မြန်မာ Hiphop သတင်းစု ( နိုဝင်ဘာ-၁ )

Posted: November 8, 2011 in Uncategorized
Tags: , ,

ဟစ်ဟော့ပ်ဂီတနဲ့ လူ့ဘောင်အဖွဲ့အစည်း အကြောင်း ဟောပြောဆွေးနွေးခဲ့တဲ့ အနဂ္ဂ

မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ် ဂီတကိုပျက်စီးရာ ပျက်စီး ကြောင်းလုပ်နေတဲ့သူတွေရှိတယ်။ စကားလုံးအကြောင်းအရာနိုင်ချင်တာကိုပဲစဉ်းစားနေတယ်။ ဟစ်ဟော့ပ်ဂီတစစ်စစ်ဟာAuthorityကို Againstအလုပ်ရဲတယ်။System တစ်ခုကို ချိုးဖောက် ပြောင်းလဲရဲတယ်။အဖိနှိပ်ခံဘ၀ ကနေ ဒီဟစ်ဟော့ပ်ဂီတရှေ့တန်း ကိုဘယ်လို ရောက်လာခဲ့တယ်ဆိုတာ နားလည်ထားရမယ်။ လူငယ်ဟစ်ဟော့ပ်ဂီတသမား အနဂ်္ဂကစက်တင်ဘာ ၁၆ရက် ညနေ ၅နာရီမှ ၇နာရီထိ ပြင်သစ်ယဉ်ကျေးမှုစင်တာ မှာ ပြုလုပ်ခဲ့တဲ့Hip Hop & Society ဂီတဆိုင်ရာဟောပြောပွဲမှာဆွေးနွေးတင်ပြသွားခဲ့ပါတယ်။ဟောပြောပွဲမှာ အနဂ်္ဂကဟစ်ဟော့ပ် တစ်လော ကလုံး လှုပ်ခတ်သွားစေ ခဲ့တဲ့ ‘ TheMessage’ သီချင်း အပါအ၀င် သီချင်း ၅ ပုဒ်ဖွင့်ပြခဲ့ပြီးနိုင်ငံတကာမှာ အဖိနှိပ်ခံဘ၀ကနေရှေ့တန်းရောက်လာခဲ့တဲ့ ဟစ်ဟော့ပ်ဂီတသမိုင်းအကြောင်း၊ ကမ်္ဘာ ကိုပျံ့နှံ့လာပုံ၊ မြန်မာမှာ ရေပန်းစားလာပုံ Hip Hop, Rapping, Graffiti အနုပညာတို့ ဆက်စပ်ယှက်နွှယ်ပုံ၊ဟစ်ဟော့ပ်ဂီတ စစ်စစ်ရဲ့ ဂုဏ် အင်္ဂါရပ် များ၊ကမ်္ဘာအနှံ့ ပျံ့နှံ့ နေတဲ့ လက်ရှိဟစ်ဟော့ပ်မျိုးကွဲသီချင်းပုံစံများစသည်ဖြင့် ကျယ်ပြန့်စွာ ဟောပြောခဲ့တဲ့အပြင် အဖိနှိပ်ခံလူတန်းစားအလွှာကို ကိုယ်စားပြုတဲ့ ဟစ်ဟော့ပ်သီချင်းပုံစံနဲ့ ပုဂ်္ဂလိက ဆန်ဆန် မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင်တဲ့သီချင်းပုံစံတွေရဲ့ကွာဟာချက်ကို ‘Fight the Powef’ နဲ့ ‘I get money’ သီချင်းဗီဒီယိုနှစ်ပုဒ် နှိုင်းယှဉ်ဖွင့် ပြပြီးသုံးသပ်တင်ပြသွားခဲ့ပါတယ်

