းများရှိ မိမိတို့၏ ထောက်ပံ့လှူဒါန်းမှုများအား လေ့လာကြည့်ရှု နိုင်ပါသည်။

ရန်ပုံအလှူငွေမျးအား လှူဒါန်း မည့်နေရာများ

ဤပွဲမှ ရလာသမျှ အလှူငွေများနှင့် ရောင်းချရသော ပစ္စည်းများမှ အမြတ်ငွေအားလုံးအား Knowledge Villa မှ ကူညီပေးနေသည့် အောက်ပါ ကျောင်းနှစ်ကျောင်းတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။

(၁) မြသိင်္ဂီသီလရှင်သင်ပညာရေးကျောင်း

– သင်္ဃန်းကျွန်းကြီးကျေးရွာ ပုလဲမြို့သစ်၊ မင်္ဂလာဒုံ မြို့နယ် တွင် တည်ရှိပြီး ကျောင်းအုပ် ဆရာကြီး ဒေါ်သီလဝတီမှ တည်ထောင်ထားပါ သည်။

– ၂၀၀၂ ခုနှစ်မှာ အစိုးရအသိအမှတ်ပြုကျောင်း အဖြစ် အသိအမှတ်ပြုခံရပါသည်။သူငယ်တန်းမှ ကိုးတန်းထိ ဆင်းရဲနွမ်းပါး ကျောင်းသားပေါင်း (၇၀၀) ကျော် ကို ပညာသင်ကြား ပေးလျက်ရှိပြီး မိဘမဲ့ နဲ့ ဆရာမ (၁၀၀) နီးပါးခန့် လက်ရှိ ကျောင်းမှာ နေထိုင်လျက်ရှိပါသည်။

(၂) ရတနာပုံရိပ်ငြိမ်

– ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဆင်းရဲနွမ်းပါး၊ မိဘမဲ့ကလေးများ (ကျောင်း) သည် ကျိုက္ကဆံ သင်္ဃန်းကျွန်း မြို့နယ်၊ သုမင်္ဂလာလမ်း နှင့် ရတနာလမ်းထောင့် တွင် တည်ရှိပြီး ကျောင်းအုပ် ဆရာတော်ဦးမာဃိန္ဒ ၁.၁၀.၁၉၉၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။

– ၂၀၁၀-၂၀၁၁ ပညာသင်နှစ် တွင်တိုင်းရင်းသားကျောင်းသားပေါင်း (၇၅) ယောက် အားသူငယ်တန်းမှ ကိုးတန်းထိ ပညာသင်ကြား ပေးလျက် ကျောင်းမှာ နေထိုင်လျက်ရှိပါသည်။

နေ့ရက် : ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀၊ (တနင်္ဂနွေနေ့)

အချိန် : မနက် (၉) နာရီမှ ညနေ (၄း၃၀) နာရီ

နေရာ : အောင်မြေဘုံသာ၊ ကိုးမိုင်၊ ရှမ်းဘုန်းကြီးကျောင်း

နှီးဘုရား၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ကူပွန်တစ်စောင် (စားသောက်ဖွယ်ရာ၊ ကလေးသီချင်းဆိုပြိုင်ပွဲ လျှောက်လွှာ၊ ကံစမ်းခွင့်) ၃၀၀၀ ကျပ်

ရရိနိုင်မည့် နေရာများ- ၁၆၄ လမ်း၊အမှတ် ၈၆၊၂လွှာ၊ တာမွေမြို့ နယ်။ Personality Plus Fashion Shop (PP+), Taw Win Center.

3000 Kyats per Coupon (Food, Application form for Kid Singing Contest, Lucky draw)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s