Raphael Olivier’s article ” 14h 24 Jur ” on NMA magazine

Posted: October 20, 2011 in OBO Street Section
Tags: ,

လွန်ခဲ့တဲ့၂ နှစ်ဒီလိုအချိန်လောက်မှာပဲ ရောသမမွှေသားစိုးရဲ့ ဂျိတ်နဲ့ မြန်မာပြည်ကလူငယ်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို မှတ်တမ်းတင်ချင်တယ်
ဆိုတဲ့ ဘို၂ယောက်ဟာကျွန်တော်တို့ရဲ့ ဘူမိနက်သန် ကြည့်မြင်တိုင် အိုးဘို ကိုရောက်လာဖူးပါတယ် ။ ဒီဘဲနှစ်ပွေပုံစံကို ကြည့်ပြီး သိပ်အထင်
မကြီးမိခဲ့ပါဘူး ။ သာမန် အဖြူကောင်တွေအနေနဲ့ပဲ ကျွန်တော်တို့ ဆက်ဆံခဲ့ကြတယ် ။ ဒီဘဲ၂ယောက် နဲ့ကျွန်တော်တို့ YSA cru ၊ လှိုင်က
ဆရာကြီး Clown တို့တွေ့ဖြစ်ခဲ့ကြတယ် . . သူတို့ရိုက်သွားတဲ့ပုံတွေကို Facebook ပေါ်မှာတွေ့မှပဲ ဒီဘဲတွေ အာရှမှာ လာပြီးသူတို့ရှင်သန်နေ
ကြတာတွေ .. သူတို့ရဲ့ အနုပညာတွေကို တင်ဆက်ထားတဲ့ သူတို့ကိုယ်ပိုင်စာမျက်နှာတွေ မြင်မှပဲ ဂျွဒ်တယ်ဆိုတာ သိလာတယ် .. ကြိတ်လေးစားသွားမိခဲ့ပါတယ် . .အခုသူတို့ Tag လုပ်လို့ ကျွန်တော်တို့ပုံတွေကို စာမျက်နှာနဲ့ ဘာနဲ့ ကျကျနနလုပ်ထားတာတွေ့ရပါတယ်..
ဒီအတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ် Raphael .. ကျွန်တော်တို့ အိုးဘိုညီနောင် က ရန်ကုန်မြို့အစားကျေးဇူးတင်ရှိကြောင်းပြောလိုပါ
တယ် ခင်ဗျာ ။ ဒီဘဲတွေနဲ့ ပတ်သတ်ခဲ့ချိန်မှာ ကြုံခဲ့ရတဲ့ အလွဲကတော့..ရွှေဂုံတိုင်ဟိုတယ်မှာ လုပ်ခဲ့တဲ့ Underground Hiphop show ကို
လိုက်ခဲ့ဖို့ သူတို့ကို ကျွန်တော်တို့ ဖိတ်ခဲ့ပါတယ် .. သူတို့လဲစိတ်ဝင်စားပြီး ကင်မရာတွေ..ကျောပိုးအိတ်ကြီးတွေလွယ်ပြီး လက်နက်အစုံအလင်
နဲ့ မြန်မာ Underground show ကိုလိုက်လာကြတယ် .. ရွှေ့ဂုံတိုင်ကိုရောက်တော့ ရှိတဲ့ မြန်မာ Mc တွေ.. Street ပေါ်က Hiphop Headz တွေနဲ့ သူတို့ကို မိတ်ဆက်ပေးလို့ သူတို့လဲ နေရတာ အသားကျသွားတယ် .. ကျွန်တော်တို့ကောင်တွေလဲ အလုပ်ရှိနေသေးတော့ သူတို့
ကို အေးဆေးကဲဖို့ပြောပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြတာပေါ့ဗျာ.. ဒီဘဲတွေ နဲ့ မြန်မာနစ်ကာတွေနဲ့ beat boxx လုပ်ကြ Freestyle တွေရွတ်ကြနဲ့ ဒီ UG show ထဲမှာ သူတို့လိုက်စီးမျောနေကြတယ်ဗျ.. ပွဲပြီးလို့ပြန်မယ်လုပ်တဲ့အချိန်မှာ ကွိုင်ကစတက်တာပဲ .. ဒီဘဲတွေ လွယ်
လာတဲ့ ကျောပိုးအိတ်တွေ ဘယ်ကောင် မသွားမှန်းမသိတာပဲ .. တကယ့် Street ဆိုပြီး ဟာသလုပ်ရီမိခဲ့ကြပါသေးတယ် .. BiggY နဲ့ ဂျေကြီး
ပါမနေရပဲ ဟိုတယ်မန်နေဂျာတွေခေါ်.CCTV မှာပြန်ရှာနဲ့ တိုင်တွေပတ်သွားကြတယ်ဗျာ. ဟိုတယ်က တာဝန်ရှိတဲ့လူကြီးတွေ ကျေးဇူးနဲ့ နောက်နေ့မှာ မသွားတဲ့ ငနဲလေးတွေကို ဖမ်းမိခဲ့ပြီး ပါသွားတဲ့ ဖလင်တွေနဲ့ မှတ်တမ်းတွေတော့ ပြန်ရခဲ့ပါတယ် . . ဒီအဖြစ်အပျက်တွေက ဒီဘဲတွေအတွက် ခေါင်းစား သွားစေခဲ့မယ်ထင်ပါတယ် …  ရန်ကုန်မြို့ရဲ့ လက်ဆောင်အဖြစ် ဒီအဖြစ်အပျက်တွေ ပုံရိပ်တွေကို ပိုက်ပြီးပြန်လစ်သွားကြတာ အခုဆိုနှစ်ပေါက်နေပါပြီ။ နောက်တစ်ခေါက် အရောက်ပြန်လာမယ်လို့ သူတို့တွေပြောသွားပါသေးတယ် ..

ကျွန်တော်တို့ ရန်ကုန်မြို့ကတော့ အသားရောင် အဖြူအမဲ မခွဲခြားပဲ အားလုံးကို ကြိုဆိုနေဦးမှာပါ .. ဒီမှတ်တမ်းအတွက် ကျေးဇူးပဲဗျို့ !!!!!!!!

Raphael Olivier Facebook page : CLICK HERE

more info ..

Comments
  1. That is really great photo collection
    Cheer For OBO