ပရဟိတစိတ်ဓာတ်ကို အခြေခံပြီး နိုင်ငံရေးလုပ်သွားမယ့် ရသ

အမျိုးသားဒီမိုကရေစီပါတီသစ် အနေနဲ့ မရမ်းကုန်း မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ရသက”ဒီလိုမျိုးဝင်ရောက်ယှဉ်ပြိုင်လို့ အနု ပညာအလုပ်တွေ ရပ်တန့်သွားရင်လည်း ပြဿနာမရှိပါဘူး။ ဒီထက်တန်ဖိုးကြီးတဲ့ အလုပ်တစ်ခုကို လုပ်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ အနုပညာဆိုတာကလည်း အများအတွက်ခံစားလို့ရအောင်ကျွန်တော် တို့ဘက်ကကြိုးစားရတယ်။ နိုင်ငံရေးအလုပ်က စဉ်းစားကြည့်မယ်ဆိုရင် ပရဟိတပိုဆန်ပါတယ်။ အဲဒီပရဟိတစိတ်ဓာတ်နဲ့ပဲ လုပ်သွားမှာပါ။ ပထမစီစဉ်ထားတာက၂ဝ၁၅မှာကြိုတင်ပြင်ဆင်ပြီး ရွေးကောက်ပွဲဝင်မလို့ပဲ၊ အခု ပါတီလည်း ဖြစ်ပေါ်လာတယ်။ ကြားဖြတ်ဆိုတာက အစိုးရဖြစ်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လွတ် နေတဲ့နေရာကို ပြန်ယူရတာပါ။ လူအင်အားပိုင်းကလည်း တအားနည်းနေတယ်။ ဒါကြောင့်အရေးပေါ်ဝင်ပြိုင်ဖြစ်တာပါ” လို့ ပြောပါတယ်။ ရသရဲ့ နိုင်ငံရေးအပေါ်ထားရှိတဲ့ စိတ်ဓာတ်ကိုမေးကြည့်တော့”နိုင်ငံရေးစိတ်ဓာတ်ဆိုတာ တကယ်တမ်းက ပရဟိတစိတ်ဓာတ်ပါပဲ။ လူတိုင်း ဒီစိတ်ဓာတ်မျိုးမွေးယူနိုင်ကြ မှာပါ” လို့ပြောပါတယ်။
ထွဋ်မြတ်

