R.I.P Heavy D ( May 24, 1967 – November 8, 2011 )

Posted: November 9, 2011 in Legend, News
Tags: , , , , ,

Legendary MC တစ်ယောက်ဖြစ်တဲ့ HEAVY D (Dwight Arrington Myers ) ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ လည်ချောင်းနဲ့ပတ်သတ်တဲ့ရောဂါကြောင့် ကွယ်လွန်သွားကြောင်း TMZ သတင်းမှ ထုတ်ပြန်ခဲ့ပါတယ် ။ သူဟာ ကွယ်လွန်ခါနီးအချိန်ထိ သာမန်လူကဲ့သို့သွားလာလှုပ်ရှားဆဲလို့သိရပြီး အပြင်မှ အပြန် သူ့ရဲ့အိမ်ရှေ့အရောက်မှာ အသက်ရှုကြပ်ကာ ရောဂါဖောက်ပြန်လာပြီး အရေးပေါ်ဆေးရုံသို့ရောက်ရှိပြီး အချိန်ပိုင်းအတွင်းမှာတင် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ် ။

ရဲဋ္ဌာနမှ တာဝန်ရှိသူများကတော့ သေဆုံးမှုအတွက် တိကျတဲ့အဖြေကို ထုတ်ပြန်နိုင်အောင် စုံစမ်းနေဆဲလို့ဆိုပါတယ် ။

HEAVY – D ဟာ ၉၀ ခုနှစ်များရဲ့ ဘုရင်တစ်ပါးအဖြစ်အားလုံးက သတ်မှတ်ခဲ့ကြသလို . . သူ့ရဲ့ ညက်ညောတဲ့ဆိုဟန် ၊ ပွင့်လင်းတဲ့ရွတ်ဆိုပုံတွေဟာHiphop ဂီတကို နောက်ထပ်အဆင့် တစ်ခုကိုရောက်ရှိအောင်မြှင့်တင်ပေးနိုင်ခဲ့ပါတယ် ။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်သာရှိပါသေးတယ် ။ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ စင်မြင့်ပေါ်မှာ မတွေ့ရတာအတော်ကြာပြီ ဖြစ်တဲ့ Heavy D ဟာ မိုက်ကယ်ဂျက်ဆင်အတွက်အောက်မေ့ပွဲကျင်းပရာမှာသူ့ရဲ့ညီမ Latoya Jackson နှင့်အတူ မိုက်ကယ်ရဲ့သီချင်း “JAM” ကို ဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ် ။

သူရဲ့သူငယ်ချင်းလဲဖြစ် Heavy D & Boyz အဖွဲ့ဝင်တစ်ဦးလဲဖြစ်တဲ့ Eddie F က သူ့ရဲ့ငယ်သူငယ်ချင်းကြီးအတွက်အခုလိုဝမ်းနည်းအောက်မေ့စကားကိုဆိုပါတယ် ။

“We were only young kids out of high school when we got into the game just wanting to make fun music filled with love and excitement.We always had so much fun as a group. I cherish all the happy times we had together while unknowingly helping to

build the movement and legacy we call Uptown Records” … adding, “I love you Hev and we all will miss you so much.”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s