သေချာတဲ့ အလုပ်တွေ လုပ်ဖြစ်နေတဲ့ ကြက်ဖ

အိမ်ထောင်ကျပြီး အနုပညာလှုပ်ရှားမှု အနေနဲ့ အနည်းငယ် ငြိမ်သက်နေတဲ့ ကြက်ဖကို ezy productio က စီစဉ်တဲ့ သီတင်း ကျွတ်လပြည့်ည  မျှော်စင်ကျွန်း ရှိုးမှာ  ပြန် လည်တွေ့ခဲ့ပါတယ်။ ပွဲတွေမှာ သိပ်မတွေ့ ဖြစ်တဲ့ ကြက်ဖကို စင်ပေါ်တက်လာတာနဲ့ ပရိသတ်က တစ်ခဲနက်အားပေးခဲ့ကြတာကို လည်း မြင်ရပါတယ်။ ပရိသတ်မြင်ကွင်း မှာ သိပ်မတွေ့ဖြစ်တဲ့ ကြက်ဖတစ်ယောက် အနု ပညာတွေကို ကျိတ်လုပ်နေလားလို့ မေး တော့ ”ကျွန်တော်တို့ကတော့ ပွဲတွေလာခေါ် ရင်တော့ ဆိုဖို့အဆင်သင့်ပါပဲ။ ကြားထဲမှာ ကျွန်တော်က ဖုန်းနံပါတ်ပြောင်းသွားတော့ အဆက်အသွယ်တွေပြတ်သွားတာလည်းပါ တယ်။ အိမ်မှာတော့ အနုပညာနဲ့ပတ်သက် ပြီး ဘာမှသိပ်မလုပ်ဖြစ်ဘူး။ အိမ်မှာ ဂိမ်း ဆိုင်ဖွင့်ထားတယ်။ မိန်းမယူပြီးခါစဆိုတော့ သေချာတဲ့အလုပ်လေးတွေ လုပ်နေရ တယ်” လို့ ကြက်ဖက ပြောပါ တယ်။ ကြက်ဖရဲ့ အခွေက ပြီး သွားပြီဖြစ်လို့ ဆင်ဆာတင်ဖို့ အတွက် သီချင်းတွေရွေးနေ တယ် လို့ပြောပြီး အခွေမှာတော့ သူတစ်ယောက်တည်းဆိုထား တယ်လို့ ပြောပါ တယ်။  ကြက်ဖက အရင်တုန်းက သူတို့ရဲ့ 9mm အဖွဲ့လေးက သူငယ်ချင်းတွေ အမြဲလိုတွေ့ဖြစ်ပေမယ့် သီချင်းတွေပြန်လုပ်ဖို့ တော့ မစီစဉ်ဖြစ်ဘူးလို့ ပြောပါတယ်။ ကြက်ဖနဲ့ ရသတို့တွဲပြီး လုပ်ထားတဲ့ အခွေလေးကလည်း အကြောင်းအမျိုးမျိုး ကြောင့် ကြန့်ကြာနေပြီး မထွက်ဖြစ်သေးပေ မယ့်လည်း ပရိသတ်ကြားထဲကိုတော့ ရောက် အောင်ဖြန့်မှာပါလို့ ပြောပါတယ်။
Hip Hop  ရေစီးကြောင်းမှာ ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ ကြက်ဖကို ဒီဘက်ခေတ် ရဲ့Hip Hop လူငယ်တွေအပေါ် အမြင်ကို မေးကြည့်တော့ ”အခု အားလုံးကလည်း မျက်စိရော၊ နားရောပွင့်နေတဲ့အချိန် ဆိုတော့ ပိုပြီးအခွင့်အရေးများပါတယ်။ ဒါပေမဲ့ တစ်ခုပဲ။ လူများလာတဲ့အတွက် တိုးထွက်ရ တာ တအားခက်တယ်။ အဲဒီလိုပဲ မြင်ပါ တယ်”လို့ ပြောပါတယ်။ ကြက်ဖက အလုပ်ပြန်လုပ်ဖို့ တာစူနေပြီး သူ့ရဲ့အရှိန်အဟုန် ကောင်းကောင်းနဲ့ အနုပညာလုပ် ငန်းတွေကို မကြာခင်မြင်တွေ့ ရ တော့မှာပါလို့ သတင်းပေးခဲ့ပါ တယ်။
ရဲရဲ

ဟစ်ဟော့ပ်အကြောင်း စာအုပ်ထုတ်ဖို့ ပြင်ဆင်ရဦးမှာပါလို့ ဆိုလာတဲ့ အနဂ္ဂ

မကြာခင်လပိုင်းလောက်က ဟစ်ဟော့ပ်အကြောင်း ဟောပြောခဲ့တဲ့ အနဂ္ဂ က သူ့အနေနဲ့ ဟစ်ဟော့ပ်အကြောင်းကို စာရေးပြီးစာအုပ်အဖြစ်ထုတ်ဝေဖို့ တော့ အစီအစဉ် မရှိသေးပါဘူးလို့ပြောပါတယ်။ စာအုပ်တစ်အုပ်ဖြစ်ဖို့ အနေနဲ့ရော ကိုယ်ရေးတဲ့စာအုပ်ကို သူများတွေဖတ်တဲ့ အခါအချက်အလက် စုံလင်စွာဖြစ်ဖို့ အတွက်ပါ ပြင်ဆင် ရဦး မှာဖြစ်ကြောင်း အနဂ္ဂကပြောပါတယ်။ မြန်မာနိုင်ငံမှာဟစ် ဟော့ပ်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ရှိသင့်ပြီလို့ ထင်မိလားလို့ အနဂ္ဂကိုမေး ကြည့်တော့” ရှိသင့်ပြီလို့ထင်ပါ တယ်။ ဟစ်ဟော့ပ်ဒီကိုစရောက်လာတာ ကို စာမျက်နှာ ၁ဝ မျက် နှာ၊ ၁၅ မျက်နှာလောက်နဲ့ ပြောလိုက်ရင် အဆင်ပြေပါတယ်။ဒါပေမဲ့ဟစ်ဟော့ပ်ရဲ့ အဓိပ္ပာယ်၊ဟစ်ဟော့ပ် ကဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာတွေ၊ ဟစ်ဟော့ပ်နဲ့ပတ် သက်တာတွေကို အကုန်လုံးပြောရမယ်ဆိုရင် စာမျက်နှာ ၂ဝဝ စာလောက်ပြောမှပဲအဆင်ပြေမှာပါ။ ဒါတောင်တချို့အပိုင်း တွေလိုနေတာတွေရှိမယ်။ ဒါကြောင့်ကျွန်တော် ကိုယ်တိုင်စိစိ စစ်စစ်လုပ်ပြီးတော့မှပဲ စာအုပ်ထုတ်ဖို့စဉ်းစားမှာပါ။ ဟောပြောပွဲ အတွက် ဟစ်ဟော့ပ်အကြောင်းပြင်ဆင်ရင်းနဲ့ပိုသိ လာတာ တွေလည်းရှိပါတယ်”လို့ပြောပါတယ်။ အနဂ္ဂရဲ့တစ်ကိုယ်တော်အခွေကလည်း လုပ်နေတာ တစ်နှစ်လောက် ကြာသွား ပြီဖြစ်ပြီး မကြာခင်လပိုင်းအတွင်း မှာ ထွက်နိုင်အောင်ကြိုးစားနေပြီး အခွေရဲ့ခေါင်းစဉ်ကိုတော့ ‘လူတိုင်းသိတယ်’လို့နာမည်ပေးထားတယ်။’လူတိုင်းသိတယ်’ ဆိုတဲ့   ခေါင်းစဉ်သီချင်းကအချစ်သီချင်းလေးတစ်ပုဒ်ဖြစ်ပါ တယ်။”ဒီသီချင်းလေးကကျွန်တော်ဆိုပြချင်တဲ့ပုံစံ၊ကျွန်တော် သွားချင်တဲ့ပုံစံတစ်ခုကို ဆိုပြတာပါ။ နောက်ပိုင်း မှာလည်း ကျွန်တော်သွားချင်တဲ့ပုံစံတစ်ခုမှာ တခြားအကြောင်းအရာ တွေနဲ့ ရေးဖြစ်ဦးမှာပါ”လို့ အနဂ္ဂကပြောပါတယ်။   ‘လူတိုင်းသိတယ်’ ဆိုတဲ့သီချင်းကသူတို့ နှစ်ယောက် ရဲ့အကြောင်းအရာလေးတွေလည်း ပါမှာဖြစ်သလို၊ တချို့ အကြောင်းအရာတွေကလည်း သီချင်းခံစားချက်အပေါ်မှာ စီးမျောပြီးလိုက်ရေးထား တာတွေ လည်းပါပါတယ်လို့အနဂ္ဂက ပြောပါတယ်။
 လင်းအက္ခရာ

အက်ဆစ်အနေနဲ့ ပရဟိတပွဲတွေမှာပဲ ဆိုဖြစ်နေတယ် ရန်ရန်ချန်း

ရန်ရန်ချန်းရဲ့တူဖြစ်သူ ကိကိကအခုဆိုရင် တစ်ကိုယ်တော် အခွေထွက်ရှိလာပါပြီ။ ကိကိကို အနုပညာလောက ထဲရောက်အောင် ရန်ရန်ချန်းတို့က လမ်းပြပေးခဲ့တယ် ဆိုရင် လည်းမမှားပါဘူး။ ရန်ရန်ချန်း ကို ကိကိရဲ့ အခွေမှာ ပံ့ပိုးမှုအပိုင်းကိုမေးကြည့်တော့ ”အကြံပေးရုံ လောက်ပါပဲ။ သူကိုယ်တိုင်လည်းလုပ်နိုင်နေတာဆိုတော့ ဒီဟာ တစ်ခု လုံးကသူ့အစီအစဉ်တွေပဲ။ ကျွန်တော်တို့ ဘေးကဝိုင်းပြီးအနည်း အကျဉ်းပံ့ပိုးရုံပါပဲ။ ကျွန်တော်ကစတင်ခေါ်ဆောင်လာတယ်လို့ တော့မဟုတ်ပါဘူး။ သူ့နဂို ဗီဇ ပါတာလည်းပါတယ်။ကလေးကတည်း က သူတတွတ်တွတ်ရွတ်နေတာ။ ဒီအသိုင်းအဝိုင်းထဲမှာ ကြီးလာတာ လည်းပါတာပေါ့။ ဘယ်သူ့ကြောင့်ရယ် ဆိုတာထက် သူ့သွေး ပါတာ လည်းပါတာပေါ့” လို့ပြောပါတယ်။ ရန်ရန်ချန်းက လက်ရှိမှာတော့ ကိကိနဲ့ ဘန်နီဖြိုးတို့ရဲ့ အခွေတွေ မှာ ကူညီ သီဆိုပေးထားပြီး တခြားဆိုထားတဲ့ အခွေတွေ ကတော့ ထွက်မလာဖြစ်သေးတာလို့ပြောပါ တယ်။ရန်ရန်ချန်းက တစ်ကိုယ် တော်အနေနဲ့ အနုပညာအလုပ်တွေသိပ်မလှုပ်ရှားဖြစ်သေးဘဲ အက်ဆစ်အနေနဲ့ ဆိုဖြစ်တယ် လို့ပြောပါတယ်။  ”ကျွန်တော်တို့သုံးယောက်ပေါင်းပြီး ရန် ပုံငွေပွဲတို့ဘာတို့ပေါ့။ အခြားတစ်ယောက်ယောက်အကျိုးရှိတဲ့ ဟာမျိုးဆိုရင်ဆိုဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးယောက်ဆုံပြီး သီချင်းအသစ်တွေတော့ မလုပ်ဖြစ်ကြသေးပါဘူး။ ဒါပေမဲ့ အလှူအတွက်တော့ ရန်ပုံငွေပွဲ တွေတော့ဆိုဖြစ်ပါတယ်။ ကျွန်တော်တို့ အကျိုးအမြတ် အတွက်ရ မယ့်ပွဲမျိုးတွေပဲ မဆိုဖြစ်သေးတာပါ။ ခုတန်ဆောင်တိုင် တစ်ပွဲတော့ ပြောထားတယ်။ ဒါပေမဲ့ကျွန်တော် တို့သုံးယောက်လုံးမအားကြတာနဲ့ လက်မခံဖြစ်ခဲ့ဘူး” လို့ပြောပါတယ်။ရန်ရန်ချန်းက တခြားလုပ် စရာတွေရှိသေးလို့ ခဏငြိမ်နေပေမယ့် အနုပညာလောကနဲ့တော့   ဝေးသွားမှာမဟုတ်ပါဘူး လို့ပြောပြ ခဲ့ပါတယ်။
ရဲရဲ

ရွှေတံဆိပ်ကို အိမ်ဦးခန်းမှာ အမြဲချိတ်ထားမယ့် ရသ

၁၈ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး တီးပြိုင်ပွဲရဲ့ခေတ်အလိုက်ခေတ်အကြိုက် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရသကရွှေတံဆိပ် ဆုရယူနိုင်ခဲ့ပါတယ်။ သီချင်း ၈ပုဒ်ထဲက မဲနှိုက် ရွေးချယ်ခဲ့ရာဇော်ဝင်းထွဋ် သီဆိုခဲ့သော’မဟာ’ သီချင်းပေါက်တာကြောင့် ‘မဟာ’ သီချင်းနဲ့ပြိုင်ခဲ့တာပါ။ ၁၅ယောက်ပြိုင်တဲ့ထဲမှာ နံပါတ်စဉ် ၂နဲ့ပြိုင်ခဲ့ ပါတယ်။ နံပါတ်၂မှာဆိုရတဲ့စောင့်နေ ရတဲ့ရင်ခုန်မှုကို မခံစားရဘဲအေးအေးဆေး ဆေးပြိုင်ပွဲဝင်ခဲ့တယ် လိုပြောပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီးရသက  ”ဖျော်ဖြေပွဲနဲ့ မတူတာ ကပြိုင်ပွဲကျတော့နတ်လည်းကြီးတယ်။  ထိုင်ဆိုရတော့ ပေါင်ကြီးကားနေမလား လို့တွေးရတယ်။ မတ်တပ်ရပ်ဆိုရင် ပိုအဆင်ပြေမယ်ထင်တယ်။ ‘မဟာ’ သီချင်းမဲ ကျတော့ စိတ်ထဲမှာပျော် သွားတယ်။ ဘာလို့ဆိုတော့ အဲဒီမတိုင် ခင်ညက ရှင်အရဟံ စာအုပ်ကိုပြန်ဖတ် နေတာ။ ပုဂံနဲ့ပတ်သက်တဲ့ အကြောင်းတွေပေါ့။ ပုဂံမြို့ ဟောင်း ဘုရားတွေ၊ ဘာတွေပြန်လည် အောက်မေ့တာပေါ့။ ကျန်တဲ့သီချင်းတွေ ကျရင်တော့သိပ်မလွယ်ဘူး။ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲဝင်တွေအား လုံးကမြန်မာ အသံကို တကယ်  ကျေညှက်တဲ့သူတွေပဲ။အခု ကစတီရီယို ပုံစံပေါက်တဲ့’မဟာ’ သီချင်းကိုကျ တော့ပိုအဆင်ပြေသွားတယ်”လို့ပြောပါတယ်။ ဆို၊က၊ရေး၊တီးပြိုင်ပွဲကို ၂ နှစ်တစ်ခါ လုပ်သင့် တယ်လို့ မြင်မိတယ်ဆိုတဲ့ ရသက”၂ဆုကြေး တွေလည်း ထိုက်ထိုက်တန်တန် ပိုပြီးပေးလို့ ရမယ်။  ကျန်တဲ့ပြည် နယ်နဲ့တိုင်းတွေ အတွက် ပြင်ဆင်ချိန်တွေ လည်း ပိုရမယ်။ ရန်ကုန် မှာကတော့ အကုန်လုံးအမြဲထိတွေ့ ဖြစ်နေ တော့ရတဲ့အချိန်နဲ့ ဖြစ်အောင်လုပ်နိုင်တယ်။ နယ်ကလူတွေကျတော့သိပ်အဆင် မပြေဘူး။ တချို့ဆို   နေပြည်တော် Camp စရောက်မှ ကီးဘုတ်နဲ့သီချင်းတိုက်တဲ့ သူတွေတောင် ရှိတယ်။ ရန်ကုန်နဲ့တော့နည်းနည်း ကွာတယ်” လို့ပြောပါတယ်။ ရသ ကရရှိတဲ့ ရွှေတံဆိပ် ဆုကို  အိမ်ဦးခန်း မှာ အမြဲချိတ်ထားမယ် ဖြစ်ကြောင်း ဆို၊ က၊ရေး၊ တီးနဲ့ ပတ်သက်ပြီးတော့လည်း တတ်နိုင်သလောက် ကူညီသွားမှာဖြစ်ကြောင်း   နောက်ထပ် တော့ ဝင်ပြိုင်ဖြစ်တော့မှာ မဟုတ်ဘဲနောက် လူတွေကိုလက် ဆင့်ကမ်းဖို့ပဲလုပ် တော့မှာဖြစ် ကြောင်းရသ ကပြောပါတယ်။
ရဲရဲ

စတူဒီယို ဖွင့်ဖို့ စီစဉ်နေတဲ့ ကျော်ထွဋ်ဆွေ

သီချင်းတစ်ပုဒ်ကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုမှ စိတ်တိုင်းကျ လေ့ရှိတဲ့သူက ကျော်ထွဋ်ဆွေပါ။ ကျော်ထွဋ်ဆွေရဲ့ သီချင်းတော်တော် များများက သူကိုယ်တိုင် တီးထားတာ များပါတယ်။ ကိုယ်တိုင် တီးနိုင်အောင်လည်း အိမ်မှာ စတူဒီယိုလေး လုပ်ထားပါတယ်။ အိမ်မှာ စတူဒီယိုလေး လုပ်ထား ဖြစ်ပေမယ့်လည်း ကိုယ့်ရဲ့ သီချင်းတွေကို တီးဖြစ်တာများပြီး သူများ သီချင်းတွေကိုတော့ မတီးပေး ဖြစ်သေးကြောင်း ကျော်ထွဋ်ဆွေက ပြောပါတယ်။ မကြာခင် ထွက်တော့မယ့် တစ်ကိုယ်တော် အခွေထဲက သီချင်း ၃ ပုဒ် လောက် က သူ့ရဲ့ Home စတူဒီယိုမှာပဲ တီးထားတာ ဖြစ်ပါတယ်။ အတီးပိုင်းနဲ့ ပတ်သက်ပြီး ကျော်ထွဋ်ဆွေ ရဲ့ လက်ဦး ဆရာ တွေကတော့ ရသနဲ့ လင်းပင်ဟိန်းပဲ ဖြစ်ပြီး မြူးဇစ် အခြေခံနဲ့ ပတ်သက်ပြီး လည်း S.A.E တက် ဖြစ်ခဲ့ပါသေးတယ်။ ဆက်လက်ပြီးလည်း ကိုယ့်ရဲ့ နီးစပ်ရာ အတီး သမားတွေ ဆီမှာ လေ့လာနေပါတယ်လို့ ဆိုပါတယ်။ ရက်ပါတစ်ယောက် အနေနဲ့ အတီးပိုင်းကို ဘယ်လောက်အထိ လေ့လာထားဖို့ လိုမလဲလို့ ကျော်ထွဋ်ဆွေ ကိုမေးတော့ ”တော်တော် လိုပါတယ်။ ရက်ပါ တစ်ယောက် က တီးလုံးပေါ်မှာ သီချင်းလိုက် ဆိုရတယ်။ နောက် Beat ပေါ်မှာ လိုက်ရေးရတာ ဆိုတော့ အတီးပိုင်းမှာ ဘာမှမသိရင် ရက်ပ် သီချင်းဆိုဖို့က မဖြစ်နိုင်ဘူး။ အကုန်လွဲကုန် လိမ့်မယ်။ အခြေခံလောက်တော့ သိထားသင့်ပါတယ်။ ကျွန်တော် အခုနောက်ပိုင်းမှာ စတူဒီယို ဖွင့်ဖို့ အထိ စဉ်းစားထားတယ်။ အခု လောလောဆယ်တော့ ပိုက်ဆံ စုနေတယ်။ အခုလုပ်ထားတဲ့  Home စတူဒီယို ထပ်ချဲ့မယ်။ စက်ပစ္စည်းတွေ ထပ်ဝယ်ရဦးမယ်။ အခုလည်း တချို့ ရက်ပါတွေက ကျွန်တော့် ကို တီးပေးဖို့ လာပြောကြတယ်။ ဒါပေမဲ့ မတီးပေး ဖြစ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တီးတဲ့အပိုင်းမှာ ကျွန်တော် ကိုယ့် ကိုယ်ကိုယ် စိတ်တိုင်း မကျသေးလို့ပါ။ ကိုယ့်ဘာသာ ကိုယ်တောင် စိတ်တိုင်းမကျတာ သူများကို ပိုက်ဆံယူပြီး တီးပေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ပိုက်ဆံယူပြီး မတန်မှာ စိုးလို့ပါ။ သီချင်း ရေးတာတော့ ရေးပေးတယ်။ တီးတာတစ်ခုပဲ မတီးပေး ဖြစ်သေးတာပါ”လို့ ပြောပါတယ်။ ကျော်ထွဋ်ဆွေရဲ့ တစ်ကိုယ်တော် အခွေလည်း မကြာခင်မှာ ထွက်လာတော့မှာ ဖြစ်ပါတယ်။

လင်းအက္ခရာ

VIA: Popularnews journal ( Enetertaiment )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s